top of page
Search

စာရေးသူ၏ အကျိုးစီးပွါးပဋိပက္ခကြေညာချက် (Conflict of Interest Declaration)

Writer's picture: Myat Tun OoMyat Tun Oo

စာရေးသူက လိုင်းပေါ်မှာ စာရေးလို့ ကျင့်ဝတ်အရ မိမိရဲ့ အကျိုးစီးပွါး ပဋိပက္ခရှိမှုကို ကြေညာပါ့မယ်။စာရေးသူတို့ တပ်မတော်မှာ ၁၀% လောက်သာ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ကို မဲပေးခဲ့ပါတယ်။အများစုက အရေးယူခံရမှာ ကြောက်လို့ပါ။ စာရေးသူလဲ ကြောက်တတ်ပါတယ်။ ဒါက နိုင်ငံရေးသမားစစ်စစ်တွေနဲ့ တပ်ကလက်နက်ကိုင်ထားသူတွေ မိုးကျတွေရဲ့ ကွာခြားချက်ပါ။ နိုင်ငံရေးသမားကလက်နက်မကိုင်ဘဲ သတ္တိရှိသူများပါ။ ဥပမာ ထောင်ကျခံခဲ့တဲ့ နိုင်ငံရေးသမားများနဲ့ ဦးကိုနီ၊ ဦးထိုက်ဇော်တို့ပေါ့။


စာရေးသူဟာ တပ်ကိစ္စတွေကို မလော်ပါဘူး။ တပ်နှင့် အထူးသဖြင့် တပ်ချုပ်ကိုသာ ထောက်ပြပြောဆိုပါတယ်။ တပ်ကိုယ်စား ကာကွယ်ပြောဆိုလေ့မရှိပါ။ အကျိုးစီးပွါး ပဋိပက္ခကို ရှောင်တာပါ။စာရေးသူ၏ အကျိုးစီးပွါးပဋိပက္ခကြေညာချက် (Conflict of Interest Declaration)


စာရေးသူက လိုင်းပေါ်မှာ စာရေးလို့ ကျင့်ဝတ်အရ မိမိရဲ့ အကျိုးစီးပွါး ပဋိပက္ခရှိမှုကို ကြေညာပါ့မယ်။စာရေးသူတို့ တပ်မတော်မှာ ၁၀% လောက်သာ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ကို မဲပေးခဲ့ပါတယ်။အများစုက အရေးယူခံရမှာ ကြောက်လို့ပါ။ စာရေးသူလဲ ကြောက်တတ်ပါတယ်။ ဒါက နိုင်ငံရေးသမားစစ်စစ်တွေနဲ့ တပ်ကလက်နက်ကိုင်ထားသူတွေ မိုးကျတွေရဲ့ ကွာခြားချက်ပါ။ နိုင်ငံရေးသမားကလက်နက်မကိုင်ဘဲ သတ္တိရှိသူများပါ။ ဥပမာ ထောင်ကျခံခဲ့တဲ့ နိုင်ငံရေးသမားများနဲ့ ဦးကိုနီ၊ ဦးထိုက်ဇော်တို့ပေါ့။


စာရေးသူဟာ တပ်ကိစ္စတွေကို မလော်ပါဘူး။ တပ်နှင့် အထူးသဖြင့် တပ်ချုပ်ကိုသာ ထောက်ပြပြောဆိုပါတယ်။ တပ်ကိုယ်စား ကာကွယ်ပြောဆိုလေ့မရှိပါ။ အကျိုးစီးပွါး ပဋိပက္ခကို ရှောင်တာပါ။ စာရေးသူဟာ ရန်ကုန်မြို့ပေါ်က လူဖြစ်လာသူပါ။ နာမည်ကြီးကျောင်းကနေ ၁၀ တန်းအောင်ခဲ့ပါတယ်။


စာရေးသူက ဒီမိုထဲမှာ DASSK ကို ထောက်ခံပါတယ်။ သူမကို သိခဲ့တာ ကြာခဲ့ပါပြီ။ တွေ့ဖူးတာကသူမအာဏာမရခင် အခမ်းအနားတစ်ခုမှာပါ။ ဒါပေမယ့် ကြောက်စိတ်ကြောင့် သူမကိုထောက်ခံတာဟာ လိုင်းပေါ်တက်ရေးလောက်အောင်တော့ မဟုတ်ခဲ့တာ ဝန်ခံပါတယ်။ ၂၀၁၆ NLD အာဏာရလာအပြီး တပ်ထဲမှာ ပြန်သုံးသပ်ရာမှာ Facebook ပေါ်မှာ အားနည်းကြောင်း အဘကသုံးသပ်ပြီး အင်တာနက်စစ်ဆင်ရေးအတွက် တပ်ရင်းတစ်ခုစာသုံးပြီး အကောင့်များစွာထောင်သလို မီဒီယာများလဲထောင်တာကို သတိထားမိခဲ့ပါတယ်။ စာရေးသူယခင် ၂၀၁၇ ရေးချိန်က မယုံသူများ နောက်ပိုင်း Facebook ကတပ်အကောင့်တွေကို ပိတ်ချိန်မှာတော့ ယုံသွားကြမယ်ထင်ပါတယ်။ နောက်ကွီးဖြိုးကို စနစ်တကျတိုက်ခိုက်လာတာ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ၂၀၁၇ ညွှန်ချုပ်ကိစ္စအပြီးမှာ အကောင့်ထောင်ပြီးDASSK, NLD အစိုးရနဲ့ ကွီးဖြိုးကို ထောက်ခံရေးသားပါတယ်။ မိမိဟာ ဘာမှမဟုတ်ပါ။ ဘယ်သူကမှလာအမိန့်မပေးပါ။ နိုင်ငံခြားက တူ တူမများကတော့ နည်းပညာနဲ့ website ထောင်ဖို့လိုအပ်တဲ့ငွေကိုပံ့ပိုးပေးပါတယ်။ ဒါကလုံခြုံရေးအတွက်ပါ။


ယခု ၂၀၂၁ အစိုးရမှာ စာရေးသူထောက်ခံတဲ့ DASSK ဟာ အစိုးရအဖွဲ့ထဲမှာ ရှိနေပေမယ့် ကွီးဖြိုးဟာပြန်ပါလာမှာ မဟုတ်တော့ပါ။ ဒါကြောင့်မိုလို့ စာရေးသူရေးရာမှာ မိမိထောက်ခံသူတစ်ယောက်မရှိလို့အကျိုးစီးပွါး ပဋိပက္ခ conflict of interestဟာ နည်းသွားပါမယ်။ ဒါ့ကြောင့် အစိုးရကို ဝေဖန်ထောက်ပြရာမှာ မိမိရေးလိုတာကို ရေးရတာ ပိုကောင်းသွားပါမယ်။ DASSK ကိုထောက်ခံသူများက လိုင်းပေါ်မှာဆက်ရှိနေမှာကို ယုံကြည်ပါတယ်။


ယခုလို ထောက်ခံလို့လဲ စာရေးသူအတွက် ဘာအကျိုးမှ မရတဲ့အပြင် အခမသင့်ရင် အဖမ်းခံရနိုင်ပါတယ်။ တပ်ကိုမကောင်းရေးလို့ ၅၀၅ နဲ့ ထောင်ကျနိုင်တဲ့အပြင် တပ်ဥပဒေတွေနဲ့ အဖမ်းခံရနိုင်ပါတယ်။ ယခုလိုရေးလို့လဲ DASSK ရော ကွီးဖြိုးကရော လာစောင့်ရှောက်နေတာမဟုတ်ပါ။ DASSK နားက အဝေဖန်မခံနိုင်တဲ့ မိုးကျတွေကလဲ စာရေးသူရဲ့အကောင့်ကိုပိတ်ဖို့ တပ်ချုပ်ကြီးထက်တောင် ပိုစိတ်ဝင်စားနေကြပါတယ်။ သတင်းတွေအကုန်သိသင့်သလောက် သိပါတယ်။

ဘာပဲပြောပြော NLD နိုင်လို့ ဝမ်းသာပါတယ်။ မိမိထောက်ခံသူလဲ ၂၀၂၁ အစိုးရအဖွဲ့ထဲမှာ မပါလို့နောက်ဆန်တင်းစွာ လွတ်လပ်စွာပိုပြီးရေးနိုင်တော့မှာပါ။ နိုင်ငံရေးသမားတွေရဲ့ ကောင်းတဲ့အချက်ကအာဏာမမက်တာပါ။ စာရေးသူကြိုက်တာကတော့ မဘသကိုကိုင်သူ၊ မထသကို ကိုင်သူ၊ မအလကိုညွှန်ချုပ်ဆိုပြီး ကိုင်တတ်တဲ့ နိုင်ငံရေးသမားတွေကိုပါ။ အချို့ကိစ္စတွေက ဇတ်မျောကြီးကို ဖြတ်နိုင်ခဲ့ပါတယ်။ စာရေးသူက ဘယ်သူ့ကိုခန့်ပါ ဘယ်သူ့ကို မခန့်ပါနဲ့လို့ မလော်ပါဘူး။ ကွီးကမပါလို့ ဘယ်သူ့ခန့်ခန့်ပါ။ ဒါက DASSK ရဲ့ အလုပ်ပါ။ တစ်ခုဘဲ ပြောလိုတာက မိုးကျတွေကိုတော့ ဖြစ်နိုင်ရင် ဗဟိုအစိုးရအဖွဲ့မှာ မခန့်ပါနဲ့။ သာဝန်ကလွဲရင်ပေါ့။ ကျွန်တော့်လဲ မခန့်ပါနဲ့။


အားလုံးအဆင်ပြေပါစေ။

—————————————-

စာဖတ်သူများ ယခု page မှာ မတွေ့ရင်လဲ www.myattunoo.com ကို လာဖတ်ကြပါ။ စာဖတ်သူရဲ့website မှာ စာရင်းသွင်းထားတဲ့ အမာခံစာဖတ်သူ ၁၀၀၀ နီးပါးကိုလဲ ကျေးဇူးတင်ပါတယ်။ Facebook က ပိတ်လဲ မိတ်ဆွေတို့က အရေးကြီးတာကို လိုင်းပေါ်မှာ ပြန်ရှယ်မယ်လို့ ယုံကြည်ပါတယ်။

1,357 views1 comment

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

1 Comment


Albert Wint
Albert Wint
Nov 24, 2020

နိုင်ငံရေးမှာအသိရှိကြပေမဲ့သတိနဲ့သတင်းကသိပ်အရေးကြီးပါ၍အကြောင်းအမျိုးမျိုးနဲ့အလှမ်းမမီနိုင်တဲ့ကျွန်တော်တို့လိုလူမျိုးတွေကများကြပါ၍အားကိုးကြပါသည် ရေးစရာများရေးသင့်သည်များကိုငဲ့ညှာမှုများစွာဖြင့်ရေးပေးပါလို့တိုက်တွန်းအပ်ပါသည်ခင်ဗျး

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page