top of page
Search

တကယ်ထူးတဲ့ ပင်လည်ဘူး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 12, 2022
  • 1 min read



စာရေးသူတို့ရဲ့ လက်နက်ကိုင်တော်လှန်ရေးကို အစပိုင်းမှာ မအောင်မြင်နိုင်ဘူးဆိုပြီး ပြောခဲ့သူများရှိပါတယ်။ သက်တမ်းရင့်လက်နက်ကိုင်သူပုန်တွေတောင် နှစ် ၇၀ တိုက်လို့မနိုင်တာ မင်းတို့ဘယ်လိုနိုင်မှာလဲဆိုပြီး အထင်သေးသူများ ရှိခဲ့ပါတယ်။ တော်လှန်ရေးမှာ NUG နဲ့ PDF ကြား ဝေဝါးအောင် ပြောဆိုခဲ့တာတွေလဲရှိပါတယ်။ ဒီနေရာမှာ အဖွဲ့ပေါင်းစုံက PDF နာမည်ခံထားလို့ သာမန်ပြည်သူက NUG အောက်က PDF လား မိမိဖာသာနာမည်ခံ PDF လား မသဲကွဲခဲ့ပါ။ အချို့အဖွဲ့ကလဲ နာမည်တစ်ခုနဲ့ NUG အောက်ကမဟုတ်ဘဲ NUG နဲ့ NLD ကို နာမည်ဖျက်ဖို့ ဖွဲ့ထားတဲ့ PDF တွေလဲရှိပါတယ်။ သူတို့ကသတင်းသမားတွေနဲ့ အင်တာဗျူးပြီး လေလှိုင်းပေါ်မှာတိုက်နိုင်တာက များပါတယ်။ ဒါကို ပြည်သူအများစုကကြည့်ပြီး NUG က သူတို့ကိုဘာလို့ မထောက်ပံ့လဲဆိုတာလဲ ရှိတတ်ပါတယ်။ ဒါကြောင့်လဲယခုနောက်ပိုင်း PDF ယောင်ယောင်အဖွဲ့များက သူတို့က AA က အကူအညီရကြောင်း အချို့က ဘာအဖွဲ့ဘာညာ တရားဝင်ထုတ်ပြောလာနေရပါပြီ။

NUG အောက်က PDF တွေကနောက်ပိုင်းမှာ သူတို့ဟာ NUG ထံက အထောက်အပံ့ရကြောင်း ဗီဒီယိုတွေတင်ပြီး ပြောလာကြလို့ NUG ကို ပိုယုံကြည်ပြီး PRF အဖွဲ့ဝင်ပြီး လစဉ် လှူလာကြတာလဲ တွေ့ရပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတာက ပင်လည်ဘူးပါ။ ပင်လည်ဘူးမှာ ၂၀၂၁ စက်တင်ဘာကလဲ တိုက်ပွဲဖြစ်ခဲ့ဖူးပါတယ်။ ပင်လည်ဘူးက ဘယ် PDF ကမှ ဗိုလ်ဘယ်သူ ဘာညာဆိုပြီး ထွက်မလာခဲ့ပါ။ သူတို့က KIA နဲ့ နီးနေတာလဲ ပါနိုင်ပါတယ်။ ဒါပေမယ့် ပင်လည်ဘူးမှာ အဓိကတိုက်သွားတာက PDF တွေပါ။ မအလတပ်က သူရှုံးသွားချိန်မှာ KIA ပါလို့ဆိုပြီး အရှက်ပြေပြောသွားတာပါ။ ဘာလို့မအလတပ် ပင်လည်ဘူးကို ရှုံးခဲ့ရလဲ?

ပင်လည်ဘူးမှာ မအလတပ်အတိုက်ခံခဲ့ရတာက စနစ်တကျ အတိုက်ခံခဲ့ရတာပါ။ သူ့ကို PDF က စခန်းကြီးဆောက်နေပြီလို့သတင်းပေး၊ သူ့တပ်က ထွက်ရှင်းချိန်မှာ အနောက်ဖက်ကနေ ဝင်အုန်းသွားတာပါ။စစ်ကူကလဲ ကုန်းကြောင်းက မပို့နိုင်လို့ လေကြောင်းကနေသာ ပို့ခဲ့ရပါတယ်။ မနေ့တနေ့ကပေါ်တဲ့ PDF ကို ၁၄ ရက်နီးပါးတိုက်လိုက်ရတာကိုက မအလတပ်ရဲ့ တိုက်ရည်ခိုက်ရည်ကျနေတာ ညံ့နေတာကို ပြပါတယ်။ သူက KIA ဝင်တိုက်ပေးလို့ PDF က မြို့သိမ်းနိုင်တယ်ဆိုပြီး အရှက်ပြေပြောတာကို မှန်တယ်လို့ဘောမထောက်ခံရင်တောင် KIA တွေ ဒီအထိဆင်းလာတာ မအလမသိတာ လုံခြုံရေးညံ့ဖျင်းမှုပါ။အားလုံးက ချီးကျူးနေတဲ့ AA က အစ ဘယ်လက်နက်ကိုင်သူပုန်ကမှ ၁၉၅၀ နောက်ပိုင်း မြန်မာ့သမိုင်းမှာ မြို့တွေကို မသိမ်းနိုင်ခဲ့ပါ။ ဒါကြောင့်ဒီလို PDF တွေ မြို့သိမ်းနိုင်တာကိုက ပြည်သူ့အစွမ်း အံ့မခမ်းလို့ ပြောရမှာပါ။

ဒီနေရာမှာ PDF တွေဘာလို့ ပင်လည်ဘူးမြို့ကို မထိန်းနိုင်လဲဆိုတော့ လေကြောင်းပါ။ တွေးကြည့်လိုက်ပါ။ စာရေးသူတို့မှာ လေယာဉ်ပစ်လက်နက်သာရှိရင် အဝေးပစ်လို့ရတယ့် ဟာဝေဇာအမြောက်မျိုးသာရှိခဲ့ရင် ပင်လည်ဘူးဟာ ပထမဆုံး လွတ်မြောက်နယ်မြေရဲ့မြို့တော် ဖြစ်သွားမှာပါ။ ယခင်ကရှမ်းပြည်လောက်ကိုင်တိုက်ပွဲ မြောက်ဦးနားမှာ AA နဲ့ မအလတပ်ဖြစ်တဲ့တိုက်ပွဲတွေမှာတောင်လက်နက်ကြီးတွေ အပြန်အလှန်သုံးပေမယ့် ဘယ်မြို့မှ မကျခဲ့ပါ။ ယခု PDF တွေက မြို့ကို စသိမ်းနိုင်လာနေပါပြီ။ မြို့ကို မထိန်းနိုင်သေးတာက လေကြောင်းနဲ့ လက်နက်ကြီး အားနည်းနေသေးလို့ပါ။

စာရေးသူတို့ပြည်သူတွေက ဘာလုပ်ရမလဲဆိုတော့ ဗျူဟာကျကျ လက်နက်တွေဝယ်နိုင်အောင်လေယာဉ်ပစ်လက်နက်တွေ၊ တာဝေးပစ်အမြောက်တွေ ဝယ်နိုင်အောင် ရန်ကုန်ကို သယ်ရလွယ်တဲ့ ၁၀၇မမတွေ များများဝယ်နိုင်အောင် ပြည်သူကရွေးကောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ဖွဲ့ပေးထားတဲ့ပြည်သူ့အစိုးရ NUG ကို သာ ငွေလုံးမကွဲအောင် လှူတန်းခြင်းဖြင့် ပင်လည်ဘူးကို ခဏတာသိမ်းနိုင်ရာက ထာဝရသိမ်းနိုင်အောင် ငွေအားနဲ့ ကူညီကြပါ။ ပင်လည်ဘူးက တကယ်လှူရင် တကယ်ထူးမှာပါလို့ပြောပါရစေ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page