top of page
Search
ဆရာဇော်မီဒီယာကို ပြောတာလွန်လား?
  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 5, 2019
  • 1 min read
ဆရာဇော်မီဒီယာကို ပြောတာလွန်လား?
ဆရာဇော်ကမီဒီယာဟာသတင်းကိုတင်ပြဖို့မိမိအမြင်ကိုမထည့်ဖို့ပြောချိန်မှာမီဒီယာတွေကအသံတွေဆူညံသွားပါတယ်။မီဒီယာတွေအဖြစ်ကခွေးကိုဒုတ်နဲ့အရိုက်ခံရသလိုပေါ့။
မနေ့ကတစ်ပူးကသတင်းတက်လာပါတယ်။သူကအလုပ်သမားတွေလစာနည်းလာခြင်း၊အလုပ်အကိုင်အခွင့်အလမ်းနည်းလာခြင်းတို့ကြောင့်နယ်စပ်မြဝတီကနေထိုင်းကိုသွားတာများလာတယ်ဆိုပြီးသတင်းလုပ်တင်ပါတယ်။သတင်းထဲမှာသူကဘာအထောက်အထားကိုမှမကိုးကားထားပါ။သတင်းဆိုတာစာရေးသူတို့ထက်အထောက်အထားခိုင်လုံရပါတယ်။ဥပမာယခင်ကငါးသောင်းယခုရှစ်သောင်းစသည်ဖြင့်ပေါ့။
စာရေးသူစီးပွားရေးဝင်ငွေများတယ်ပြောရင်ကမ္ဘာ့ဘဏ်ကကိန်းဂဏန်းတွေနဲ့ကိုးကားပြီးပြောတာပါ။ငါ့စကားနွားရပြောတာမဟုတ်ပါ။စီးပွားရေးကိန်းဂဏန်း၊အလုပ်လက်မဲ့ဦးရေစတာတွေကိုစကားပြောရင်ကိန်းဂဏန်း(statistic) နိုင်ရပါတယ်။
တစ်ပူးကတော့ပုံမှန်ဝင်ထွက်တဲ့လူအုပ်ကိုရိုက်ပြပြီးသူရေးချင်တာကိုရေးလိုက်တာပါ။အစိုးရကိုသိက္ခာချလိုက်တာပါ။ဒါကမြန်မာပြည်မှာရင်းနှီးမြုပ်နှံမှုတွေတိုးတက်တဲ့ကြားကသူကမကောင်းရေးလိုက်တာပါ။သာမန်လူကမိမိပြောချင်ရာပြောလို့ရပေမယ့်သတင်းသမားကအထောက်အထားရှိရပါမယ်။ဥပမာရွာသားကသူ့အိမ်ကိုလက်နက်ကျတယ်။ဒါကသတင်းတင်ပေးရမယ်။သွားကြည့်မှန်လား။ပြီးရင်ဘယ်သူပစ်တာလဲ။ရွာသားကပြောရင်ဘယ်လိုသိတာလဲတွေ့လိုက်တာလား။တစ်ပူးကအဘကိုတော့မလုပ်ရဲပါ။
ဒီနေရာမှာတပ်ထဲကတပ်ကြပ်တစ်ယောက်ရဲ့သမီးဆိုယခင်ကဦးပိုင်မှာလုပ်နေရာကယခုကိုရီးယားအထည်ချုပ်မှာလုပ်ပြီးလစာကပိုတောင်ရလာတယ်လို့ပြောနေတာတွေ့ခဲ့သလိုအထည်ချုပ်လုပ်တဲ့အမျိုးတစ်ယောက်ဆိုရင်လဲသူ့ကိုနိုင်ငံခြားကအပ်ကုန်ရှိတာတောင်အလုပ်သမားတွေကသင်ပေးလိုက်ထွက်ပြီးအခြားကိုပြောင်းလိုက်ဖြစ်နေလို့အလုပ်သမားပြဿနာတောင်ရှိနေတာပါ။ဒါကြောင့်တစ်ပူးပြောတာနဲ့ကွာနေပါတယ်။ဒီနေရာမှာတစ်ပူးကဘာကိန်းဂဏန်းကိုမှအခြေမခံဘဲဂျင်းထည့်တာပါ။
တစ်ပူးကရေးအပြီးမှာတပ်အကောင့်တုရယ်၊သူပုန်အကောင့်ရယ်၊အဆိုးမြင်ဝါဒီအကောင့်တွေရယ်ကစဝင်ပြီးအစိုးရကိုမကောင်းရေးပါတယ်။အဲ့ဒီမှာစိတ်ဝင်စားစရာကောင်းတာကအကောင့်တုကလခငါးထောင်တောင်မရဘူးဆိုပြီးလိမ်ဝင်ရေးချိန်မှာပြည်သူတစ်ယောက်ကငါ့ဆီကိုလာခြောက်ထောင်ပေးမယ်အလုပ်လဲသင်ပေးမယ်ဆိုတော့အဆိုပါအကောင့်တုကအကြောင်းမပြန်တော့ပါ။
ဒါကဘာကိုပြလဲဆိုတော့တစ်ပူးလိုသတင်းဌာနတွေကမဟုတ်မမှန်သတင်းနဲ့ဂျင်းထည့်ပြီးအကောင့်တုနဲ့ဖွတ်တွေကနောက်ကလိုက်ပြီးအမှားကိုလူတွေအမှန်ထင်အောင်လိုက်လုပ်နေတာကိုပြတာပါ။သူပုန်ဓာတ်ခဲအကောင့်ကလဲအစိုးရရောတပ်ရောကိုလူမုန်းရင်ပြီးရောဝင်ရေးလေ့ရှိပါတယ်။
ပြည်သူများအမှန်ကိုမြင်နိုင်ပါစေ။
Ref: Eleven Broadcasting
Zawgyi version
Recent Posts
See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ
မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...
Comments
Join my mailing list
Thanks for submitting!
© 2023 by The Book Lover. Proudly created with Wix.com
bottom of page