top of page
Search

စိုးရိမ်သူများသို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 17, 2019
  • 1 min read

စိုးရိမ်သူများသို့

DASSK ကိုချစ်မြတ်နိုးသူများက သူမကို အာဂျင်တီးနားမှာ တရားစွဲမယ်ဘာညာဆိုတော့ စိုးရိမ်ကြတာနားလည်ပါတယ်။ ဒါကိုဘဲ နားမလည်တဲ့ ပြည်သူတွေကို အနောက်တိုင်းက ဘီဘီစီ၊ RFA နဲ့ VOA တို့ကအင်္ဂလန်က ဘင်္ဂါလီလော်ဘီတွေ၊ HRW တို့လို ရိုက်စားအဖွဲ့တွေက အာဂျင်တီးနားက တရားစွဲရင်ဘဲလာဖမ်းတော့မရောင် လော်ပြီး ပြည်သူတွေကို ခြောက်လှန့်နေတာတွေ့ရပါတယ်။

အာဂျင်တီးနားဆိုတာ စာရေးသူတို့တိုင်းပြည်ကလူအများစုက တောင်အမေရိကက ဘောလုံးအသင်းအနေနဲ့သာ သိမှာဖြစ်သလို အင်္ဂလန်ကို ဖော်ကလန်စစ်ပွဲမှာ စစ်ရှုံးခဲ့တဲ့နိုင်ငံအဖြစ်နဲ့သိနိုင်ပါတယ်။ သူ့တိုင်းပြည်မှာ သမ္မတသစ်ကို ပြီးခဲ့တဲ့လကမှ ရွေးလိုက်တာပါ။ သူ့နာမည်က Alberto Fernandez ပါ။ အာဂျင်တီးနားမှာ စီးပွါးရေးကျနေပြီး လူ ၁၀ ယောက်မှာ တစ်ယောက်က အလုပ်လက်မဲ့ ဖြစ်နေပါတယ်။သူ့ရဲ့ ပီဆိုငွေတန်ဖိုးကျနေပြီး ငွေကြေးဖောင်းပွမှုက ၅၀% ရှိနေပါတယ်။ စီးပွါးရေးကြောင့် လူတွေကိုဒေါ်လာဝယ်ယူမှုကို ၂၀၀ ထက် ပိုမဝယ်ရဆိုပြီး ဒီဇင်လာလအထိ ကန့်သတ်ထားပါတယ်။ ဒီလို ပိုက်ဆံလိုနေတဲ့နေရာမှာ ပိုနေသူတွေက လာမှာပါ။

အာဂျင်တီးနားတရာရုံးမှာစွဲတာက မြန်မာပြည်ဥပမာနဲ့ပြောရရင် စွေစောင်းလိုကောင်က ထရမ့်ကိုစွဲသလိုပါ။ သူစွဲလဲ ဘယ်သူကမှ အဖက်လုပ်ပြီး မလာပါ။ သွားမရှင်းပါ။ သူ့ဖာသာ စီရင်ချက်ချလဲ အရူးသာသာသာ ဖြစ်မှာပါ။ ဒါကြောင့်အေးဆေးပါ။ ယခုစွဲသူက ယခင်မြန်မာပြည်ကိုလာသွားတဲ့ ကင်တားနားပါ။ သူက အာဂျင်တီးနားနိုင်ငံသားပါ။ စားကောင်းသောက်ကောင်းပေါ့။

ဒီနေရာမှာ စာရေးသူတို့နဲ့ လူ့အခွင့်အရေးသမားတွေနဲ့က အမြင်မတူတာတွေရှိနိုင်ပါတယ်။ စာရေးသူတို့က အိမ်ထဲကိုသူခိုးဝင်ရင် မိမိမှန်တယ်ထင်ပြီး ပစ်ဖမ်းခဲ့ရင် ဥရောပမှာ တရားစွဲခံရနိုင်ပါတယ်။ လူ့အခွင့်အရေးသမားတွေက မိမိသမီး မုဒိမ်းကျင့်ခံရရင်တောင် မုဒိမ်းကောင်ကို လူ့အခွင့်အရေးထိခိုက်မှာစိုးလို့ ပြီးမှဖမ်းလိုသူများပါ။ စာရေးသူတို့ကတော့ ဒီလိုကောင်တွေကို ကိုင်လိုက်မှာပါ။ ဒါက အာရှ၊ဥရောပနဲ့ အမေရိကား အမြင်မတူတာလေးတွေပါ။

စာရေးသူကတော့ DASSK လုပ်နေတာတွေက လမ်းမှန်နေတယ်လို့ ထင်ပါတယ်။ သူတို့က သူမကိုတိုက်ခိုက်နေရင်တော့ မြန်မာနိုင်ငံရဲ့ အမုန်းကိုသာ ရရှိမှာပါ။

မြန်မာပြည်က စဉ်းစားရမှာက ယခုလို မိမိနိုင်ငံရဲ့ နိုင်ငံ့ခေါင်းဆောင် DASSK ကို တရားစွဲဖို့ကြိုးစားတဲ့အင်္ဂလန်က ဘင်္ဂါလီလော်ဘီနဲ့ဆက်သွယ်သူ မြန်မာပြည်ထဲကလူအချို့ရဲ့ ငွေကြေးခဝါချမှုကို ဘိန်းကုန်ကူးမှုကို စုံစမ်းပြီး ဖမ်းနိုင်ရင် သူတို့ပိုအထိနာပါမယ်။ အားလုံးကတော့ ဥပဒေအတိုင်းလုပ်ရမှာပါ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page