top of page
Search

ဆယ်လမှာ ဘာရပြီလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 4, 2021
  • 1 min read

အချို့အဆိုးမြင်ဝါဒီများ မေးလေ့ရှိတာက ဆယ်လရှိပြီ မပြီးသေးဘူးလား ဘယ်တော့ပြီးမှာလဲဆိုတာပါ။ ဒါကိုဘောမတွေကလဲ မီးလောင်ရာ လေပင့် မင်းတို့က စစ်တပ်ကို မနိုင်ပါဘူး။သူတို့က လက်နက်ရှိတယ်။ နှစ် ၆၀ လေ့ကျင့်လာတဲ့ တပ်ကြီးဘာညာဆိုပြီး ဆက်မကြပါတယ်။

ဒါကိုပြောင်းပြန်လေ့လာကြည့်ရအောင်။ ယခုအာဏာသိမ်းတာ ဆယ်လရှိပါပြီ။ မအလကဘယ်မြို့ကို ဆန္ဒပြတာရပ်အောင် သူ့ကိုတိုက်တာရပ်အောင်လုပ်နိုင်ခဲ့ပါပြီလဲ? မအလတပ်ကသူ့အတွက် အလုပ်လုပ်နေတဲ့ အုပ်ချုပ်ရေးမှူးတွေကို ဆယ်လရှိပြီ လုံခြုံရေးပေးနိုင်ပါပြီလား? သူ့ရဲကို ဆယ်လရှိပြီ လုံခြုံရေးပေးနိုင်ပါပြီလား? ယခုယင်းမာပင်၊ မြိုင်၊တန့်ဆည်မှာမအလတပ်က အုပ်ချုပ်နိုင်နေပါပြီလား? နှစ် ၆၀ လေ့ကျင့်ထားတဲ့တပ်ကြီးက ဘာလို့ ဆယ်လအတွင်း သာမန်တူမီးသေနတ်ကို မနိုင်တာဘာကြောင့်လဲ?

ဆယ်လမှာ မအလကျောင်းဖွင့်တာလဲ လာတက်သူက မရှိသလောက်ပါ။ စီးပွါးရေးကလဲအဝီစိကို ထိုးဆင်းနေပါပြီ။ ဆယ်လအတွင်းမှာ မအလက စီးပွါးရေးကို ဘာကောင်းအောင်လုပ်နိုင်ပါပြီလဲ? ဆယ်လအတွင်း မအလက CDM တွေကို အလုပ်ပြန်ဝင်အောင် လုပ်နိုင်ခဲ့ပါပြီလား?

စီးပွါးရေး၊ လူမှုရေးတွေက စစ်အစိုးရ မကျွမ်းကျင်တာမိုလို့ ထည့်မပြောရင်တောင် သူထူးချွန်တယ်ဆိုတဲ့လုံခြုံရေးတောင် ယခုဆယ်လအတွင်းမှာ သူနိုင်အောင် လုပ်နိုင်ခဲ့ပါပြီလား? ယခု DASSK ပြန်လွတ်လာခဲ့ရင် သူမအောက်မှာ အမိန့်နာခံမယ့် မအလဖက်ဆစ်တပ်မဟုတ်တဲ့ ပြည်သူ့တပ်မတော် PDF ရှိနေပြီဆိုတာ သင်သိပါသလား? စစ်ကိုင်းတိုင်းမြေပုံကိုလေ့လာကြည့်ပါ။ စစ်ကိုင်းမှာ မုံရွာကိုသာ မအလက အပြည့်အဝ ထိန်းချုပ်ထားနိုင်ပါတယ်။မုံရွာတောင် ခပ်လှုပ်လှုပ်ပါ။ သူကလွဲရင် ယင်းမာပင်၊ မော်လမြိုက်၊ ကန့်ဘလူ၊ ကသာ၊ ရွှေဘိုတွေမှာ မအလတပ်ဟာ စစ်ကြောင်းဖွဲ့သာ သွားလာနိုင်တာပါ။ အာဏာစက်ရှိတယ်ဆိုတာသူခိုးကို ရဲမလိုဘဲ အုပ်ချုပ်ရေးမှူးလောက်နဲ့ ဖမ်းနိုင်တာပါ။ ယခု အုပ်ချုပ်ရေးမှူးမရှိ၊ ရဲမရှိတော့ဘဲ စစ်တပ်တောင် စစ်ကြောင်းမရှိဘဲ မသွားနိုင်တော့ပါ။ သင့်မေးခွန်းနဲ့ ပြန်ပြောရင်ဆယ်လရှိပြီ မအလတပ် ဘာလုပ်နိုင်ပါပြီလဲ? ယခင်က အဖြူရောင်နယ်မြေဟာ ဆယ်လအတွင်းမှာ အမဲရောင်နယ်မြေဖြစ်သွားခဲ့ပါပြီ။ ဆယ်လရှိပြီ မအလ ရန်ကုန်ကို ရန်ကုန်အောင်လုပ်နိုင်ပါပြီလားလို့ မေးပါရစေ။ ယခုဆယ်လအတွင်း ရန်ကုန်-မန္တလေးလမ်းတောင် မအလလုံခြုံရေးပေးဖို့ ခက်နေပြီဆိုတာ မမေ့ပါနဲ့။ ဆယ်လရှိပြီ မအလသမီး လုံခြုံရေးမပါဘဲအပြင်ထွက်ရဲပြီလား မေးကြည့်လိုက်ပါ။ ဒါတောင် တူမီးဘဲရှိတယ်ဆိုတာ မမေ့ပါနဲ့။ ဒါပါဘဲ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Dec 04, 2021

‌ပစ္စက္ခတ်‌ေမြပြင် အခြေအနေအရ ပြောရပါလျှင် ~ ဆယ်(ယူ ) မရတော့သည့်ကတော့ ဂုဏ်သိက္ခါသာဖြစ်ပါသည်ဟုဖြေပါရစေ။

အောက်‌ေခြက တတ်တော်သားတွေအနေနဲ့ လက်နက်ပြ စားသောက်ရသော အဆင့်သို့ ကျဆင်းနေပြီဖြစ်ကြောင်း စစ်ကိုင်းနှင့် မကွေး(နယ်အချို့)တို့၏ သတင်းများက ဖော်ပြနေပါသည်။မင်္ဂလာဆောင်မှာ ငွေတစ်သိန်းတောင်းပြီး ဆန်နှစ်ပြီချက် တောင်းယူသော သတင်းက ပျံ့နှံ့သွားပါသည်။

ကျန်တိုင်းများမှာတော့ တတ်တော်သားများကို မြင်ရသူ (အမှန်မြင်ပြည်သူ)အပေါင်းအနေဖြင့် မနှစ်မြို့သည့် မျက်နှာအမူအရာ အပြည့်ရှိသည့်လက္ခဏာကတော့ ငြင်းကွယ်မရသော အချက်ဖြစ်ပါသည်။

သက်သေပြချက်နှင့် အသိသာဆုံးသော အချက်!!!

Click to Donate အစွမ်း။စကစတို့ မခံစားနိုင်လောက်အောင်ဖြစ်ခဲ့ရပါသည်။

သို့ပါ၍ ဒို မနှိတ် နိုင်စေရန်၊ အင်တာနက် သုံးစွဲခကို မတန်တဆ မြှင့်တင်လာသည်က သက်သေပြနေပါသည်။

သဒ္ဓါ မချို့သော မြန်မာတို့ကို

ရွှေတိဂုံဘုရားထံ ရွှေစင်ရွှေပြား ဆက်ကပ်ကြပါရန်ထိ လူသိ ရှင်ကြား

နှိုဆော်ယူရသော အခြေနေထိဆိုက်ရောက်ခဲ့ရပါပြီ။

မြင်မိသမျှ အမြင်ဖြစ်ပါသည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page