top of page
Search

တပ်ကို အာဏာသိမ်းနိုင်ရန် အားပေးခဲ့သည့် ကလောင်ပျောက်နေသော ဧရာဝတီ အယ်ဒီတာအောင်ဇော်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 1, 2020
  • 1 min read

ဧရာဝတီသတင်းစာက အယ်ဒီတာ့အာဘော်ကို မတ်လကုန်မှာရေးခဲ့ပါတယ်။ သူက ကိုဗစ်က ဘယ်လိုကြောက်စရာကောင်းကြောင်း အမေရိကန်မှာ တပ်ကို ဘယ်လိုခေါ်ကြောင်း ဒါကြောင့် မြန်မာပြည်မှာလဲlockdown အတွက် တပ်ကိုခေါ်ဖို့ ခြေဥအရ တပ်က ကာလုံခေါ်မှ လာမှာဖြစ်လို့ သမ္မတက ခေါ်ဖို့လိုအပ်ရင် စစ်အုပ်ချုပ်ရေး ကြေငြာဖို့ တပ်ကသာလျင် ခေါင်းဆောင်မှုပေးနိုင်တဲ့ပုံစံ အထင်ကြီးပြီးတပ်ကိုအဖေခေါ်တဲ့ ပုံစံနဲ့ အယ်ဒီတာ့အာဘော်ရေးသွားခဲ့ပါတယ်။ သူက တပ်ကိုမခေါ်ရင်ဘဲ မြန်မာပြည်က အလောင်းစည်သူဖြစ်တော့မလို ရေးသွားခဲ့ပါတယ်။


ရုတ်တရက်ဆိုရင် သူကသတင်းသမားလား ဖွတ်လားဆိုတာတောင် မသဲကွဲပါ။ သူဟာ သခင်အားရကျွန်စာဝဆိုသလို အရပ်သားအစိုးရကို အထင်သေးပြီး အဘတပ်ကို အထင်ကြီးသူဆိုတာ ထင်ရှားပါတယ်။ ယခုမေလအကုန်မှာ သူပြောတဲ့တပ်ကို လုံးဝမခေါ်ဘဲ DASSK ဦးဆောင်ပြီး ကွီးဖြိုးက ရန်ကုန်မှာ semi lockdown ကို ပြည်သူနဲ့အတူ လုပ်သွားခဲ့ပါတယ်။ အဘမရှိရင် မလုပ်တတ်တာက ဧရာဝတီသတင်းဌာနပါ။ သူ့ရဲ့ ပထမတပ်ကိုခေါ်သွင်းလိုတဲ့ မကောင်းတဲ့ ယုတ်မာတဲ့ အကြံဉာဏ်ဟာ DASSK နဲ့ကွီးဖြိုးရဲ့ ဦးဆောင်မှုကြောင့် ပျက်ခဲ့ရပါတယ်။ ဟိုက ကာလုံလဲမခေါ် တပ်လဲမခေါ်ခဲ့ပါ။





ဒါနဲ့သူက ကွီးဖြိုးကို ခေါင်းဆောင်မှုပျောက်နေတယ်ဆိုပြီး အယ်ဒီတာ့အာဘော် ထပ်ရေးပါတယ်။ သူရဲ့စွပ်စွဲချက်မှာ ဗိုလ်တထောင်ဘုရားပြင်တာ၊ တစ်ပူးကသတင်းထောက်ကိုဖမ်းတာ၊ တပ်ချုပ်ကို ညွှန်ချုပ်လို့ပြောတာတွေကို ထောက်ပြပါတယ်။ သတင်းသမားကို တပ်ကလဲဖမ်းသလို မအလဟာလဲ လူစုပြီး ညောင်ရေသွန်းပွဲလုပ်ပါတယ်။ ဧရာဝတီသတင်းထောက်ကိုတောင် တပ်ကဖမ်းတဲ့အထဲမှာ ပါခဲ့ပါတယ်။ သူပုန်တွေတိုက်ရင်လဲ တပ်ကခံနေရပါတယ်။ ဒါကိုအောင်ဇော်က ခေါင်းဆောင်မှုပျောက်နေသော တပ်ချုပ်ကြီးလို့ ရေးဖူးပါသလား? ရေးရဲပါသလား? သူကွီးဖြိုးကို စွပ်စွဲတာတွေအားလုံးမှန်ခဲ့ရင်တောင် တပ်ချုပ်ကို ညွှန်ချုပ်လို့ပြောတာဟာ ကွီးဖြိုးရဲ့ တိုင်းပြည်တစ်ခုလုံး တပ်ကြောင့် sanction ချက်ခြင်းမထိအောင် ကာကွယ်လိုက်နိုင်မှုပါ။ သူနဲ့တပ် ပြဿနာတက်ခဲ့လို့ ကမ္ဘာကြီးက မြန်မာမှာအစိုးရနှစ်ရပ်ဆိုတာ သိခဲ့တာပါ။ သူ့ကျေးဇူးပါ။ မဟုတ်ရင် မြန်မာတပြည်လုံး စီးပွါးရေးပိတ်ဆို့ ခံနေရပါပြီ။



ဧရာဝတီရဲ့ အယ်ဒီတာကြီးအနေနဲ့ စစ်တပ်ကသာ ကိုဗစ်ကိုခေါင်းဆောင်ဖြေရှင်းနိုင်တယ်ဆိုတဲ့ဂျင်းအာဘော်ဟာ မှားကြောင်း ယခုလောက်ဆိုသိလောက်ပါပြီ။ ဒါကြောင့် ကွီးနေရာလေးကို တပ်ထွက်တွေရအောင် အာဘော်လေးရေးပေးပြီး ဂျင်းထပ်ထည့်တာပါ။ မိမိရဲ့ သိက္ခာကို ရိက္ခာနဲ့ လဲတဲ့ ဧရာဝတီအယ်ဒီတာအောင်ဇော်လို အဘတ သတင်းသမားတွေရှိတာကို သိရလို့ ကျေးဇူးပါ။ အမေစုတို့ ကွီးဖြိုးတို့က အောက်ဇော်ခေါ်ခိုင်းတဲ့ တပ်ကိုမခေါ်လို့ တင်းနေပုံပါ။ ဆက်ဆုတောင်းပါ။


Reference: Irrawaddy Editorial

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

4 Comments


Myat Tun Oo
Myat Tun Oo
Jun 01, 2020

OK U Myint Soe Oo. take care.

Like

U Myint Soe Oo
U Myint Soe Oo
Jun 01, 2020

U Myat I have being suffered from attack of cervical spine pain last 4days ago.I cant able to write a long time. Plz. ! Forgive me.

Like

U Myint Soe Oo
U Myint Soe Oo
Jun 01, 2020

ဦမြတ် ! ရေးသားသော ဆောင်းပါးကို Myat Lin Mg post. comments ဖတ်ကြည့်လိုက်တဲ့အခါ အမြင်ရှင်း၍ လင်း သွားသူတွေများသလို အမြင်မြင့်သမို့ ရင့်သည်ထက် ရင့် သွားသူများလည်း အများကြီးရယ်မှ အများကြီးပါ။ အရှိအမှန်ကို သိနိုင်တဲ့ ပကတိဉာဏ်တွေရသွားကြပါပြီ။ ဟိုနေ့က တင်ပြခဲ့သလို #စားဖွယ်အမယ်မယ်ကိုမြူးရယ်မာန်ကြွလှပရေဆင်းပြည့်ဖြိုးခြင်းငှါ# သုံးဆောင်ခြင်းကြောင့်ပါ။ ခပ်သိမ်းပြစ်ကို မဖြစ်လေအောင် စားသုံးရမှာပါ။ ဗုဒ္ဓဘုရားရှင်၏ အဆုံးအမများသည် ဘဝတစ်လျောက် နေနည်း အတတ်ပညာများဖြစ်ပါသည်။ ဟိုတလောဆီက ပြည်မြို့အခြေစိုက် (သူတို့ ခေါင်းစဥ်တပ် သုံးစွဲထားသော) ဝင်ငွေ ---- သော စာပေလုပ်သားများကို သတိတရရှိလှ အတုယူသင့်ပါသည်။ {---ရေးမထွက် မရေးရက်လို့ပါ} လူထုဦးစိန်ဝင်းကတော့ မီဒီယာလွတ်လပ်ခွင့်ဆိုသည်မှာ ***စည်းကမ်းမဲ့ဖို့ မဟုတ်။ ***ပဋိပက္ခဖန်တီးဖို့ မဟုတ်။ ***အကျင့်သိက္ခာပျက်ဖို့ မဟုတ်။ ဟု ရေးသားထားပါသည်။ စာပေသစ္စာဖြင့်

Like

naynanmyint629395
naynanmyint629395
Jun 01, 2020

အမည်သညာခေါ်စရာကား


သခင် အားရ ကျွန်နာဝ

သတင်းသမား အတုအော င်ဇော်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page