top of page
Search

တပ်ချုပ်ကြီး သမ္မတဖြစ်ရင် တိုင်းပြည်တိုးတက်မလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 7, 2020
  • 1 min read

ပုံမှန်မှာ တပ်ချုပ်ကြီး ရွေးကောက်ပွဲကတဆင့် သမ္မတဖြစ်နိုင်ချေက ၁% လောက်သာ ရှိပါတယ်။ ဒါပေမယ့် တပ်တွင်းမဲတွေ၊ သူ့မိတ်ဖက် ပါတီတွေကနိုင်ပြီး ညွန့်ပေါင်းဖွဲ့ခဲ့ရင်တော့သူဟာ သမ္မတ (သို့) အတိုင်ပင်ခံ ဖြစ်နိုင်လာပါတယ်။ တပ်ချုပ်ကြီးက သမ္မတဖြစ်ပြီဆိုပါစို့။ တိုင်းပြည်ဘာဆက်ဖြစ်မလဲလေ့လာရအောင်။


ငြိမ်းချမ်းရေး

သူ့အောက်မှာ တပ်ကရှိနေလို့ သူက တိုက်ချင်ရင် တိုက်နိုင်ပြီး ရပ်ချင်ရင် ရပ်လို့ရပါမယ်။ ဒါပေမယ့်သူ့ရဲ့တွေးခေါ်မှုအရ တိုင်းရင်းသားတွေကို ဖယ်ဒရယ်အစစ် မပေးပါ။ ဒါကြောင့် ဖယ်ဒရယ်စစ်စစ်လိုတဲ့ တိုင်းရင်းသားတွေနဲ့ ဆက်တိုက်နေမှာပါ။ ဟိုကျောက်ရောင်း ဘိန်းရောင်း လက်နက်ကိုင်တွေနဲ့ကအဆင်ပြေနိုင်ပါတယ်။


နိုင်ငံတကာနဲ့ စီးပွါးရေး

သူသမ္မတဖြစ်တာနဲ့ ခဏနေရင် ICC က စွဲချက်တင်မှာပါ။ သူ့ကိုဖမ်းဝရမ်းထုတ်ပါမယ်။ အဖမ်းမခံချင်ရင် တရုတ်၊ ရုရှားတို့နဲ့ အပေးအယူ လုပ်ရပါမယ်။ မြစ်ဆုံမက အကုန်ပါပါမယ်။

သူကခေါင်းဆောင်ဖြစ်လာခဲ့ရင် ဥရောပ သမဂ္ဂနဲ့ အမေရိကန်ဟာ စီးပွါးရေးပိတ်ဆို့တာသာ လုပ်ရပါတော့မယ်။ မနေ့ကတောင် ယူကေက သူ့ကို စီးပွါးရေးပိတ်ဆို့တဲ့စားရင်းထဲ ထည့်လိုက်ပါပြီ။ သူသာသမ္မတ (သို့) အတိုင်ပင်ခံဆို တစ်တိုင်းပြည်လုံး ပိတ်ဆို့ခံရပါမယ်။

ဒါကြောင့် အလုပ်လက်မဲ့အခြေအနေဟာ ယခုထက် ၁၀ ဆ ပိုဆိုးသွားပါ့မယ်။ မြေစျေးတွေ ယခုထက်ပိုကျပါမယ်။ တရုတ်နဲ့ ရုရှားကို ပိုအားကိုးလာရပါမယ်။

ဝရမ်းပြေးကို ICC မအပ်ခဲ့လို့ ကမ္ဘာ့ဘဏ်တွေကနေ ပိုက်ဆံဆက်မချေးရင် ဆောက်လက်စလမ်းတွေ၊တံတားတွေ ရပ်ကုန်ပါမယ်။ တရုတ်နိုင်ငံထံက ချေးရင်လဲ ဘရွှေနဲ့ ဘစိန်လက်ထက်ကလို အတိုးနှုန်းများပါမယ်။ အတိုးနှုန်းများပြီး တိုင်းပြည်မှာ အကြွေးများလာပါမယ်။ ငွေကြေးဖောင်းပွလာပါမယ်။စီးပွါးရေးတိုးတက်မှုနှုန်းက ကျသွားပါမယ်။

ဇေကြီးတို့၊ ဒေါက်ခိုင်တို့လို၊ လကမ္ဘာသွားမယ့် စိုးထွန်းရှိန်တို့လိုလူတွေ အဆင်ပြန်ပြေလာနိုင်ပေမယ့်ပြည်သူတွေဟာ ယခုထက်ပိုဆင်းရဲသွားပါမယ်။


သတင်းစာလွတ်လပ်ခွင့်

အဘက သတင်းစာများစွာကို စပွန်စာလုပ်ထားသလို တရားစွဲတာကလဲ တပ်ပေမယ့် အစိုးရအောက်ကနေ ကန့်လန့်လုပ်နေလို့ ဒီမိုအစိုးရက ကန့်လန့်ပါနေပါတယ်။ သူသမ္မတဖြစ်ရင် သတင်းသမားနဲ့ သူသာရင်ဆိုင်ရပါမယ်။


လူ့အခွင့်အရေးတိုးတက်လာမလား?

ဒီမိုအစိုးရလက်ထက်မှာ ဧည့်စာရင်းမရှိလို့ ညအိပ်ရပါသေးတယ်။ ဒီမိုအစိုးရမရှိဘဲ တပ်ချုပ်သာသမ္မတဖြစ်ခဲ့ရင် ညသန်းခေါင် မိမိအိမ်ထဲ ဝင်ရှာတာခံဖို့ ပြင်ထားပါ။


လယ်ယာမြေ

ဒီမိုအစိုးရလက်ထက် လယ်ယာမြေသိမ်းထားတာကို ရှင်းပေးတာနှေးလို့ အားမရလို့အော်နေသူများ အဘတက်လာရင် ပိုအသိမ်းခံရဖို့သာ ပြင်ထားပါ။


ကိုဗစ်အရေး

ရွေးကောက်ပွဲမှာ တပ်ချုပ်ကြီးကို လိုလားတဲ့ ပါတီတွေကသာ နိုင်ခဲ့ပြီး သူသာသမ္မတဖြစ်ရင် ယခုကိုဗစ်ကိုင်တွယ်ပုံလို ဆယ်ဂဏန်းအောက်သေမှာမဟုတ်ဘဲ နာဂစ်လိုအဖြစ်မျိုးကို သတိရလိုက်ပါ။


အမျိုးဘာသာ စောင့်ရှောက်နိုင်မလား?

ဒီမိုအစိုးရလက်ထက်မှာ ကိုယ်ဝန်ဆောင်တွေကို အဟာရအတွက် ငွေကြေးထောက်ပံ့ခြင်း၊ သက်ကြီးရွယ်အိုတွေကို ထောက်ပံ့ခြင်းဖြင့် မိမိနိုင်ငံသားတွေကို စောင့်ရှောက်ခဲ့ပါတယ်။ အဘတို့ပြန်တက်ရင်ပိုက်လိုင်းတင်မဟုတ်ဘဲ အကုန်ပါသွားပါမယ်။ စာဖတ်သူများ စဉ်းစားကြည့်ပါ။ မိမိသမ္မတကဝရမ်းပြေးဖြစ်ပြီး ပြည်ပနိုင်ငံအပေါ်မှီခိုနေရရင် ဘယ်လိုပြန်တိုက်ပါ့မလဲ။


အကျဉ်းချုပ်ရရင် တပ်ချုပ်ကြီးသာ သမ္မတ (သို့) အတိုင်ပင်ခံဖြစ်ခဲ့ရင် တိုင်းပြည်တိုးတက်စရာ မမြင်ပါလို့ ပြောပါရစေ။ မိမိသားသမီး မြေးမြစ်တွေကို ဘယ်လိုအနာဂတ်မှာ လူဖြစ်စေချင်လဲ စာဖတ်သူများက စဉ်းစားပြီး မဲပေးရမှာပါ။ အရွေးမှန်ပါစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

3 Comments


Myint Soe Oo
Myint Soe Oo
Jul 09, 2020

ဦးမြတ်! ကျွန်တော် တောင်းပန်ပါသည်။ @@ဥပမာ@@ဟု ခံမေးထားခြင်းဖြစ်ပါသည်။

လူပျိုကြီး! ခင်ဗျား သားလေးက လှလား လို့ မေးတဲ့သူက မေးတဲ့အခါ လူပျိုကြီးက ( လှပါတယ်) လို့ ဖြေရင် မေးတဲ့သူက လူပျိုကြီး ကို Braggart ရယ်လို့ မြင်ချင်ရင် မြင် ၊ ဒါမှမဟုတ် Abnormal လို့ပဲမြင်ကြပါမည်။

သူ့မှာ အိမ်ထောင်ပြုနိုင်သော အစွမ်း နှင့် သားသမီးရရှိအောင် စွမ်းဆောင်နိုင်သော စွမ်းရည် မရှိပါ။ CAPACITY မရှိသမျှ ကလေး မရနိုင်ပါ။ အစွမ်းအစ မရှိပဲ ရင်သွေးကလေး လိုချင်နေရင်တော့?

အဖြေ မရှိသော မေးခွန်း မေးသလို! မဖြေအပ်သော မေးခွန်းမို့!


အမြင်ရှင်း၍ လင်း နိုင်ပါစေ။

Like

Myat Tun Oo
Myat Tun Oo
Jul 08, 2020

အဖေတူပါ။ ငယ်ပါသေးတယ်။ ကျန်တာ မဖြေပါရစေနဲ့။ လုံခြုံရေးကြောင့်ပါ။

Like

Myint Soe Oo
Myint Soe Oo
Jul 08, 2020

ဦးမြတ် ! ဦးမြတ်က လူပျိုကြီး ဆိုပါတော့ ။ ဦးမြတ်ကို ကျွန်တော်က အောက်ကဖော်ပြထားတဲ့ မေးခွန်းတွေ မေးမယ် ဆိုလျှင် ! !

ဦးမြတ် ဘယ်လို ပြန်ဖြေမှာလဲ ?


ဦးမြတ် အနေနဲ့ ကျွန်တော့်အပေါ် ဘယ်လို အမြင်သဘောထား ရှိမလဲ ? သိပါရစေ။


၁။ ဦးမြတ်ရဲ့ သားလေးက အမေတူလား? အဖေတူလေးလား ?

၂။ သားလေးက ရုပ်ချောလား ?

အရုပ်ဆိုးသလား ?

၃။သားလေးက အသား ဖြူသလား? ညို သလား ?

၄။သားလေးက အထက်တန်း ကျောင်းသားလား ? တက္ကသိုလ် တက်ရောက် ပညာသင်နေပြီလား?


အဖြေနှင့် ကျွန်တော့်အပေါ် ဦးမြတ်ရဲ့ အမြင်လေး သိပါရစေ။


***ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ. မိုးကူတ်ဆရာတော်ဘုရားကြီး***ဟောကြားတော်မူခဲ့သော

အဂ္ဂိဝစ္ဆသုတ် အပေါ် မှီငြမ်း၍ ရေးသားအပ်ပါသည်။


အတွေးအမြင်နယ်

ကျယ်၍ ကြွယ်ကြပါစေရန်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page