top of page
Search
  • Writer's pictureMyat Tun Oo

တန့်ဆည်


အပြောမဟုတ်တဲ့တပ်တော် PDF တွေရှိတဲ့ တန့်ဆည်

လက်တွေ့တိုက်တဲ့တပ်တော် PDF တွေရှိတဲ့ တန့်ဆည်

မီဒီညာတွေ သိပ်မဖားတဲ့ PDF တပ်တော်တွေရှိတဲ့တန့်ဆည်

သူက ဗီဒီယိုနဲ့တက်လာတော့ အဘကဖိအားပေးတိုက်ခိုင်းပြီ

အောက်ကဗျူဟာက အမိန့်မနာခံ ရဟတ်ယာဉ်မရရင် ထွက်မတိုက်ရဲ

ဗီဒီယိုမတက်ခင်အထိက ကျွန်တော်တို့ ထိန်းထားပါသည်ဟု အဘထံလိမ်ခဲ့သူလဲ ရှိသေးသည်

ဘယ်တိုင်းမှူးလဲလဲ မအလကိုယ်တိုင်ဆင်းတိုက်တောင် မနိုင်တော့ပါ။

ယခင်က အောက်ခြေ ဗိုလ်မှူးကြီးအဆင့်အထိသာ တုန်လှုပ်ခဲ့ပေမယ့် ယခုအထက်မှာလဲ ကျီးလန့်စာစားနေရပြီလေ။

လိုင်းပေါ်က ယခင်ကဆို အသေဆဲတဲ့အဘတောင် စိတ်သိပ်မပါသလိုပါ။ သူ့အသံမှာ မာန်မရှိတော့။

သူလဲ မစားရလို့ စားထားတာတွေ ပေါ်မှာစိုးလို့ စိတ်ကျနေသလိုပင်။

နောက်ဆုံးကတော့ ပြည်သူသာ အဓိကပါ။

ပြည်သူညီညွတ်ရင် မအောင်စရာမရှိပါ။

တပ်တော်တွေနဲ့ Live ဇတ်တော်တွေကရင်သာ အချိန်ကြာမှာပါ။

အပြီးသိမ်းနိုင်သေးတာမဟုတ်ပေမယ့် မအလအရှိုက်ကို ထိုးလိုက်တာပါ။

လေးစားပါတယ်တန့်ဆည်။

1,446 views0 comments

Recent Posts

See All

တိုက်ဆိုင်လိုက်တာများကွာ

တိုက်ဆိုင်လိုက်တာများကွာ ၁၉ ဇွန် ၁၉၄၅ အမေ့မွေးနေ့ တရုတ်ကိုယ်စားလှယ် DASSK နဲ့ ထပ် တွေ့ခွင့်တောင်း ဇွန် ၁၈ မြောက်ပိုင်းထိုးစစ်ပြန်စ ဇွန် ၂၅ သိန်းစိန် တရုတ်ပြည်သွား ဇွန် ၂၇ ဒုချုပ် တရုတ်ပြည်သွား ဇူလိုင်

အလုံးစုံ ပျက်သုဉ်းရေးလုပ်နေသူ မအလ

အလုံးစုံ ပျက်သုဉ်းရေးလုပ်နေသူ မအလ ဘဏ်တွေကို ယုံကြည်ချက်ကျအောင် ပုံမှန်မှာ အတော်လုပ်ယူရမှာပါ။ မအလအကွက်ကလှတော့ NUG က ဘာမှ လုပ်စရာမလိုဘဲ လူတွေ တန်းစီသွားကြပါတယ်။ စျေးကွက်ကို အမိန့်ပေးလို့ရရင် ကွန်မြူနစ်စ

ယူရိုပွဲမှ သံဝေဂ

ယူရို ၂၀၂၄ မှာ တူရကီက ကစားသမားလဲကစားလဲ လူစားလဲသူက အင်မတန်ကောင်းတယ် ပြင်သစ်ကလဲ နာမည်ကြီးကစားသမား ဘာပေကိုထုတ်ပြီး လူစားလဲပေမယ့် အသစ်ကလဲ ကစားတာတော်တယ် အင်္ဂလန်ကလဲ ဟယ်ရီကိန်းကိုထုတ်ပြီး လူစားလဲကစားလဲ နိုင

Comments


bottom of page