top of page
Search

တပ်ကြပ်ကြီးဖိုးစည်နှင့် စကားပြောခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 24, 2021
  • 1 min read

တပ်ကြပ်ကြီးတစ်ယောက်ကမေးတယ် အဘကျွန်တော့်ကလေးတွေအတွက် စိတ်ပူလို့ ဘာလုပ်ရမလဲအဘတဲ့။ လိုင်းပေါ်မှာ။ သူနဲ့သိတာကြာပြီ။ သူက ရေးတတ်ဖတ်တတ်လောက်သာပါ။ စစ်တပ်ထဲကရဲဘော်အဆင့်အများစုဟာ စာမတတ်သူတွေများပါတယ်။ ဘာလို့စိတ်ပူတာလဲဆိုတော့ သူကရှင်းပြပါတယ်။ ယခုမြဝတီမှာ အဖျက်အမှောက်လုပ်ငန်းတွေများနေတော့ ကျွန်တော့် သားသမီးတွေ တပ်ကျောင်းသွားတက်ရင် အဲ့ဒီကျောင်းက အများစုက တပ်ကကလေးတွေဆိုတော့ ပစ်မှတ်ဖြစ်သွားနိုင်လို့စိတ်ပူလို့ပါအဘတဲ့။ မင်းက သူတို့လုပ်နိုင်တာကို ယုံလို့လားဆိုတော့ သူက ယခုက ကျွန်တော်တို့တွေအတိုက်ခံရတာ ပိုစိတ်လာတယ် စစ်ရေးသတိပိုရှိဖို့လိုတယ်လို့ ဟိုနေ့က ဒါဘား(အစည်းအဝေး)မှာပြောသွားလို့အဘ။ နောက် စရဖက သူတို့ဖမ်းလိုတဲ့ ဒီမိုမတွေ့ရင် သားသမီးဖမ်း မိဘဖမ်းဆိုတော့ကျွန်တော်လဲ သူတို့များ ငါတို့သားသမီးတွေ မိဘတွေကို ကလဲ့စားချေတဲ့အနေနဲ့ ပြန်လုပ်မလားလို့စိတ်ပူလာလို့ပါအဘ။ သူတို့က မလုပ်လောက်ပါဘူးကွာ။ သူတို့လုပ်ရင် ရဲဘော်ကလေးတွေတက်တဲ့ကျောင်းတော့ မလုပ်လောက်ပါဘူး။ ဒါဆိုရင် ပျူစောထီးကလဲ သူတို့ကို သိက္ခာချဖို့ လုပ်မယ်ဆိုပြီးကောလဟာလထွက်နေတာကြားလို့ပါအဘ။ ဒါကတော့ ငါလဲ မပြောတတ်ဘူးကွ။ ပြဿနာက မင်းကလေးတွေကို တပ်အစောင့်ကားနဲ့ ကျောင်းထဲသွားပို့တယ်ထား မင်းပြောသလို ဒီမိုက ကလဲ့စားချေနိုင်သလို ပျူစောထီးကလဲ သူတို့ကို ချောက်ချလိုလို့ ဝင်သတ်ရင် ကြားထဲက မင်းကလေးသေမှာပါ။သတ်သူဘယ်သူဖြစ်ဖြစ် သေမှာက မင်းကလေးတွေ။ အကောင်းဆုံးကတော့ အကြောင်းတစ်ခုခုပြပြီးမင်းမိန်းနဲ့ကလေးကို ရွာပြန်ပို့ကြည့်ပါလား? ဒါလဲမဖြစ်ဘူးအဘ။ ယခုလဲ ပေးမထွက်ဘူး။ ရွာပြန်ရင်လဲ ကျွန်တော့်မိန်းမကို အရပ်က ကြည်ဖြူပါ့မလား? အင်း ဒါလဲ ဟုတ်တာဘဲ။ ဒါဆိုရင်လဲ လွတ်ရာလမ်းသာ ရှာကြည့်ပါကွာ။ ယခုအချိန်မှာ မင်းအနေနဲ့ တပ်ထဲမှာ ဆက်နေနေရင် မင်းအဆင့်ကရှေ့တန်း​ရောက်ရင် ဟိုကပစ်ရင် မလွယ်ဘူး။ အကောင်းဆုံးကတော့ လွတ်ရာလမ်းကိုရှာ လက်နက်ကျည်ဆန်ယူ ပြန်ရောင်းပြီး နယ်စပ်ကိုသာ ပြေးပါလို့ ပြောလိုက်ရပါတယ်။ အဆင်ပြေပါစေတပ်ကြပ်ကြီးဖိုးစည်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page