top of page
Search

တပ်ကိုယ်စားလှယ်တွေ ပြည်သူနဲ့တွေ့တာ ဥပဒေနဲ့ညီလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 16, 2019
  • 1 min read

တပ်ကိုယ်စားလှယ်တွေ ပြည်သူနဲ့တွေ့တာ ဥပဒေနဲ့ညီလား

ပုံမှန် လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူနဲ့တွေ့ရပါတယ်။ လွှတ်တော်အမတ်တွေမှာ သူတို့ရဲ့မဲဆန္ဒနယ်တွေရှိပါတယ်။ ဒါကြောင့် သူတို့ဟာ ပြည်သူနဲ့တွေ့ရပါတယ်။ အမေရိကန်မှသည် အင်္ဂလန်အထိပါ။ တရုတ်နဲ့ ဗီယက်နမ်မှာလဲ မဲဆန္ဒနယ်ရှိပါတယ်။

ဒါပေမယ့် မြန်မာပြည်မှာက တပ်ကိုယ်စားလှယ်က ခြေဥအရ ပြည်သူရွေးကောက်တင်မြှောက်ထားတာမဟုတ်ပါ။ ၂၀၀၈ နာဂစ်ခြေဥအရ တပ်ချုပ်ကခန့်ထားသူများသာဖြစ်ပါတယ်။ သူတို့ကို တပ်ချုပ်ကဇေယျာသီရိကို ကိုယ်စားပြုပြီး လွှတ်တော်သွားတက်လို့ ပြောထားတာမဟုတ်ပါ။ ဘယ်ပြည်သူကမှလဲမရွေးထားပါ။ ပုံမှန်အရှက်ရှိရင် မလုပ်သင့်တဲ့အလုပ်ပါ။ ဒါကြောင့် လက်ရှိဘရွှေရေးခဲ့တဲ့ ခြေဥအရပင် သူတို့ရဲ့ လုပ်ရပ်က အခြေခံဥပဒေနဲ့မညီပါ။

ဒါတင်ဘဲလားဆိုတော့ နေပြည်တော်ကောင်စီဟာ သမ္မတရဲ့ အုပ်ချုပ်မှုအောက်မှာရှိပြီး စစ်အုပ်ချုပ်ရေးပြဌာန်းထားတဲ့ စစ်ဖြစ်နေတဲ့နေရာမဟုတ်ပါ။ ဒါကြောင့်မိုလို့ မြို့နယ်နဲ့ ရပ်ကျေးထွေအုပ်များဟာဘယ်သူ့အမိန့်နဲ့ ပြည်သူတွေကို ဆင့်ခေါ်ခဲ့လဲဆိုတာ သမ္မတအနေနဲ့ စစ်သင့်သလို နေပြည်တော်ကောင်စီဥက္ကဌကလဲ ဒီအုပ်ချုပ်ရေးမှူးတွေကို အရေးယူသင့်ပါတယ်။ စစ်ဖြစ်နေတဲ့ ရှမ်းနဲ့ရခိုင်မှာဗျူဟာမှူးတွေက အုပ်ချုပ်ရေးမှူးကို ဩဇာလွှမ်းနိုင်တာ လက်ခံလို့ရပေမယ့် နေပြည်တော်မှာ အုပ်ချုပ်ရေးမှူးတွေက ဘယ်သူ့အမိန့်နဲ့ ပြည်သူကို ဒီတပ်ကိုယ်စားလှယ်တွေအတွက် ဖိတ်ခေါ်ခဲ့လဲဆိုတာမေးခွန်းထုတ်စရာပါ။

ဒါတင်မက ဒီတပ်ကိုယ်စားလှယ်များက ပါတီအဖွဲ့အစည်းမဟုတ်ဘဲ တရားမဝင်အစည်းအဝေးလုပ်ခဲ့လို့ ငြိမ်းစုစီနဲ့လဲ အရေးယူသင့်ပါတယ်။ ဒါ့အပြင် လွှတ်တော်ပြန်အစမှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒီလုပ်ရပ်ကို အဆိုတင်ပြီး ပြစ်တင်ရှုတ်ချသင့်ပါတယ်။

ဒါဆိုတပ်ကိုယ်စားလှယ်တွေရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ။ ပထမက လက်ရှိလွှတ်တော်ကိုယ်စားလှယ်တွေက မလုပ်ပေးနိုင်လို့ သူတို့ကဘဲ လုပ်ပေးမရောင် ပဏာဝင်ယူတာပါ။ လက်ရှိလွှတ်တော်ကိုယ်စားလှယ်ကိုလဲ လူအထင်မြင်သေးအောင် (undermine)လုပ်တာပေါ့။ ဒုတိယနဲ့ အဓိကရည်ရွယ်ချက်ကတော့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ယခုထဲက တရားမဝင်မဲဆွယ်နေတာပါ။ သူတို့ဟာ အငြိမ်းစားယူရမယ့် ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေဖြစ်ပြီး ၂၀၂၀ အတွက် တရားမဝင် ကြိုမဲဆွယ်နေတာပါ။

အထက်မှာ ရေးပြထားသလိုပါဘဲ သမ္မတနဲ့ နေပြည်တော်ကောင်စီ ဥက္ကဌက ဝန်ကြီးဦးမင်းသူကတဆင့်ဒီကိစ္စကို ခုံဖွဲ့ပြီး အုပ်ချုပ်ရေးမှူးတွေကို အရေးယူရမှာပါ။ လွှတ်တော်အမတ်တွေကလဲ လွှတ်တော်မှာအဆိုတင်ပြီး ရှုံ့ချရပါမယ်။ လူတွေမှာ စည်းရှိရပါတယ်။ ပြည်သူတင်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ချင်ရင် သတ္တိရှိရင်တော့ ယူနီဖောင်းချွတ်ပြီး အရွေးခံလိုက်ပါ။ ဂန်ဒူးလိုတော့ သွားမလုပ်ပါနဲ့။အချိန်ပိုနေရင် ရခိုင်မှာ စစ်တိုက်နေရတဲ့ တပ်သားတွေနဲ့ သွားတွေ့တာက ပိုအကျိုးရှိပါမယ်လို့ ပြောပါရစေ။

New credit: Myanmar Now

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

2 Comments


Myat Tun Oo
Myat Tun Oo
Oct 17, 2019

ရှဉ်ပါ။

Like

Shwe Eain
Shwe Eain
Oct 17, 2019

ရှယ််ပြီးနော်ဆရာမြတ်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page