top of page
Search

တပ်ချုပ်ကြီး၏ ဇတ်ရှုတ်ကြီး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 17, 2023
  • 1 min read

တပ်ချုပ်တွေရဲ့ အောင်မြင်မှုကိုတိုင်းတာရာမှာ အဂတိကင်းမှု၊ မိန်းမကိစ္စ၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ စည်းရုံးရေးတွေနဲ့ တိုင်းလေ့ရှိပါတယ်။ သူ့တပ်ဟာ ကောင်းလာသလား ဆိုးသွားသလားပေါ့။

မအလဟာ ဘစိန်ရဲ့ ပြုပြင်ပြောင်းလဲမှု ဒီမိုလုပ်ရာမှာ အခွင့်အရေးရခဲ့လို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပတဆင့် ဝင်ငွေကောင်းခဲ့ပါတယ်။ DASSK အစိုးရလက်ထက်မှာလဲ နိုင်ငံခြားက ဆက်လက်ရင်းနှီးမြုပ်နှံနေလို့ အဆင်ပြေခဲ့ပါတယ်။ ဒါကြောင့် အဆိုပါငွေကနေတဆင့် တပ်ကိုလက်နက်အသစ်တွေ ရုရှား၊ တရုတ်၊ အိန္ဒိယကတဆင့်ဝယ်ယူပြီးအဆင့်မြှင့်တင်နိုင်ခဲ့ပါတယ်။ ဒါတွေဟာ မအလတော်လို့မဟုတ်ဘဲ နိုင်ငံရေးအရ တိုင်းပြည်တည်ငြိမ်ခဲ့လို့ သူကကပ်ပါးကောင်အနေနဲ့ အဆင်ပြေခဲ့တာပါ။ ဒါကြောင့် တပ်ကိုလက်နက်၊ လေယာဉ်ဖြည့်နိုင်ခဲ့တာဟာ မအလကြောင့်မဟုတ်ဘဲ တိုင်းပြည်စီးပွါးရေးနဲ့ နိုင်ငံရေးအဆင်ပြေခဲ့လို့ဆိုတာ မမေ့ဖို့ပါ။ ယခုမအလကို လေ့လာရအောင်။


အဂတိ

သူဟာ လာဘ်အစားဆုံးကာချုပ်ပါ။ ဒါကဘယ်သူမှ ငြင်းမရတဲ့အချက်ပါ။ ယခု မိုးမြင့်ထွန်းကိစ္စကလဲ သူ့ကို ပြန်ပတ်နေပါပြီ။


မိန်းမကိစ္စ

သူကဒါလဲ မကင်းပါ။ သူ့မိန်းမက နောက်ပိုင်းစစ်ဆေးရုံမှာ ဒူးခေါင်းဆေးထိုးရင် လိုက်စောင့်ရတဲ့အထိ ဖြစ်နေပါပြီ။ အဘက ဒူးခဏခဏ နာတတ်ပါတယ်။ ဒူးမကောင်းပါ။ သူနဲ့ရှုတ်တဲ့ စစ်ဆေးကအမျိုးသမီးကို နာမည်နဲ့တကွအသေအချာသိပေမယ့် စာရေးသူဘယ်သူဆိုတာသိနိုင်လို့ အကျိုးမရှိလို့ ချန်ထားခဲ့ပါ့မယ်။ နေဝင်းလို မိန်းမပေါ်တင်မယူပေမယ့် သန်းရွှေလောက်မကင်းပါ။


စစ်ရေး

ဒါက အားလုံးသိတဲ့အတိုင်း တိုက်တိုင်းရှုံးဖြစ်နေခဲ့ပါပြီ။ အစပိုင်းက ငြိမ်းချမ်းရေးနှစ်မိုလို့ မတိုက်သေးတာ၊ဘုရားကြီးမပြီးလို့ မတိုက်သေးတာဆိုပြီး ဘောမတွေက ဆင်ခြေပေးခဲ့ပေမယ့် ယခုတိုက်တော့လဲ မနိုင်တာတွေ့ရမှာပါ။ မယ့်စဲကိုပြန်မသိမ်းနိုင်သလို ထန်တလန်ကလဲ မနိုင်ပါ။ လက်ခတ်တောင်ကလဲ ဘယ်မှာမှန်းမသိပါ။ လိုင်ဇာကို အကြီးအကျယ်အင်အားသုံးစစ်ကြောင်းထိုးခဲ့တာလဲ ကြာခဲ့ပါပြီ။ စစ်ရေးဟာ မြန်မာ့သမိုင်းတစ်လျှောက်အောက်ဆုံးအဆင့်ပါ။ ယခင်က ပုံမတက်လို့ ဘောမတွေငြင်းနိုင်ပေမယ့် နောင်ချို PDF က စစ်ကားထဲကအလောင်းဆွဲထုတ်သွားတဲ့ ဗီဒီယိုဖိုင်၊ မြဝတီဖိုင်တွေက စစ်တပ်ထဲမှာ တုန်လှုပ်စေခဲ့ပါတယ်။


အုပ်ချုပ်ရေး

ဒါကတော့ စာရေးသူရေးစရာမလိုပါ။ တပ်တွင်းအုပ်ချုပ်ရေးလဲ ပျက်နေသလို အရပ်သားအုပ်ချုပ်ရေးကတော့ မနိုင်ဘူးလို့ သူကိုယ်တိုင်ဝန်ခံထားရတာပါ။


စည်းရုံးရေး

တပ်ထဲကို ဝင်သူမရှိသလို တပ်ပြေးကလဲများနေပါတယ်။ ယခုထောင်ထဲမှာ အမိန့်မနာခံမှုနဲ့ အဖမ်းခံထားရတဲ့ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးတွေအများကြီးပါ။ တပ်စာရင်းအရ ၅၀၀ ခန့်ရှိပါတယ်။ အချို့က အဘကို Facebook ပေါ်မှာ ထောက်ခံခဲ့ပေမယ့် သူတို့ရှေ့တန်းထွက်ရမယ်လို့ အမိန့်ကျချိန်မှာ CDM မလုပ်ဘဲ အမိန့်လဲမနာခံခဲ့တာပါ။ သူတို့က သုံး/လေးနှစ်ထောင်ကျပြီးရင် လွတ်ငြိမ်းနဲ့ပြန်လွတ်တာ ငွေပေးလိုက်ပြီး ပြန်လွတ်တာက ပိုလွယ်တယ်ဆိုပြီး ခေတ်စားလာနေတာပါ။ သူတို့က စစ်မြေပြင်မဟုတ်ဘဲ ဌာနချုပ်ကနေ ထွက်ဆိုတာနဲ့ မထွက်ဘဲ အမိန့်မနာခံဘဲ အဖမ်းခံတာပါ။ အချို့က ခွင့်မဲ့ပျက်ပြီး အဖမ်းခံ ထောင်ကျခံတာပါ။ ပြီးမှ ထောင်နှစ်လျော့အောင် ပြန်လိုက်တာပါ။ ယခုက ဘီပိုး၊ စီပိုးခေတ် မဟုတ်တော့ပါ။


လွန်ခဲ့တဲ့ရက်ပိုင်းက ဗိုလ်မှူးကြီးတစ်ယောက်အဖမ်းခံရပါတယ်။ သတင်းသမားတွေနောက်ပိုင်းသိလာမှာပါ။အကြောင်းပြချက်က လာဘ်စားတာပါ။ ဒါပေမယ့် တကယ်အဖမ်းခံရတာက နွေဦးဘဏ်မှာ အကောင့်ဖွင့်ဖို့ကြိုးစားလို့ပါ။ သူကသူလာဘ်စားထားတာတွေနဲ့ သူ့သားသမီးကို နိုင်ငံခြားမှာ ကျောင်းထားဖို့ရှိပါတယ်။ သူ့မိန်းမစင်ကာပူမှာ စင်ကာပူကလူနဲ့  ပူးတွဲအကောင့်ဖွင့်ဖို့ကလဲ စင်ကာပူက ဥပဒေတင်းကျပ်ထားလို့ မရခဲ့ပါ။ အဲ့ဒီအချိန်မှာ နွေဦးဘဏ်ပေါ်လာတော့ သူ့PSO က အကောင့်ဖွင့်ပေးတာပါ။ အကောင့်မရခင် စောင့်ခဲ့ရပါသေးတယ်။ ဒါကိုသူ့PSO က သူ့သူငယ်ချင်းကိုပြောပြပြီး ထိုသူက စရဖသတင်းပေးဖြစ်နေလို့ သူတို့နှစ်ယောက်အဖမ်းခံရတာပါ။ ဒီနေရာမှာ သူတို့က NUG ထောက်ခံ အမေစုထောက်ခံတာမဟုတ်ပေမယ့် သူတို့အကျိုးစီးပွါးမထိအောင် ကာကွယ်ရင်းနဲ့ အဖမ်းခံသွားရတာပါ။


မအလဟာ တပ်တွင်းအုပ်ချုပ်ရေးမကောင်းတာကို ကာဝန်မြထွန်းဦးကို အပြစ်ပုံချပြီး ရာထူးပြောင်းခဲ့ပါတယ်။နောက်အချက်က မြထွန်းဦးက သန်းရွှေလူမိုလို့ သူ့ကိုပြန်ဖြုတ်မှာစိုးလို့ပါ။ အမှန်တာဝန်ရှိတာက သူပါ။

စစ်ရေးမှာတော့ မအလဟာ စစ်ဆင်ရေးအထူးအဖွဲ့မှူးအထိသာ အပြစ်ပုံချပေမယ့် အစည်းအဝေးတွေမှာ မိန့်ခွန်းပြောတာက အားလုံးက အသုံးမကျလို့ ဆိုတဲ့အထာပါ။ သူက ကရင်နီမှာရှုံးရင်လဲ NUG ကြောင့်၊ KNU နယ်မှာဆိုလဲNUG ကြောင့်၊ ကချင်၊ ချင်း၊ စစ်ကိုင်းမှာဆိုလဲ NUG/PDF က ဘယ်လိုအဖျက်အမှောင့်လုပ်လို့ဆိုတာပါဘဲ။ တပ်ထဲမှာကလဲ တရုတ်ကွန်မြူနစ်ပါတီမှာလို မှားကွက်ကိုစောင့်နေကြတာပါ။ သူတို့က ဒီမိုကရေစီပေးဖို့မဟုတ်ပေမယ့်အမှားကွက်ကိုနင်းပြီး ရာထူးတက်လိုသူများပါ။ မေးခွန်းက ဒီအရှုတ်ထုတ်ကနေ ဘယ်အဆင့်အထိပြုတ်မလဲဆိုတာပါ။ ယခုအထိုင်ထဲမှာ စိုးဝင်း၊ မြထွန်းဦး၊ ရာပြည့်တို့ကသာ ဘရွှေနဲ့တိုက်ရိုက်သိတာပါ။ မိုးအောင်၊ မောင်မောင်အေးက ခွထိုင်ဖြစ်ပြီး သတ်ပုံ၊ ရဲဝင်းဦး၊ တေဇကျော်၊ ညိုစော၊ ကိုကိုဦး၊ ကျော်စွာလင်းတို့က မအလအမာခံတွေပါ။

အကျဉ်းချုပ်ရရင် မအလဟာ သူ့ရဲ့အောက်ခြေကထောက်ခံမှုကို မရတော့တာဟာ ထင်ရှားလာနေပါတယ်။ မိုးမြင့်ထွန်းကိစ္စက မရည်ရွယ်ဘဲ မအလအထိ လိုက်လာနေပါပြီ။ လောလောဆယ်ကတော့ မအလက မိုးမြင့်ထွန်းကို ရှင်းထုတ်ရင် သူ့အတွက်အဆင်ပြေနိုင်ပေမယ့် မိုးမြင့်ထွန်းကတဆင့် သူပါပြဿနာထဲပါလာနိုင်ပါတယ်။ ထူးခြားတာက ကွန်မြူနစ်ပါတီမှာရော တပ်မတော်ထဲမှာပါ အာဏာလွန်ဆွဲပွဲတွေက လာဘ်စားတာနဲ့ မိန်းမကိစ္စကစတယ်ဆို မမေ့ပါနဲ့လို့ ပြောပါရစေ။ သူတို့က ဒီမိုပေးဖို့မဟုတ်ပေမယ့် သူတို့ရဲ့အကျပ်အတည်းကို အသုံးချနိုင်အောင် ပြင်ဆင်ထားကြပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


Maung Chit Khaing
Maung Chit Khaing
Sep 21, 2023

ဦးသန်းရွှေအမိန့် (ဗိုလ်ချုပ် မြထွန်းဦး၊ ဗိုလ်ချုပ် ရာပြည့်) ပြန်လာနေပြီဖြစ်သည်။ အမေစုအကျိုးရှိနိုင် ။

Like

Angelina Thane
Angelina Thane
Sep 17, 2023

ဆိုင် မဆိုင် မသိပေမဲ့ ဒီဆောင်းပါးဖတ်လိုက်ရတော့

အမေရိကန် ပြည်တွင်းစစ်ကာလ ဂျော့ခ်ျဝါရှင်တန်

ကို ပြန်သတိရမိပါတယ် ။

လိုင်းပေါ် က

ဆရာကြီးတွေ ဆရာမကြီးတွေ ရဲ့ပါးစပ်‌များ လည်း

ပိတ်ထါးကြရင် ပိုအဆင်ပြေမယ်ထင်ပါတယ် ဆရာ ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page