top of page
Search

ဆူဒန်က မအလအား ထားခဲ့ခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 22, 2021
  • 1 min read

မအလဟာ ဆူဒန်ကို အာဏာမသိမ်းခင် လေ့လာခဲ့ကြောင်း သူ့ရဲ့ လူမှုဆက်ဆံရေးကုမ္ပဏီကို ဆူဒန်ဗိုလ်ချုပ်တွေငှါးတဲ့ ကုမ္ပဏီကိုငှါးခြင်းက သက်သေပြနေပါတယ်။ ဆူဒန်က အာဏာပြန်သိမ်းချိန်မှာ အာဖရိကသမဂ္ဂက ဆူဒန်ကို အာဆီယံလို တိုင်ပတ်မနေဘဲ ချက်ခြင်းထုတ်ခဲ့ပါတယ်။ မနေ့ကတော့ ဆူဒန်က အကျယ်ချုပ်ဖမ်းထားတဲ့ ဝန်ကြီးချုပ်နဲ့ ပြေလည်ပြီး အာဏာပြန်လွှဲပေးခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဟန်ပြဖြစ်ဖို့သာများပြီး ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေနိုင်ပါတယ်။

ဆူဒန်နဲ့ မြန်မာဟာ ဆင်တူတာတွေရှိပါတယ်။ ဆူဒန်အာဏာရှင်အိုမာဘာရှားဟာ စစ်ရာဇဝတ်မှုနဲ့ ICC မှာ တရားစွဲခံထားရသူပါ။ မအလဟာလဲ ICC သွားရမယ့်လူပါ။ မတူတာက ဆူဒန်ဟာ မြန်မာပြည်က ၁၉၈၈ အခြေအနေဖြစ်ပြီး မြန်မာပြည်က ရွေးကောက်ပွဲအနိုင်ရ အစိုးရ ရှိပြီးသားပါ။

ယခုအချိန်မှာ ပြည်သူတွေရဲ့ ပြည်သူ့တပ်မတော် PDF က ရှိနေပါပြီ။ သူတို့တိုက်ရည်ခိုက်ရည်နဲ့လက်နက်က တဖြည်းဖြည်းနဲ့ ကောင်းလာဖို့သာ ရှိပါတယ်။

ဆူဒန်ဥပမာကိုကြည့်ပြီး အာဆီယံအပေါ် ဖိအားများလာဖို့သာ ရှိပါတယ်။ ဒီနေ့အစည်းအဝေးမှာမအလကို တရုတ်က ဖိတ်မလားဆိုတာက စာရေးသူအသိချင်ဆုံးပါ။ စနေနေ့အထိက မဖိတ်ပါဘူး။ ဒါပေမယ့် လိုင်းပေါ်ကလုပ်လို့ လိုင်းဖွင့်ပြီး အရှက်မရှိတက်လာရင်တော့ မပြောတတ်ပါ။ဖိတ်ခဲ့ရင်လဲ တရုတ်နဲ့အာဆီယံကြား ပြဿနာတက်မှာပါ။

ဆူဒန်ကဘာပြောလဲဆိုတော့ အာဏာရှင်တပ်ဟာ မယုံရလို့ စာရေးသူတို့ ပြည်သူတွေအနေနဲ့ လုပ်စရာရှိတာကို ဆက်လုပ်ကြရမှာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Nov 22, 2021

ဦးမြတ်!!! ဆွမ်းဆန်ထဲ ကြွက်ချေးရောနေပါက ကြွက်ချေးကို ဖယ်ထုတ်မှသာ

ဖြူစင်ဖွေးသန့် အာဟာရ ရပါမည်။

ကြွက်ချေးထည့်ချက်မိပါက ငါးပါးမှောက်၍ ဆွမ်းအာဟာရ ပျောက်ရပါတော့သည်။

~ျာ••• ရဲဘော်သုံးကျိပ်တည်းဟူသော ဖြူစင်စင် ဆွမ်းဆန်ထဲ ကြွက်ချေးတစ်တုံး ရောခဲ့ရာမှ စတင်ခဲ့သည်ဟု မြင်မိပါသည်။

ကြွက်ချေး မာကျစ်ကျစ်တစ်တုံးကြောင့် အာဏာရှင်စနစ် စတင်ဖြစ်ထွန်းခဲ့ပါပြီ။ စားကောင်းမှန်း သိ၊ သာ အိ တဆိုဆို။ အစဉ်အဆက် အာဏာရှင် အမွေဆက်ခံကြခဲ့ရာ ကြူ အငုတ်တွေထိ ချမ်းသာစွာဖြင့် မပူမပင်သုံးစွဲနိုင်ခဲ့ကြပါသည်။ သို့ပါ၍လည်း စွဲ မြဲ နေခြင်းဖြစ်ပါသည်။ သူတို့အာဏာတည်မြဲရေးဆိုလျှင် မြူတမှုန်စာမျှ ဆတ်ဆတ်ထိ မခံပါ။

ခုနှစ်တော့ မမှတ်မိပါ။ မဆလ တစ်ပါတီ ခေတ်။

ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း

မျက်နှာဖုံး။ သစ်ပုတ်ပင် ခုံပြာတန်း ဘွဲ့သဘင်ပန်းချီဒီဇိုင်းဖြင့်ဖေါ်ပြပါသည်။

ပန်းချီကို သေချာကြည့်မှ လက်သီးဆုပ်ထံမှ သွေးရဲရဲ တောက်တောက်ကျ စီးနေပုံနှင့် 7th July စာပါအောင် ပန်းချီဒီဇိုင်းပညာဖြင့်ဖော်ပြမှုကြောင့် ပြဿနာ တက်ခဲ့ဖူးပါသည်။

မဂ္ဂဇင်းကိုပင် ခိုးကြောင်ခိုးဝှက်ကြည့်ခဲ့ရသည် ကာလတွေ ရှိခဲ့ပါသည်။

သည်ကတည်းက အသိပညာရှင် အတတ်ပညာရှင်မှန်သမျှကို မျက်မုန်းကျိုးခဲ့ကြပါသည်။ တတ်နိုင်သမျှ တဖက်ကန်းပညာရှင်တစ်ချို့ကို ကျုံးသွင်း၍ သူတို့လိုရာစေညွှန်ခဲ့စေသည်မှာ ၂၀၀၈ နာဂစ်ဥပဒေဖွဲ့စည်းပုံက ပြဆိုနေပါသည်။

သို့ပါ၍လည်း ခုံ မြဲရေးအတွက် မိုးကျရွှေကိုယ်တို့ဝင်ရောက်လာကြပါတော့သည်။

သကြားစက် စက္ကူစက် စက်ရုံမှူများမှအစပြု၍ နောက်သော် ဌာနအသီးသီး၏ လုပ်ပိုင်ခွင့်ရ နေရာမှန်သမျှ မိုးကျတို့ အချိုးကျဖြင့် အစိုးရခဲ့ကြပါသည်။

မီးရထားမှာ မန်နေဂျာများရှိသော်လည်း တိုင်းဒေသမန်နေဂျာ အမည်ခံ၍ မိုးကျတွေ ဝင်လာပြီးမှာတော့ ရထားပြေးနှုန်း ယခင် ၄၀နှုန်းနီးပါးမှ တစတစ ကျဆင်းလာကာ ရန် မန်း ခရီးကို ၁၂ နာရီကျော်စီးရသည့် အတိုင်းတာထိ ကျဆင်းသွားပါသည်။

ဝင်ကာစက ဟိတ် ဟန်ဖြင့်

လာဘ်ပေးရန် မလို ဟိတ်ဖြင့်…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page