top of page
Search

တပ်ကြိုတင်မဲနှင့် ရွေးကော်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 4, 2020
  • 1 min read

ရွေးကော်ဟာ NLD အစိုးရ တက်လာအပြီးမှာ ဗဟိုက အဖွဲ့ဝင်တွေကို အသစ်ခန့်ခွင့် ရခဲ့ပါတယ်။ ဘာနဲ့တူလဲဆိုတော့ ဝန်ကြီးနဲ့ ဒုဝန်ကြီးကို ခန့်လိုက်သလိုပါ။ ဒါဆိုရင် ပြဿနာက ပြီးသွားပြီလား? ရွေးကော်ဟာလဲ အစိုးရအဖွဲ့လိုပါဘဲ။ သူက ဗဟိုကနေ အကုန်လုပ်မရပါ။ အောက်ခြေမှာ တိုင်း၊ ပြည်နယ်၊ ခရိုင်အဆင့် ဝန်ထမ်းတွေရှိပါတယ်။ သူတို့ဟာ ၂၀၁၃ မှာ ဦးတင်အေးက ပြည်သူတွေ အရပ်သားတွေကို မခန့်ခဲ့ဘဲ တပ်က ဗိုလ်မှူးအဆင့် တစ်ထောင်ကို ရွေးကော်ရဲ့ လက်ထောက်ညွှန်ကြားရေးမှူးတွေအဖြစ်ပြောင်းခန့်ခဲ့ပါတယ်။ သူတို့ဟာ ၂၀၁၅ မှာလဲ ရွေးကောက်ပွဲကျင်းပခဲ့လို့ မကောင်းဘူးလား မေးစရာရှိပါတယ်။ ဒီနေရာမှာ သူတို့ရဲ့ သစ္စာခံမှုက စကားပြောလာပါမယ်။


ယခုရွေးကော်ဥပဒေအသစ်အရ မဲရုံတွေကို တပ်ထဲကနေ တပ်ပြင်ထုတ်ရပါမယ်။ ဒါကိုကြီးကြပ်ဖို့ကမြို့နယ်နဲ့ ခရိုင်အဆင့် ရွေးကော်တွေပါ။ ဒီနေရာမှာ မိုးကျတွေက ပြည်သူဘက်ကရပ်မလား အဘတို့နဲ့ရပ်မလား မေးစရာ ရှိလာပါတယ်။ ဒါက ပထမအချက်ပါ။


ဒုတိယက တပ်ကြိုတင်မဲပါ။ တပ်မဲစာရင်းကို တပ်ထဲကသာလုပ်တာပါ။ အပြင်လူကို ပေးမလုပ်ပါ။ ဒါပေမယ့် ရွေးကော်ကိုတော့ ပို့ရပါတယ်။ ဒီနေရာမှာ ရှေ့တန်းထွက်နေတဲ့ စစ်သည်တွေကသာ ကြိုတင်မဲပေးနိုင်မှာပါ။ ယခုလုပ်နေပုံက နောက်တန်းမှာ မိသားစုအားလုံး ကြိုတင်မဲ၊ ရှေ့တန်းမှာလဲ လူကိုယ်တိုင်မဲပေးဖို့ လုပ်နေတာပါ။

ဥပမာ ရဲမွန်ဆိုပါတော့။ သူ့တပ်ထဲ ရှိသမျှမိသားစုက ကြိုတင်မဲပေးစရာမလိုပါ။ ဒါပေမယ့် မဲပေးဖို့လုပ်နေတာတွေရှိပါတယ်။ ဒါ့ကြောင့် ကိုယ်စားလှယ်တွေက ကြိုတင်မဲပေးဖို့ အဆိုတင်သူတိုင်းကို စစ်ရပါမယ်။ ဒါ့အပြင် သူတို့ဘယ်သွားလို့ ကြိုတင်မဲပေးရသလဲဆိုတာကို ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်တွေကို အသိပေးပြီး မှတ်ပုံတင်နဲ့တကွ စာရင်းပေးသင့်ပါတယ်။ ပြီးရင် သူတို့ရှေ့တန်းထွက်တဲ့နေရာမှာ မဲထပ်မပေးအောင် စစ်ရပါမယ်။

ဒါကဘာအတွက်အရေးကြီးလဲ? အချို့နေရာတွေမှာ NLD ထောက်ခံသူက မဲထွက်မပေးခဲ့ရင် ဖွတ်ကတပ်ကြိုတင်မဲနဲ့ နိုင်သွားနိုင်ပါတယ်။ ဥပမာ မိတ္ထိလာလို နေရာမျိုးမှာပါ။ နောက်အဲ့ဒီတပ်က တနိုင်းမှာမဲထပ်ပေးရင် ဒီမိုမဲက တိုင်းရင်းသားနဲ့ NLD ကြားမဲကွဲပြီး တပ်မဲနဲ့ ဖွတ်က နိုင်သွားနိုင်ပါတယ်။


ဒါကို ဘယ်လိုကာကွယ်မလဲ? ဖြစ်နိုင်ရင် တပ်ကမဲစာရင်းတွေကို ဗဟိုကွန်ပျူတာစနစ် centralised computer system database နဲ့ စစ်ပြီး သူခိုးဖမ်းသလို ဖမ်းရပါမယ်။ ဒါကို မိုးကျတွေက လုပ်မလားဆိုတာက မေးခွန်းထုတ်စရာပါ။


စာရေးသူအနေနဲ့ကတော့ ရေးစရာရှိတာ ရေးပြီးပါပြီ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

1 Comment


Albert Wint
Albert Wint
Oct 04, 2020

တပ်မိသားစုသန်းခေါင်စာရင်းကို ရွေးကော်ပို့ခိုင်းရင်ကော ရ/မရ (ရွေးကော်ဥပဒေ) လမ်းကြောင်းနှင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page