top of page
Search

တပ်ချုပ်ကြီးကို ဆုပေးတဲ့ အငြင်းပွါးနေတဲ့ YMBA ဥက္ကဌအကြောင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 9, 2019
  • 1 min read

တပ်ချုပ်ကြီးကို ဆုပေးတဲ့ အငြင်းပွါးနေတဲ့ YMBA ဥက္ကဌအကြောင်း

YMBA အတွင်းအာဏာသိမ်းအပြီးမှာ ဦးတင်ဝင်းက ဥက္ကဌ လုပ်ခဲ့ပါတယ်။ လက်ရှိဥက္ကဌဦးရဲထွန်းကYMBA ကို ၂၀၁၉ မေလ ၉ ရက်မှာ ၁၀ သိန်းလှူခဲ့ပါတယ်။ ၂၀၁၉ ဇွန်လမှာ သူက ဥက္ကဌဖြစ်လာခဲ့ပါတယ်။ ဇူလိုင်လမှာ သာဝန်ကိုဘွဲ့ပေးတာနဲ့စခဲ့ပါတယ်။ အဲ့ဒီလို လက်သွက်လာတဲ့ ဦးရဲထွန်းဟာ ဘယ်သူလဲဆိုတာ လေ့လာဖို့ လိုလာပါတယ်။ သူဟာ သာမန်ပြည်သူဆိုရင် သူ့အကြောင်းကို သိစရာမလိုပါ။ဒါပေမယ့်သူဟာ ကမ္ဘာနဲ့ မြန်မာပြည်က လူအများက ပြောစရာဖြစ်နေသူကို ဆုပေးလိုက်ချိန်မှာတော့သူ့အကြောင်းကို စုံစမ်းဖော်ထုတ်ဖို့လိုလာပါတယ်။

ဦးရဲထွန်းရဲ့အဖေက တပ်ရင်းမှူးပါ။ သူ့အမေကတော့ ရှိပါသေးတယ်။ သူက ဒဂုံ (၁) ကျောင်းထွက်ပါ။လက်ရှိ အင်းယားမြိုင်ထဲမှာ နေပါတယ်။ ဦးရဲထွန်းဟာ ငယ်စဉ်က ဂျပန်နိုင်ငံမှာနေသွားခဲ့သူပါ။ စစ်အစိုးရလက်ထက် ကုန်းတွင်းရေနံ လုပ်ပိုင်ခွင့်ရဖို့ ဂျပန်ယာကူဇာ ကုမ္ပဏီပိုင်ရှင်နဲ့ပေါင်း ကုမ္ပဏီကမီးသတ်ကားတွေ လှူပြီး ခင်ညွန့်ဆီမှာ လုပ်ပိုင်ခွင့်တောင်းခဲ့ပါတယ်။ လုပ်ပိုင်ခွင့်ရတော့ ဂျပန်ကုမ္ပဏီက မလုပ်ဖြစ်လို့ဆိုပြီး ဦးရဲထွန်းက ကုမ္ပဏီကိုလွှဲချခဲ့ပါတယ်။ ကုမ္ပဏီကတော့ လိမ်လည်မှုနဲ့ တရားစွဲလို့ ပြည်ဝင်ခွင့် ဗီဇာပိတ်ခံခဲ့ရပါတယ်။ ထိုစဉ်က ဗိုလ်ချုပ်သား ၂ယောက် ဂျပန်ကိုခေါ်လာတာ အကုန်ပြန်ကန်ကုန်တယ်။ ကြားထဲက မိတ်ဆက်ပေးနဲ့ ပွဲစား ဂျပန်ကတော့ အချောင် အဖမ်းခံရတယ်။ ၁၀စုနှစ်တစ်ခုစာ ဂျပန်ဝင်ခွင့်ပိတ်ခံခဲ့ရပါတယ်။

၂၀၀၂-၂၀၀၃ လောက်က ဖားအောက်တောရဆရာတော် ဘုရားကြီးနဲ့ သီတဂူ ဆရာတော်ကြီး တို့လက်မှတ်ကို ရအောင်ယူပြီး ဆရာတော်ကြီးတွေ အတွက် ကားလှူမယ် ဆိုပြီး လုပ်ခဲ့ပါတယ်။တကယ်တမ်း တင်သွင်းလာတဲ့ မေယ်ဒယ်မြင့် ကားတွေကို ကညနနဲ့ပေါင်း လိုင်စင်ရအောင် လုပ်ပြီးရောင်းစားခဲ့ပါတယ်။ ဒါကို ဆရာတော်ကြီးတွေ သိတော့ အနားတောင် အကပ်မခံတော့ပါ။ ရဲထွန်းဆိုပြီး ဂျပန်မှာ ဘာသာရေးလုပ်နေတဲ့ ၂၀၀၀ခုနှစ် ဝန်းကျင်က ဂျပန်ဘုန်းကြီကျောင်း အသိုင်းအဝိုင်းကလူတိုင်းသိကြတယ်လို့ ဂျပန်က ဦးရဲထွန်းကို သိသူတွေက သတင်းပို့ပါတယ်။ ဂျပန်မှာတုန်းက ငါးဒိုင်မှာ လုပ်ခဲ့ပြီး ဦးခေါင်းခွဲစိတ်ကုသခဲ့ရဖူးပါတယ်။

သူဟာ ဗိုလ်ချုပ်ခင်ညွန့်တန်ခိုးထွားချိန်မှာ သူနဲ့ပုံတွဲရိုက်ချိတ်ပြီး လုပ်စားခဲ့ပေမယ့် ခင်ညွန့်ပြုတ်ချိန်မှာ ဓာတ်ပုံပြန်ဖြုတ်ခဲ့သူပါ။

သူ့လက်ရှိရုံးခန်းက Golden Valley ထဲမှာရှိပြီး အိမ်မြေအကျိုးဆောင်လို ဘာလိုလို လုပ်နေပါတယ်။သူက YMBA ဥက္ကဌမတိုင်ခင် သူကိုယ်တိုင်သံတမန်အဖွဲ့လိုဖွဲ့ပြီး ဥက္ကဌလုပ်ပါတယ်။ သူ့အသိုင်းအဝိုင်းက အလွန်ကျယ်ပြီး အများစုက ယခင်အဘများ ခရိုနီများနဲ့ သိသလို လက်ရှိမှာ NLD က ဝန်ကြီးချုပ်တွေ၊ အမတ်တွေနဲ့ လိုက်ရောပြီး ဓာတ်ပုံရိုက်ပါတယ်။

သူ့အကြောင်းလေ့လာရတာဟာ ငယ်စဉ်က ကျော်ဟိန်းရဲ့ ရိုက်စားရုပ်ရှင်ကို ပြန်ကြည့်ရသလိုပါဘဲ။ ဒီကနေ NLD အတွက် ဘာသင်ခန်းစာရလဲဆိုတော့ သူတို့ဟာ NLD ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေနဲ့ဓာတ်ပုံရိုက်ပြီးရင် အနီလိုနဲ့ အဘကိုဆုသွားပေးပြီး အနီကိုသတ်တာပါ။ သူတို့စိတ်ဝင်စားတာက မိမိအကျိုးစီးပွါးပါ။ သူက လက်ရှိ YMBA ရဲ့ ဥက္ကဌဆိုတော့။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

2 Comments


Myat Tun Oo
Myat Tun Oo
Oct 10, 2019

ရှယ်ပါ။

Like

Shwe Eain
Shwe Eain
Oct 10, 2019

ရှယ်ပြီဆရာမြတ်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page