top of page
Search

ဆောက ဗြင်းခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 20, 2021
  • 1 min read

ဆောက မြေပြင်မှာ ဘယ်လောက်တိုက်ပွဲပြင်းလဲတော့ မသိပါဘူး။ လူ ၃၀၀ ပါတဲ့ မအလစစ်ကြောင်းဟာ ဗိုလ်မှူးတစ်ယောက်သေပြီး နောက်ဗိုလ်မှူးတစ်ယောက်က ပြင်းထန်စွာဒဏ်ရာရပါတယ်။ ပုံမှန်ဆို ဗိုလ်မှူးနှစ်ယောက်ဟာစစ်ကြောင်းတစ်ခုထဲမှာ ပါစရာမရှိပါဘူး။ ယခုဟာက တပ်ပျက်နေလို့ အခြားဗိုလ်မှူးအဆင့်ကို ယာယီတပ်ရင်းမှူးဒုဗိုလ်မှူးကြီးအစမ်းခန့်အနေနဲ့ စစ်ကြောင်းထိုးပုံပါ။ တပ်သဘောအရ ထိပ်စီးသေရင် တပ်ပျက်ပါတယ်။ ဒါ့ကြောင့်ဆော-ကျောက်ထုလမ်းမှာ အပိတ်ခံရတဲ့တပ်က အသေများတာပါ။ ၁၀၀ ကျော်သေပါတယ်။ မိုင်းကြောင့်က စပါတယ်။ တပ်ပိတ်မိနေလို့ မြေပြင်မှာ ပြည်သူ့တပ်မတော် PDF က ကပ်နေလို့ အမြောက်နဲ့ အဝေးက လှမ်းပစ်လို့မရခဲ့ပါ။ ဒါ့ကြောင့် ကျောက်ထု၊ ပခုက္ကူနဲ့ မကွေးကနေ ရဟတ်ယဉ်တွေ လေယဉ်တွေနဲ့ ပစ်ကူပေးဖို့ ဒဏ်ရာရတဲ့ဗိုလ်မှူး(ဒုဗိုလ်မှူးကြီး) အဆင့်ကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့တာပါ။ တပ်ထဲမှာ ဗိိုလ်မှူးအဆင့်ဒဏ်ရာရရင် ရဟတ်ယဉ်နဲ့မကယ်ပါ။ ဗိုလ်ကြီးအဆင့် လှည့်မကြည့်ပါ။ ဒုဗိုလ်မှူးကြီးအဆင့်က တပ်ရင်းမှူး တပ်ကိုင်သူမိုလို့ ပုန်ကန်မှာစိုးလို့သူတို့ကို စောင့်ရှောက်ပြတာပါ။ ဒါတောင် ဒီကောင်သွေးထွက်လွန်နေပါပြီ။ ဒီသတင်းကို ယခုမှပြောနိုင်တာကစုံစမ်းနေရလို့ပါ။ ရန်ကုန် PDF ၂၀ အဖမ်းခံရချိန်မှာ သူတို့ဘက်က ဗိုလ်မှူးအဆင့်ပါ စစ်ခွေး ၁၀၀ ဟာ တစ်နေရာထဲမှာ ငရဲပြည်ရောက်သွားခဲ့ပါပြီ။ တပ်ထဲမှာ လေတပ်က ပစ်ကူပေးတာ နောက်ကျလို့ အသေများသလို လေတပ်ကို အပြစ်ပုံချဖို့ ကြိုးစားနေပါတယ်။ ယခုဖြစ်ပြီး မအလအသေများနေတာက KIA တို့ KNU တို့လို UWSA တို့လိုဝါရင့်အဖွဲ့တွေနဲ့မဟုတ်ဘဲ ဧပြီလကမှ လက်နက်ကိုင်တိုက်တဲ့ ပြည်သူ့တပ်မတော် PDF ဆိုတာ မမေ့ပါနဲ့။ ဖြစ်တာက PDF က သတင်းကြိုရပြီး မိုင်းဆွဲချိန် ခံလိုက်ရတာပါ။ ပြည်သူ့ကျိန်စာထိသွားတဲ့သဘောပါ။ သေသွားတဲ့ဗိုလ်မှူးမိန်းမက Non CDM ပါ။ သူမလဲ ပူဆွေးနေရပါပြီ။ ဟိုဒဏ်ရာရတဲ့အကောင်က သွေးငါးလုံးသွင်းထားရပါတယ်။ မအလရဲဘော်မသေ သေသော် ငရဲသွားရမှာပါ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

1 comentario


Myint Soe Oo
Myint Soe Oo
20 nov 2021

ဦးမြတ်!!!လူသား၏ သဘာဝ။

အနာရောဂါတစ်ခု ပြင်းပြင်းထန်ထန်ခံစား ရသည့်အခါ အံကြိတ်မှုနှင့်အတူညည်းညူအော်ဟစ်မှုဖြင့် တုန့်ပြန်ကာ‌ေဝဒနာကို ခုခံသောအားဖြင့်ကြိုးစား‌ေလ့ရိှပါသည်။မခံမရပ်နိုင်သည် ဖြစ်လာသည်မို့ ဝေဒနာကို တတ်စွမ်းသမျှဖြင့်

ကုစားခြင်းတစ်မျိုးဟု မြင်မိပါသည်။

ခုပစ္စခတ်အခြေနေသည် ရွံရှာမုန်းတီးမှုနဲ့အတူဖြစ်လာသော နာကျည်းမှု(နာကျင်မှုတွေ)ကို တုန့်ပြန်လာကြသည့်အခါ ခံစားခဲ့ရတဲ့ (ကိုယ် စိတ် နှစ်ဖြာ )ဝေဒနာတွေကြောင့် တုန့်ပြန်တော်လှန်ကြခြင်းဖြစ်ပါသည်။

ရူပဗေဒ နိယမသဘောနှင့် ရာနှုန်းပြည့် ကိုက်ညီပါသည်။

အား သက်ရောက်ခဲ့၍ အရွေ့တစ်ခု(displacement)မကျေနပ်မှု အရင်းပြု ဆန္ဒပြမှုများနှင့် စတင်ခဲ့ပါသည်။ အရွေ့ပြောင်းနှုန်း မြန်သည့်အတွက် အလျင်တစ်ခုရခဲ့ပါပြီ။ မြိုပြဆန္ဒပြသူတွေကို ပစ်သတ်မှုကြောင့် (အမျိုးသမီးငယ်တစ်ချို့ လောက်လေးခွဖြင့် တုန့်ပြန်မှု အပါဝင်) မီးပုလင်း gas gunစသည့် တုန့်ပြန်မှုဖြင့် ခံစားရသော ဝေဒနာကို ချေဖျက်ခဲ့ကြပါသည်။ အလျင်ပြောင်းနှုန်းသည် မြန်ဆန်လွန်းသည့်အတွက် အရှိန်(Acceleration/ a) အဟုန်(Momentum) တစ်ခုရခဲ့ပါသည်။ ရရာတူမီး ခါးချိုးဖြင့် လူထု(mass)က စတင်တော်လှန်ခဲ့သောကြောင့် စွမ်းအား(အရွေ့စွမ်းအင်/Kinetic Energy)တွေ အသီးသီးရခဲ့ကြပါပြီ။

**စွမ်းအင် ဆိုသည်မှာ ဖျောက်ဖျက်၍ မရပါ**နိယမ။

7th July မှ ၈၈ ၊၂၀၀၇ အသီးသီးပေါ်ခဲ့ပေမယ့် လူထု(mass/m)ပါဝင်မှုနည်းခဲ့၍ အရှိန်အဟုန်နည်းခဲ့ကာ မအောင်မြင်ခဲ့ပါ။

ထိုစွမ်းအင်တို့ သန္ဓေသည် လက်ဆင့်ကမ်းကူးစက်ရာမှာ ဂျီဇက် တို့ထိ မျက်မြင်ကိုယ်တွေ့ ကြုံလာရခြင်းကြောင့် ၂၀၂၁မှာ လူထု(တိုင်းရင်းသားတော်လှန်ရေးအဖွဲEROsတချို့ပါဝင်လာသည်ထိ)အင်အား ပမာဏကြီးမားခဲ့ရပါသည်။သို့ပါ၍ ၈၈ အချိုး ၂၁ မှာ လာမချိုးနဲ့ ဟူ၍ ပေါ်ထွက်လာသည်ဟု မြင်မိပါသည်။


~~~~~~~~~~~~~~~~~~~~~~~~~~~~


ယှဉ်ပြိုင်မှုတွင် အဓိကအကြီးမှူးသည် စိတ်ဓါတ်။ နာကျည်းမှုနှင့် ယှဉ်သော စိတ်။

ဝန်းသိုနယ် ဆင်ကုန်းရွာ တိုက်ပွဲ။ တူမီးကိုင် ခြေတဖက်မသန်သူ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း။ အားနည်းချက်ကြောင့် အဖမ်းခံရပြီး ရိုက်နှက်စစ်ဆေးသည့်အခါတိုင်း ခွေးမသား စခတွေဟု တုန့်ပြန်ကြောင်း။ ထိုသူ၏ ရုပ်ကြွင်းကို တပ်စွဲရာ စာသင်ကျောင်း အနီး ရေကန်အနီး ကျည် ၁၅…


Me gusta
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page