top of page
Search

ဇယ်လင်းစကီးနှင့် ဆရာကျောင်းမှပြောသော ဥရောပ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 23
  • 1 min read

ဥရောပဟာ လူ့အခွင့်အရေး အင်မတန်ကောင်းပါတယ်။ ခိုးဝင်လာရင်လဲ နိုင်ငံသားကို ဆယ်နှစ်ခိုးဝင်ပြီး မဖမ်းအောင်နေနိုင်ရင် ပေးလေ့ရှိပါတယ်။ ဒုက္ခသည်တွေကိုလဲ လက်ခံပါတယ်။ လူ့အခွင့်အရေးအတွက် အာဏာရှင်တွေကို ရှုတ်ချခဲ့ပါတယ်။ စီးပွားရေးပိတ်တာ ဘာညာလုပ်ပြပါတယ်။ ဥရောပက သတင်းသမားတွေ၊ ဘီဘီစီလိုသတင်းဌာန တွေကလဲ အသံကျယ်‌ လောင်စွာ အော်ခဲ့ပါတယ်။ ငါတို့ကိုလာမထိနဲ့ ပြန်ချမယ်ဘာညာ ထ ထ အော်ပါတယ်။ ယခင်က ဩစ‌တြေးလျက လှေစီးဒုက္ခသည်တွေကို အဝင်မခံဘဲ အခြားကျွန်းပို့တာကို ရှုတ်ချပါတယ်။ လက်ရှိ အိန္ဒိယဝန်ကြီးချုပ် မိုဒီကိုလဲ မူစလင်ဗလီဖျက်ဆီးမှု၊ မူစလင်ဘာသာဝင်တွေကို တိုက်ခိုက်ရန် လှုံ့ဆော်မှုနဲ့ ၂၀၀၃ မှာ ဗီဇာပိတ်ခဲ့ပါတယ်။

ဂျာမနီက ဆီးရီးယားဒုက္ခသည်များစွာလက်ခံခဲ့ပြီး သူ့ရဲ့ လူသားစာနာမှုကို ပြခဲ့သလို ကိုဇိုဗို၊ အီရတ်နဲ့ လစ်ဗျားတို့မှာ လူသားမျိုးနွယ်မတုန်းစေဖို့ လိုအပ်ရင် ဝင်စွက်မယ်ဆိုပြီး အာဏာပြခဲ့ပါတယ်။


၂၀၂၆ ကို ပြန်ကြည့်ရအောင်။

ယူကေဟာ သူဥရောပသမဂ္ဂထဲမှာရှိနေရင် ဒုက္ခသည်တွေလက်ခံရမှာစိုးရိမ်ပြီး ဥရောပသမဂ္ဂထဲက ထွက်လုပ်တော့ ဥရောပက သူက အများကြီးပေးသယောင် သတင်းသမားတွေခဲ့ပါတယ်။ ယခုအချိန်မှာ ယူကေနဲ့ ဥရောပက တရားမဝင်ခိုးဝင်လာသူတွေကို အခြား ဆင်းရဲတဲ့နိုင်ငံတွေကိုပို့ပြီး ခိုလှုံခွင့်မပေးဖို့ လုပ်လာနေကြပါတယ်။ ဂျာမနီကလဲ သူ့ထဲက ဆီးရီးယားဒုက္ခသည်တွေကို ပြန်ပို့ဖို့ လုပ်နေပါတယ်။ ယူကရိန်းကိုထောက်ခံတဲ့ ပိုလန်က ယူကရိန်းကလွဲရင် အခြားဒုက္ခသည်တွေကို လက်ခံဖို့ငြင်းသလို ဟန်ဂေရီကလဲ ငြင်းပါတယ်။ အထူးသဖြင့် အာဖရိကနဲ့ အာရပ်က ဘာသာမတူသူတွေကိုပါ။သူတို့က အင်မတန် လူမျိုးရေးခွဲခြားပါတယ်။

ဒါ့အပြင် ထရမ့်တက်ချိန် ယူကရိန်းကို အကူအညီရပ်မလိုလုက်ချိန်မှာ ဥရောပက အကူအညီပိုပေးသလို ဝိုင်းရေးကြပါတယ်။ ဒါပေမယ့် ဘာမှ အမေရိကန်ထက် အများကြီး မပေးခဲ့ပါ။ ဒါဆို ဥရောပက ယူကရိန်းဘက်ကထောက်ခံလို့ ရုရှား‌ ရေနံမဝယ်ဘဲနေသလားဆိုတော့ လျော့ချတာသာရှိပြီး ၇.၂ ဘီလီယံဖိုး ဝယ်နေပါသေးတယ်။ သူတို့က ထရမ့်ကို ဘာလုပ်ပါ ညာလုပ်ပါပြောပြီး ယောက်ဖပူတင်ကို နွားနို့တိုက်နေတာပါ။ ဒါ့အပြင် ဥ‌ရောပသမဂ္ဂက သိမ်းထားတဲ့ ရုရှားပိုင် ဒေါ်လာ ၂၄၄ ဘီလီယံကိုလဲ ယူကရိန်းကို ပေးမလိုနဲ့ မပေးပါဘူး။ ဒါက သတင်းတွေမှာ လေနဲ့ထောက်ခံပေမယ့် လက်တွေ့မှာဘာမှ အမေရိကန်လောက်မကူတာကိုလဲ ယူကရိန်းသမ္မတ သိလာခဲ့ပါတယ်။ ယူကရိန်းသမ္မတက ဥရောပခေါင်းဆောင်တွေနဲ့တွေ့တိုင်း ဘာကူမယ် ညာကူမယ်ပြောပေမယ့် လေနဲ့ကူနေတာကသာ များပါတယ်။

ဒါကြောင့်မိုလို့ ဇယ်လင်းစကီးက ဥရောပကို Davos က အစည်းအဝေးမှာစပြီး ဝေဖန်လာခဲ့တာပါ။ သူ ယခင်က ထရမ့်ကိုအာခံခဲ့ပေမယ့် ယခုနောက်ပိုင်း လက်တွေ့ကျကျ စဉ်းစားလာတာ တွေ့ရပါတယ်။

ထို့အတူ ယူကေဟာ တော်လှန်ရေးကို လေနဲ့သာထောက်ခံပေမယ့် အာဏာမသိမ်းခင် မအလအဓိကတိုင်ပင်ခဲ့သူ ဆရာကျောင်းနဲ့အဖွဲ့ကို ဗီဇာထုတ်ပေးတာတွေ့ရပါတယ်။ ဒါက သူ့ရဲ့ အပြောနဲ့အလုပ် မညီတာကို ပြနေပါတယ်။

ဥရောပဟာ အိန္ဒိယဝန်ကြီးချုပ်မိုဒီကို သူပြည်နယ်ဝန်ကြီးချုပ်အချိန်မှာ မူစလင် တစ်ထောင်ကျော်သေရာမှာ ပါဝင်လို့ဆိုပြီး ဗီဇာပိတ်ခဲ့ပေမယ့် ယခုအချိန်မှာ အမေရိကန်ရော၊ ဥရောပပါ မိုဒီကို ဘောမနေတာ တွေ့ရမှာပါ။ ဥရောပဟာ ဗင်နီဇွဲလား အာဏာရှင် မဒူရိုကို ရှုတ်ချပေမယ့် သူ့ကိုလဲ အမေရိကန်လို ဘာမှ ဝင်မဖမ်းရဲပါ။ သူက နိုင်ငံတကာဥပဒေကို မချိုးဖောက်ချင်လို့ပြောပေမယ့် တရုတ်နဲ့ ရုရှားကလဲ ဥပဒေလိုက်နာမနေပါ။

အကျဉ်းချုပ်ရရင် ဇယ်လင်းစကီးနဲ့ ဆရာကျောင်းက ပြည်သူတွေကိုပြောဝာာက ပြည်ပက ဘာကူမယ် ညာကူမယ်ကို မျှော်မနေဘဲ အထူးသဖြင့် ဥရောပကို မျှော်မနေဘဲ မိမိ NUG အောက်က PDF အင်အားကြီးအောင်သာ ထောက်ပံ့ကြပါလို့ ပြောပါရစေ။

(စာကြွင်း- စာရေးသူသည် အမေရိကန်တွင် နေထိုင်သူမဟုတ်၊ ထရမ့်အဆိုးမြင်ရောဂါ (Trump derangement syndrome) ရှိသူမဟုတ်၊ သတင်းသမားမဟုတ်၊ NGO မဟုတ်၍ စာရေးသူအမြင်များသည် ကိုယ်ပိုင်အမြင်များသာဖြစ်ပါသည်။)

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page