ဆရာဇော်ဝေစိုး ၃ - မအလ (-၃)
- May 26, 2022
- 1 min read
အားလုံးသိတဲ့အတိုင်း မဇင်မာအောင်က နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အမေရိကန်ကို သွားခဲ့ပါတယ်။ ဒီနေရာမှာ Neo Politics က ဘောမကျော်မျိုးမင်းတို့ ဖွတ်တို့က သူမကို အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီးကတွေ့တာကို အလေးပေးမဖော်ပြဘဲ သူတို့က အတိုကိအခံအနေနဲ့တွေ့တယ် ဘာညာဆိုပြီးမတော်တဆတွေ့သလိုလို ပြောကြရေးကြပြီး တပ်ထဲမှာ ပြန်ဝါဒဖြန့်ကြပါတယ်။ စာရေးသူအနေနဲ့ မေးလိုတာက မအလနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဍဝက်လွင်ကို အမေရိကန်က အဲ့ဒီလိုတွေ့ပါသလား? အမေရိကန်က ဗီဇာတောင် ပေးပါသလား?
မဇင်မာအောင်အပြီးမှာ လူအများလေးစားတဲ့ ဗမာစကားပိုင်နိုင်တဲ့ ဘွဲ့ပေါင်းစုံရ မအလက CIA၊ MI 5 လို့တောင် ပြောမရတဲ့ ကိုဗစ်ရန်ကုန်မင်းသား၊ ဆရာဇော်ဝေစိုးက အင်္ဂလန်က အာရှဆိုင်ရာ ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့တဲ့ပုံကို တင်လိုက်ပါတယ်။ ဒီပုံကို စရဖက ယခုမနက်အစီရင်ခံလို့နိုင်ငံခြားရေးရုံးကို မေးလိုက်ပါပြီ။ အင်္ဂလန်သံရုံးကို မေးပါလိမ့်မယ်။ ဒီဟာကိုလဲ Neo Politics တို့ဖွတ်တို့က ပုံဖျက်ပြောမှာပါ။ ဒီနေရာမှာ မအလဝန်ကြီး ဝဏ္ဍဝက်လွင်ကို အင်္ဂလန်က လက်ခံတွေ့မှာပါလား? ဗီဇာပေးမှာပါလား? ဝဏ္ဍဝက်လွင်ကိုမတွေ့ရင် အင်္ဂလန်က သားမက်/သမီးရှိတဲ့ ကျန်းမာရေးဝန်ကြီး သက်ခိုင်ဝင်းကို အင်္ဂလန်သွားဖို့ ဗီဇာရနိုင်မှာပါလား? ဟိုက သက်ခိုင်ဝင်းကို ဆရာကြီးဇော်ဝေစိုးလို တွေ့မယ်လို့ထင်ပါသလား?
ဒီနေရာမှာ ဆရာဇော်ဝေစိုးနဲ့ မအလယှဉ်ပြီး ဘောလုံးကန်ရာမှာ မအလက ဆယ်တန်းကို ခိုးချပြီးအောင်လာလို့ တိုင်းပြည်အာဏာကိုလဲ ခိုးသိမ်းဖို့ကြိုးစားရာကနေ မိမိဂိုးမိမိသွင်းမိတာပါ။ ဒါကြောင့်အနုတ်တောင်ပြသွားခဲ့ပါတယ်။ ဆရာဇော်ဝေစိုးက ပညာတတ်ပြီး မအလကို ဂိုးများစွာသွင်းယူနိုင်ခဲ့ပါပြီ။ မအလအနေနဲ့က NUG ဝန်ကြီးတွေ နိုင်ငံခြားသွားတာတွေ့ရင် သူတို့ဘာနိုင်ငံကူးလက်မှတ်နဲ့သွားနေလဲ မေးအုံးမှာပါ။ မအလဟာ အာဏာသိမ်းအပြီးမှာ ၁၉၈၈ က ခင်ညွန့်အကွက်က မတက်ပေမယ့်NUG ကတော့ ၂၀၂၂ အကွက်ဖြစ်သွားပါပြီ။ ဘောမတွေက ပြည်တွင်းကအဓိကဆိုရင် မအလအနေနဲ့ဆရာဇော်ဝေစိုးနဲ့ယှဉ်ပြီး စစ်ကိုင်းမှာ လမ်းလျှောက်ရဲလားလို့ မေးပါရစေ။ ပြည်သူသာ အဓိကပါ။
Comments