top of page
Search

တပ်ချုပ်တွေမိန်းမများတာ တိုင်းပြည်အတွက်ကောင်းလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 17, 2023
  • 1 min read

ဒီကိစ္စကိုပြောရင် လူဆိုတာ အချစ်ပေါ်မူတည်ပြီး မိန်းမယူတာဘာညာ ပြောလိုသူများရှိပါလိမ့်မယ်။ ဒီနေရာမှာနိုင်ငံရေးသမား မိန်းမများတာနဲ့ ပြည်သူ့ဝန်ထမ်း/တပ်ချုပ် မိန်းမများတာ ဘာကွာသလဲ သူတို့တွေက တိုင်းပြည်အတွက်ဘယ်လိုဖြစ်စေလဲဆိုတာ သမိုင်းကိုမူတည်ပြီး လေ့လာကြည့်ရအောင်။

လူမှာ အရပ်သားနိုင်ငံရေးသမားတွေ မိန်းမများတာ မိန်းမရှုတ်တာရှိကြပါတယ်။ ဥပမာ အမေရိကန်က ကနေဒီကထင်ရှားသလို ထရမ့်ဟာလဲ လောလောလတ်လတ်ဥပမာပါ။ အင်္ဂလန်က ဘောရစ်ဂျွန်ဆင်ဟာလဲ နောက်ဥပမာပါ။သူတို့ဟာ ရွေးကောက်ခံတွေပါ။ ထရမ့်ရော ဂျွန်ဆန်ပါ မိန်းမရှုတ်ပါတယ်။ သူတို့ရှုတ်တာလဲ ပြည်သူတွေကသိပြီးရွေးကောက်ပွဲမှာ ကြိုက်မကြိုက်ဆုံးဖြတ်ကြပါတယ်။ သူတို့က ရွေးကောက်ခံတွေပါ။ သူတို့ရှုတ်သလို အမေရိကန်စစ်ဗိုလ်ချုပ်ကြီး David Petraeus က သူ့ရာဇဝင်ရေးတဲ့သူနဲ့ မိန်းမရှုတ်ချိန်မှာတော့ စစ်ခုံရုံးနဲ့ အစစ်ခံခဲ့ရပါတယ်။သူ့ CIA ရာထူးကနေ နုတ်ထွက်ပေးခဲ့ရပါတယ်။ သူက လုံခြုံရေးသတင်းတွေ ထိခိုက်ခဲ့လို့ဆိုပြီး အကြောင်းပြတရားစွဲဆိုတာ ခံခဲ့ရပါတယ်။ သူ့အောက်က အာဖဂန်ကဗိုလ်ချုပ်ကြီးက ထိုအချိန်က ဒုသမ္မတဘိုင်ဒန်ကို သူ့နာမည်ဘယ်သူလဲ မကြားဖူးဘူး စစ်မြေပြင်ကိုရောက်ဖူးလား ဘာညာသွားလှောင်လို့ အိုဘားမားက ဖြုတ်ခဲ့ရပါသေးတယ်။ ဒါကြောင့်စစ်တပ်ချုပ်တွေ တပ်ထဲကအရေးပါသူတွေ မိန်းမရှုတ်တာကို စစ်တပ်တွေမှာ တိတိကျကျအရေးယူရလေ့ရှိပါတယ်။ ဒါဆိုမိန်းမများတဲ့ တပ်ချုပ်တွေက တိုင်းပြည်အတွက်ကောင်းလား?

နေဝင်းကိုကြည့်ပါ။ နေဝင်းကတပ်ချုပ်ပါ။ သူကမိန်းမများစွာယူပြီး ရှုတ်ပါတယ်။ သူပထမ သူများမယားကိုကြာခိုတာကို ကျော်ငြိမ်း၊ ဘဆွေတို့က အရေးမယူတာကနေစပြီး တိုင်းပြည်ပျက်ပါတယ်။ သူ့မိန်းမတစ်ယောက်ကထောက်လှမ်းရေးဖြစ်ခဲ့ပြီး သူ့ကိုလဲ အရှက်ခွဲခဲ့ပါတယ်။ နေဝင်းပြီးရင် ကဒါဖီ၊ ဆဒန်ဟူစိန်ကိုကြည့်ပါ။ သူတို့ကလဲမိန်းမတွေအများကြီးယူပြီး တိုင်းပြည်ကိုဖျက်ဆီးခဲ့ပါတယ်။

တပ်ချုပ်တွေ မိန်းမအငယ်ယူထားခဲ့ရင် ပြဿနာက ထိုအငယ်မိန်းမတွေက ရန်သူရဲ့ ထောင်ချောက် honey trap ဖြစ်နိုင်လို့ပါ။ တပ်ချုပ်နဲ့ သာမန်အောက်ခြေအဆင့် ဗိုလ်ကြီး မိန်းမအငယ်ထားတာကလဲ မတူနိုင်ပါ။ ဗိုလ်ကြီးကဖောက်ပြန်ရင် တပ်ရင်းမှူးကဖောက်ပြန်ရင် တပ်ချုပ်ကြီးက အရေးယူနိုင်ပေမယ့် တပ်ချုပ်ဖောက်ပြန်ရင်အရေးယူမယ့်သူမရှိပါ။ အထူးသဖြင့် မြန်မာပြည်လို တပ်က အရပ်သားအောက်မရှိတဲ့နိုင်ငံမှာပါ။ လေချုပ်မောင်မောင်ကျော်မိန်းမရှုတ်ချိန်မှာ မအလက အရေးယူပေမယ့် မအလရှုတ်ချိန်မှာ ဘယ်သူကမှ အရေးမယူနိုင်ပါ။ မအလဟာ အာဏာသိမ်းထားသူ အရပ်သားအစိုးရအောက်မှာ မရှိသူမိုလို့ ပိုဆိုးပါတယ်။ နောက်မသေချာတာက မအလရဲ့အငယ်ဟာ ရန်သူရဲ့ သတင်းပေး (ဥပမာ တရုတ်စပိုင်ဟုတ် မဟုတ်) ဘယ်သူမှမပြောနိုင်ပါ။ ဒါတွေဟာ တပ်ချုပ်တွေ မိန်းမရှုတ်ရင်ဖြစ်တတ်တဲ့ တိုင်းပြည်အတွက် လုံခြုံရေးဆိုင်ရာ ပြဿနာတွေပါ။

ပြည်သူတွေက ဘာလုပ်ရမှာလဲ? တိုင်းပြည်ရဲ့ လုံခြုံရေးက အင်မတန်အရေးကြီးပါတယ်။ ပြည်သူတွေအနေနဲ့ကမိန်းမရှုတ်တဲ့ တပ်ချုပ်တွေကိုရှောင်ပါ။ သူတို့ဟာ ရာဇဝင်ထဲမှာ ဘယ်တုံးကမှ မကောင်းခဲ့ပါ။ ဒါကြောင့် ဘယ်တပ်ချုပ်မဆို ယခုအချိန်ထဲက မိန်းမရှုတ်ရင် ရှောင်ပါလို့သာ ပြောကြားလိုပါတယ်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


Maung Chit Khaing
Maung Chit Khaing
Sep 18, 2023

ဗိုလ်ချုပ်ကြီးနေဝင်း ထက် ယခု တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းပြည်အတွက် အဂတိကင်းမှု၊ မိန်းမကိစ္စ၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ စည်းရုံးရေးတွေ ပိုဆိုးပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်ရေး၊ စည်းရုံးရေးတွေ အင်မတန်ဆိုးခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မောင်အေးကလဲ အဂတိ၊ ပေါက်ကရစီးပွါးရေး မူဝါဒအမှားတွေ အင်မတန်ဆိုးခဲ့ပါတယ်။ ဒါပေမယ့် ဘာမှမဖမ်းခဲ့ပါ။


ယခု တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းပြည်ကိုဖျက်ဆီးခဲ့တဲ့ ရာဇဝတ် သားဆိုတာ မမေ့ပါနဲ့။ တိတိကျကျအရေးယူ စီရင်ချက်ချသွားရမှာပါ။

Like
Angelina Thane
Angelina Thane
Sep 18, 2023
Replying to

ဥရောပအနောက်ပိုင်းနိုင်ငံတခုမှာ

အခြားသူအမည်တွေနဲ့ အိမ်ဝယ် ၊

စီးပွါးရေးလုပ်ထားတဲ့ မောင်နေဝင်း ။

နာမည်ခံလူ ဘတ်ကနဲသေသွားလို့

ဗမာပြည်တပြည်လုံး ကစလို့

ကမ္ဘာ့ဘဏ်အထိ ရှိနေတဲ့တိုင်းပြည်ရဲ့ ငွေ

တွေ ပြည်သူတွေမသိဘဲ ဆုံးရှုဲးသွားရတာကိုလဲ

မမေ့ပါနဲ့နော ။ ဦးချစ်ခိုင်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page