top of page
Search

ဆန္ဒမစောကြစေချင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 16, 2021
  • 1 min read

စာရေးသူတို့ဟာ ဖက်ဆစ်မအလကို မကြိုက်ကြပါ။ သူ့လက်အောက်က ချက်ခြင်းလွတ်မြောက်လိုကြပါတယ်။ တစ်ရက်စောလွတ်မြောက်ရင် တစ်ရက်ပိုကောင်းတယ်ဆိုတာ အားလုံးသဘောတူမှာပါ။ ဒီနေရာမှာ သူကလက်နက်ကိုင် အနိုင်ကျင့်နေလို့ သူ့ကိုဖြုတ်ချဖို့ရာကလဲ လက်နက်ကိုင်နည်းသာရှိပါတယ်။


သူ့စစ်တပ်ဟာ ထိပ်ပိုင်းမှာဦးနှောက်ဆေးခံထားရသူ အများစုနဲ့ ဖွဲ့စည်းထားပါတယ်။ နာဇီတပ် ဖက်ဆစ်တပ်နဲ့တူပါတယ်။ ဒုတိယကမ္ဘာစစ်မှာ ပြင်သစ်ဟာ နာဇီဂျာမနီအောက်ရောက်ခဲ့ပြီး ရုရှားအချို့အစိတ်အပိုင်းတွေဟာလဲ ဂျာမနီအောက်ရောက်ခဲ့ကြပါတယ်။ ပြင်သစ်နိုင်ငံဟာ စစ်တပ်ရှိပေမယ့်စစ်ရှုံးပြီး ဂျာမနီအောက်ကို ၁၉၄၀ မေလက ရောက်ခဲ့တာပါ။ နာဇီက စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့ပါတယ်။ ပြင်သစ်လူမျိုးတွေဟာ နာဇီတွေကို ရရာလက်နက်စွဲကိုင်ပြီး အစပိုင်းမှာ ခံချပေမယ့် နာဇီဂျာမနီရဲ့ နှိပ်ကွပ်ခြင်းကို ခံခဲ့ရပါတယ်။ နာဇီနဲ့ ဖက်ဆစ်မအလကွာတာက မြန်မာပြည်မှာက နိုင်ငံခြားဖက်ဆစ်တပ်မဟုတ်ဘဲ မအလဖက်ဆစ်တပ်က မိမိလူမျိုးကို ရန်သူလို ပြုမူဆက်ဆံနေတာပါ။

ပြောချင်တာက ပြင်သစ်လူမျိုးတွေက စစ်ပညာတတ်ပြီးသားပါ။ ဒါပေမယ့် အနောက်နိုင်ငံတွေနဲ့အချိန်ကိုက်ပြီး လက်နက်၊ လူသူစုဆောင်း၊ သတင်းရယူ၊ ဆက်သွယ်ရေးကွန်ရက်ထူထောင်ပြီးအောင်မြင်မယ့်နေ့ ကမ်းတက်တဲ့ D Day ကို စောင့်တိုက်ခဲ့ပြီး ၁၉၄၄ မှာ ပြင်သစ်က ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ D Day မရောက်ခင် ပြင်သစ်ပြည်သူတွေက နာဇီတပ်စခန်းကို ဝင်တိုက်တာ၊ မီးရှို့တာ၊ ဆန္ဒပြတာ၊ သူ့ထောက်ပို့စနစ်ပျက်အောင်လုပ်တာတွေကိုလဲ လုပ်ဆောင်ခဲ့ကြပါတယ်။


ဒီနေရာမှာ NUG အစိုးရအဖွဲ့ဟာ ယခုမှတပ်ဖွဲ့ခါစပါ။ သုံးလသားတောင် မပြည့်သေးပါ။ PDF ဖွဲ့တာရက်ပိုင်းသာ ရှိပါသေးတယ်။ သူတို့မှာ အချိန်ယူပြီး မြန်မာပြည်ရဲ့ D Day အတွက် တစ်ဆင့်ခြင်းပြင်ဆင်ရမှာပါ။ ရခိုင်မှာ AA က ဖက်ဆစ်မအလကို ခံချဖို့တောင် ငါးနှစ်ပြင်ဆင်ခဲ့ရပါတယ်။ စာရေးသူတို့ NUG က အမြန်ဆုံးပြင်ဆင်နေပါတယ်။ လောလောဆယ် ပျောက်ကြားစနစ်သုံးပြီး ခံချကြပါ။ D Day နေ့ ရောက်ရင် အားလုံး ထွက်တိုက်ကြပါလို့ ပြောပါရစေ။ လောလောဆယ် ဆန္ဒမစောကြပါနဲ့။ရန်သူများများသေဖို့ စိတ်ရှည်သီးခံပြီး ပစ်မှတ်မှန်အောင် ပစ်နိုင်ကြပါစေ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page