top of page
Search
Writer's pictureMyat Tun Oo

ညီညွတ်ချိန်တန်ပြီ


ညီၫြတ္ခ်ိန္တန္ၿပီ

စာေရးသူတင္တာကိုwww.myattunoo.com website စာမ်က္ႏွာကစာဖတ္သူမိတ္ေဆြမ်ားဖတ္ရတာအခက္အခဲရွိတာကိုနားလည္ပါတယ္။ဒါေပမယ့္လဲFacebook ကပိတ္ရင္လံုးဝအေကာင့္ပါေပ်ာက္သြားႏိုင္လို႔ယခုလိုစာမ်က္ႏွာကသာတင္ရတာပါ။အခ်ိဳ႕မိတ္ေဆြမ်ားကျပန္ရွယ္ေပးေတာ့အဆင္ေျပမယ္ထင္ပါတယ္။စာေရးသူလဲwebsite ကတင္တာလြယ္တာေတာ့မဟုတ္ပါ။ႏိုင္ငံျခားကအမ်ိဳးထံပို႔ရသူ႔ကိုတဆင့္လုပ္ခိုင္းရနဲ႔အလုပ္ရွုပ္ပါတယ္။ဒါေပမယ့္လဲမိမိလံုျခံဳေရးအတြက္ဒီလိုဘဲဆက္လုပ္ေနရပါတယ္။သူတို႔ေဆးနဲ႔သူတို႔ကိုျပန္ေကၽြးေနတဲ့သေဘာပါ။website ကိုေတာ့သူတို႔ဘာမွလုပ္မရပါ။စာေရးသူကဒီမိုစစ္စစ္ႀကီးမဟုတ္လို႔ေထာင္ေၾကာက္ေနပါေသးတယ္။

ေနာက္ၿပီးစစ္ပြဲသတင္းေတြ။ႏွစ္ဖက္ကေလာ္ဘီလုပ္တင္တာေတြရွိပါမယ္။စဥ္းစားၿပီးမွရွယ္ၾကပါ။ဥပမာေမၿမိဳ႕ကိုတိုက္ရာမွာသူပုန္ကဗိုလ္ေလာင္းေတြေသမွာစိုးလို႔မပစ္ဘဲထားခဲ့သလိုTNLA ကေျပာပါတယ္။သူ႔ဖာသာေျပးရလို႔မပစ္သြားရတာပါ။

သူေျပာတာအမွန္လို႔ထားလိုက္။ဒါဆိုရင္တကယ့္သူတို႔ကိုနွိပ္စက္ႏိုင္တဲ့စစ္သားကိုေတာ့ေသမွာစိုးလို႔မပစ္ဘဲျပည္သူေတြ၊ရဲကိုမီး႐ိႈ႕သတ္တာေတြ၊အေရးေပၚကားကိုပစ္တာေတြဟာTNLA စကားအရဘဲသူတို႔ဟာသာမန္ျပည္သူေတြကိုစစ္သားအသက္ေလာက္တန္ဖိုးမထားသလိုျဖစ္ေနပါတယ္။စကားဆိုတာေရွ႕ေနာက္ညီရပါတယ္။

ဟိုေျမာက္ဦးမွာလဲသူပုန္ကသူမရွိဘဲတပ္က႐ူးၿပီးပစ္သေရာင္။ေနာက္ပိုင္းၾကေတာ့သူပုန္နဲ႔တိုက္ပြဲျဖစ္တာပါဘဲ။သူပုန္ကသတင္းစစ္ပြဲမွာႏိုင္ေနပံုပါ။

စစ္ေလာ္ဘီေတြအေနနဲ႔လဲဟိုပံုအေဟာင္းေတြနဲ႔ျပည္သူကိုအင္မထည့္ပါနဲ႔။မ်က္ရည္မခ်ဴပါနဲ႔။မိမိအသံုးမက်လို႔ရန္သူ႔အတိုက္ခံရရင္လဲခံရတယ္ေပါ့။ေလယဥ္ပ်ံနဲ႔လဲရန္သူအနည္းငယ္ကိုတိုက္မရပါ။ဧည့္စားရင္းကရန္သူ၃၀၀ေလာက္ယူနီေဖာင္းနဲ႔ဝင္လာတာကိုဘာမွလုပ္မရပါ။

တိုင္းျပည္ရဲ႕ျပႆနာဟာယခုထက္ပိုၿပီးနက္႐ိႈင္းပါတယ္။ေခါင္းေဆာင္မ်ားအားလံုးေဆြးေႏြးတိုင္ပင္ၿပီးအၾကမ္းဖက္သမားမ်ား၊ဘိန္းေမွာင္ခိုမ်ားကိုေခ်မႈန္းႏိုင္ပါေစ။တပ္ေနာက္မွာျပည္သူမရွိရင္ဘာမွလုပ္မရပါ။ညီၫြတ္ခ်ိန္တန္ပါၿပီ။

Unicode version

ညီညွတ်ချိန်တန်ပြီ

စာရေးသူတင်တာကိုwww.myattunoo.com website စာမျက်နှာကစာဖတ်သူမိတ်ဆွေများဖတ်ရတာအခက်အခဲရှိတာကိုနားလည်ပါတယ်။ဒါပေမယ့်လဲFacebook ကပိတ်ရင်လုံးဝအကောင့်ပါပျောက်သွားနိုင်လို့ယခုလိုစာမျက်နှာကသာတင်ရတာပါ။အချို့မိတ်ဆွေများကပြန်ရှယ်ပေးတော့အဆင်ပြေမယ်ထင်ပါတယ်။စာရေးသူလဲwebsite ကတင်တာလွယ်တာတော့မဟုတ်ပါ။နိုင်ငံခြားကအမျိုးထံပို့ရသူ့ကိုတဆင့်လုပ်ခိုင်းရနဲ့အလုပ်ရှုပ်ပါတယ်။ဒါပေမယ့်လဲမိမိလုံခြုံရေးအတွက်ဒီလိုဘဲဆက်လုပ်နေရပါတယ်။သူတို့ဆေးနဲ့သူတို့ကိုပြန်ကျွေးနေတဲ့သဘောပါ။website ကိုတော့သူတို့ဘာမှလုပ်မရပါ။စာရေးသူကဒီမိုစစ်စစ်ကြီးမဟုတ်လို့ထောင်ကြောက်နေပါသေးတယ်။

နောက်ပြီးစစ်ပွဲသတင်းတွေ။နှစ်ဖက်ကလော်ဘီလုပ်တင်တာတွေရှိပါမယ်။စဉ်းစားပြီးမှရှယ်ကြပါ။ဥပမာမေမြို့ကိုတိုက်ရာမှာသူပုန်ကဗိုလ်လောင်းတွေသေမှာစိုးလို့မပစ်ဘဲထားခဲ့သလိုTNLA ကပြောပါတယ်။သူ့ဖာသာပြေးရလို့မပစ်သွားရတာပါ။

သူပြောတာအမှန်လို့ထားလိုက်။ဒါဆိုရင်တကယ့်သူတို့ကိုနှိပ်စက်နိုင်တဲ့စစ်သားကိုတော့သေမှာစိုးလို့မပစ်ဘဲပြည်သူတွေ၊ရဲကိုမီးရှို့သတ်တာတွေ၊အရေးပေါ်ကားကိုပစ်တာတွေဟာTNLA စကားအရဘဲသူတို့ဟာသာမန်ပြည်သူတွေကိုစစ်သားအသက်လောက်တန်ဖိုးမထားသလိုဖြစ်နေပါတယ်။စကားဆိုတာရှေ့နောက်ညီရပါတယ်။

ဟိုမြောက်ဦးမှာလဲသူပုန်ကသူမရှိဘဲတပ်ကရူးပြီးပစ်သရောင်။နောက်ပိုင်းကြတော့သူပုန်နဲ့တိုက်ပွဲဖြစ်တာပါဘဲ။သူပုန်ကသတင်းစစ်ပွဲမှာနိုင်နေပုံပါ။

စစ်လော်ဘီတွေအနေနဲ့လဲဟိုပုံအဟောင်းတွေနဲ့ပြည်သူကိုအင်မထည့်ပါနဲ့။မျက်ရည်မချူပါနဲ့။မိမိအသုံးမကျလို့ရန်သူ့အတိုက်ခံရရင်လဲခံရတယ်ပေါ့။လေယဉ်ပျံနဲ့လဲရန်သူအနည်းငယ်ကိုတိုက်မရပါ။ဧည့်စားရင်းကရန်သူ၃၀၀လောက်ယူနီဖောင်းနဲ့ဝင်လာတာကိုဘာမှလုပ်မရပါ။

တိုင်းပြည်ရဲ့ပြဿနာဟာယခုထက်ပိုပြီးနက်ရှိုင်းပါတယ်။ခေါင်းဆောင်များအားလုံးဆွေးနွေးတိုင်ပင်ပြီးအကြမ်းဖက်သမားများ၊ဘိန်းမှောင်ခိုများကိုချေမှုန်းနိုင်ပါစေ။တပ်နောက်မှာပြည်သူမရှိရင်ဘာမှလုပ်မရပါ။ညီညွတ်ချိန်တန်ပါပြီ။

66 views0 comments

Comments


bottom of page