top of page
Search

ဆက်သွယ်ရေးဘာကြောင့် အရေးကြီးလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 24, 2021
  • 1 min read

စစ်ပွဲတွေဖြစ်လာရင် မအလတပ်က အင်တာနက်တွေ၊ တယ်လီဖုန်းလိုင်းတွေကို ဖြတ်ပါမယ်။မဖြတ်ဘူးလို့တော့ မငြင်းပါနဲ့။ ဆန္ဒပြတာတောင်ဖြတ်တာ တိုက်ပွဲဖြစ်ရင် ဖြတ်မှာပါ။

ဒါ့ကြောင့် အဖွဲ့တိုင်းမှာ မိမိ PDF အချင်းချင်း ဆက်သွယ်ဖို့ ဆက်သွယ်ရေးစနစ်ရှိဖို့လိုအပ်ပါတယ်။ ဆက်သွယ်ရာမှာ တိုက်ပွဲဖြစ်ရာ နယ်မြေထဲမှာ (ဥပမာ လှိုင်သာယာထဲ၊ ရန်ကုန်ထဲ) ဆက်သွယ်ဖို့နဲ့ နောက်ရန်ကုန် ပဲခူးဆက်သွယ်ဖို့ ဌာနချုပ်နဲ့ ဆက်သွယ်ဖို့လဲ ဆက်သွယ်ရေးစက်လိုပါတယ်။

အချို့ဒေသခံအဖွဲ့တွေဟာ ပစ်ခတ်မှမဟုတ်ဘဲ ရန်ကုန်က CCTV တွေကို ရန်သူက အသုံးပြုပြီး မိမိတို့ကို လိုက်ဖမ်းမရအောင်လုပ်တာဟာလဲ တော်လှန်ရေးပါ။ မဟုတ်ရင် CCTV ကို ကြည့်ပြီး လိုက်ဖမ်းမှာပါ။ ဒါမျိုးတွေက တော်လှန်ရေးအတွက် ပြင်ဆင်ရာမှာလိုပါတယ်။

လက်နက်နဲ့ စိတ်ဓာတ်ရှိရင် စစ်ပွဲတွေက နိုင်ပါတယ်။ စာရေးသူတို့မှာ လူအင်အားနဲ့စိတ်ဓာတ်ရှိပါတယ်။ လိုနေတာက လက်နက်နဲ့ ဆက်သွယ်ရေးစနစ်ပါ။ ဒါအတွက် ငွေလိုပါတယ်။ ပြည်သူတွေ စီးပွါးရေးသမားတွေက NUG ကို ငွေလှူကြပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page