top of page
Search

ဆူပူမှုတွေမဖြစ်အောင် အစိုးရနဲ့ ပြည်သူဘယ်လိုလုပ်ရမလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 30, 2021
  • 1 min read

မနေ့နဲ့ ဒီနေ့မှာ ဖွတ်တွေ လက်ပတ်နီတွေက လမ်းပေါ်ထွက်ပြီး တရားမဝင်ဆန္ဒပြတာတွေလုပ်လာတာတွေ့ရပါတယ်။ အများစုကထောင်ထွက်တွေ၊ သူခိုးတွေပါ။ နောက်သူတို့ဟာ NLD တီရှပ်ဝတ်သူကိုရိုက်တာတွေဘာတွေလဲ လုပ်ကြတာ တွေ့ရပါတယ်။ ဒါတွေဟာ ဒီပဲယင်းကို အမှတ်ရစေပါတယ်။ ဒါတွေကို ဘယ်လိုတုန့်ပြန်ရမလဲ?

ယခုရန်ကုန်နဲ့ မြန်မာပြည်အနှံ့က ပြည်သူတွေက NLD အစိုးရကို သူတို့မဲပေးခဲ့ကြောင်း ထောက်ခံကြောင်း မိမိအိမ်မှာ အလံထောင်၊ ဗီနိုင်းတွေတင်၊ Facebook မှာရေးပြီး သူတို့ရဲ့ သဘောထားကို ပြောပြခဲ့ကြပါတယ်။ NLD က CEC ဒေါ်မေဝင်းမြင့်ကလဲ လမ်းပေါ်မထွက်ဖို့ သူမရဲ့ Facebook ကနေ ပြည်သူကို ပြောထားပါတယ်။ ဒါ့ကြောင့် မိမိအိမ်ထဲမှာသာနေပြီး လမ်းပေါ်ကို မထွက်ဖို့ အရေးကြီးပါတယ်။ဒါက ပြည်သူတွေရဲ့ အပိုင်းပါ။

အစိုးရအနေနဲ့လဲ မိမိက တရားဝင်ခွင့်မပြုထားရင် အဆိုပါဆန္ဒပြပွဲကို တရားမဝင်ပြုလုပ်သူတွေ၊ရမ်းကားသူတွေကို ဖမ်းဆီးအရေးယူပေးပါ။ ယခုလို ဆန္ဒပြချိန်မှာ မဖမ်းနိုင်ခဲ့ရင်လဲ သူတို့ရဲ့ ဓာတ်ပုံတွေရှိလို့ ရဲတပ်ဖွဲ့ကို လိုက်ဖမ်းခိုင်းပါ။ ကားငှါးသူတွေကိုလဲ အရေးယူမယ်ဆိုတာ ကြေညာပြီး သူတို့ကိုကားမောင်းပို့တဲ့ ကားတွေကို အစိုးရပိုင်အဖြစ်သိမ်းလိုက်ပါ။

ဒါဆိုရင် အာခြောင်သူတွေ နည်းသွားပြီး တိုင်းပြည်မှာ တရားဥပဒေက ပိုစိုးမိုးလာပါလိမ့်မယ်။

Photo credit: Myanmar Now, MPA

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

2 Comments


khinmaung myint
khinmaung myint
Jan 30, 2021

ပြည်ထဲရေးကလွှတ်ထားတာလားဗျာ

Like

Myint Soe Oo
Myint Soe Oo
Jan 30, 2021

ဦးမြတ်!!! အရင်ဆောင်းပါးမှာ ရေးခဲ့သလို အချို့သူတို့ရဲ့ စိတ်ဓါတ်တွေ နိမ့်ကျလာပုံကို တင်ပြခဲ့ပါသည်။

~ပိုက်ဆံရှိလျှင် ပျော်သလိုနေ ကိုယ့်လူရေ ဆိုသော ဟော့ရမ်းသော

စိတ်ဓါတ်။

~ ပိုင် ဆိုင် မှုကို၊ အကြောင်းပြုပြီး ဖြစ်ပေါ်လာသော သော့သွမ်းသည့် ညစ်ကျယ်ကျယ် စိတ်ဓါတ်။

ဤကဲ့သို့ ညစ်ညမ်းသော စိတ်ထားရှိနေသူများ ပေါ်ထွန်နေသမျှ လူ့ပတ်ဝန်းကျင် မငြိမ်းချမ်းနိုင်ပါ။ ပြီးခဲ့သည့်ရက်ပိုင်းက လှိုင်သာယာမြို့နယ် ဆိုးသွမ်းဟော့ရမ်းသော လူမိုက်များ ဖမ်းမိမှုက သက်သေခံနေပါသည်။

မြို့တော်ရန်ကုန် မြို့လယ်မှာ ဖြစ်ခြင်းသည် အကျည်းတန်လှပါသည်။စကားပုံရှိပါသည်။

ကျားရဲရာ ၊ ကြမ္မာ မကိုးသာ!!

ကျားသေကို အသက် မသွင်းရာ!!


အမှန်သစ္စာဖြင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page