top of page
Search

တကယ်တိုက်ရဲလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 5, 2021
  • 1 min read



လူတစ်ယောက်ဟာ မိမိရူးနေတာကို ရူးမှန်းမသိရင် သူဟာ သေချာရူးသွားပြီလို့ ပညာရှင်တွေကသတ်မှတ်ကြပါတယ်။ အင်္ဂလိပ်လို lack of insight မိမိအခြေအနေကို မသိခြင်းလို့ ဆိုပါတယ်။

ပထမ မအလရူးတာက လူတွေက မိမိကိုအသေမုန်းနေတာကို သူ့ကိုပြည်သူတွေက မဲပေးမယ်လို့ ထင်နေခဲ့တာပါ။ Facebook အကောင့်တုတွေက အဘဆိုတာကို သာယာတာပါ။ အဆိုပါ အကောင့်တုကလဲသူ့စရဖက လုပ်ထားတာပါဘဲ။

နောက်ပုံမှန် ရွေးကောက်ပွဲမှာ အပြတ်အသတ်ရှုံးရင် ပုံမှန်ဦးနှောက်လောက်ဆို ပြန်စဉ်းစားမှာပါ။အာဏာရူးက ဆက်မိုက်ပြီး အာဏာသိမ်းပါတယ်။ ဒီအချိန်မှာ မိမိကိုယ်ပြည်သူတွေကသာ အစစ်အမှန်ထောက်ခံခဲ့ရင် လမ်းပေါ်ကို ပြည်သူတွေက သန်းချီထွက် ဆန္ဒပြစရာမရှိပါ။ ယခုလို ပြည်သူတွေသန်းချီထွက်လာခဲ့ရင် ငါရနေတဲ့ သတင်းတွေက အမှန်လား လိမ်တာလားဆိုတာ ပုံမှန်စိတ်ဝေဒနာမရှိရင်ပြန်စဉ်းစားမှာပါ။ မအလကတော့ ရူးနေလို့ ပြန်မစဉ်းစားနိုင်ဘဲ ပစ်ပြီး ဆက်မိုက်ခဲ့ပြန်ပါတယ်။

ယခုလဲ မြောက်ပိုင်း KIA အတွက် ပုဇင်းလွှတ် တောင်ပိုင်း KNU အတွက် လေယဉ်လွှတ်တဲ့ကြားကတပ်သားတွေဟာ ပွဲတိုင်းမှာ ဒါဇင်နဲ့ချီ သေနေခဲ့ပါတယ်။ ဒါက နှစ်ပေါင်း သုံးလေးဆယ် သက်တမ်းရှိတဲ့ အဖွဲ့တွေနဲ့ တိုက်ရာမှာပါ။ ယခုဟာက ကလေးက တူမီးသေနတ်ကိုင်ကိုတောင် မနိုင်လို့ ပုဇင်းခေါ်စစ်ကူပို့နေရတဲ့အထိပါ။ ဒါတွေဟာ လုပ်ဇတ်မဟုတ်ပါ။

ယခုလို မိမိပြည်တွင်းမှာ မနိုင်ပေမယ့်လဲ မအလက ပြင်သစ်ဦးဆောင်တဲ့ စစ်ရေးလေ့ကျင့်ပွဲနားမှာ စစ်ရေးလေ့ကျင့်မယ်လို့ ကြေညာပြီး တပ်ထဲမှာ ရိုက်စားလုပ်ဖို့ ကြိုးစားလာတာ တွေ့ရပါတယ်။ ယခုလုပ်မယ့် ပြင်သစ်ဦးဆောင်တဲ့ QUAD စစ်ရေးလေ့ကျင့်ပွဲဟာ စာရေးသူသိသလောက် ဆန္ဒပြသူတွေ မတ်၂၇ ကလို ထပ်မသေရင် ဘာမှဝင်မလုပ်သေးပါ။ သူတို့က ကုလကိုယ်စားလှယ် အာဆီယံနိုင်ငံတွေကိုသွားပြီး ဘာအဖြေထွက်မှာလဲဆိုတာ စောင့်ကြည့်ပြီးမှ သံတမန်နည်းလမ်းကုန်သွားပြီး အထဲမှာ မအလက ဆက်ပစ်နေပြီး လူတွေသေမှ ဒုက္ခသယ်တွေ နယ်စပ်ဖြတ်မှ ဗုံးကြဲလို့ လူတွေသေမှ ဝင်မှာပါ။လောလောဆယ် ဒီရက်ပိုင်းအတွင်း မဝင်ဖို့များလို့ မအလက သူ့တပ်တွေကို စစ်ရေးလေ့ကျင့်ခိုင်းပြီးသူ့တပ်ကြောင့်ဘဲ အမေရိကန်မလာသယောင် အထဲကငတုံးတွေကို ဆိုက်ဝါးသုံးဖို့ပါ။ တကယ်အမေရိကန်က တိုက်ချင်ရင် သူတို့ဘာမှ လုပ်မရကြောင်း ရေတပ်ဆောင်းပါးတွေ ရေးလေ့ရှိတဲ့ သူရေချုပ်မိုးအောင်သိပါတယ်။

မအလအနေနဲ့ သူ့တပ်နဲ့ အမေရိကန်ကို ပြန်ချနိုင်တယ်ထင်ရင်တော့ အတော့်ကို ရူးနေပြီလို့သာ ပြောပါရစေ။ တကယ်တိုက်ရဲရင်တော့် တိုက်ပြလိုက်ပါ။ ဒါမှ ငရဲပြည်ကို အမြန်သွားလို့ရမှာပါလို့ ပြောပါရစေ။ မအလဟာ အမေရိကန်မပြောနဲ့ တရုတ်ပြည်ထဲ လေယဉ်ဗုံးဆန်ကျပြီး လူသေလို့ တရုတ်က လေယဉ်ဝဲပြ တင့်ကားမောင်းပြပြီး ရာဇသံပေးချိန်မှာ အောင်စိုးကို ပြည်ထဲရေးပြောင်း လေတပ်ဗိုလ်ချုပ်ကို အနားပေးပြီး တရုတ်ရာဇသံကို အကြောက်နဲ့ တုန့်ပြန်ခဲ့တာပါ။ မအလကို မှာချင်တာကတော့ Best of Luck ပါ။ ဆက်မိုက်ပြီးရူးနေရင် ငရဲကတော့ သေချာနေပြီး ကဒါဖီလို အဆုံးသတ်သွားမယ်လို့သတိပေးပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Commenti


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page