top of page
Search

စာရင်းရှင်းချိန်တန်ပြီ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 28, 2020
  • 1 min read

NLD က ပြောင်းလဲချိန်တန်ပြီနဲ့ တက်လာခဲ့ပါတယ်။ စာရေးသူတို့က ငွေကြေးခဝါချမှုဆိုရင် ယခုနှင်းဆီကျော်မြင့်နဲ့ ဓာတ်ခဲငွေများ ဘိန်းငွေများကိုသာ မြင်လေ့ရှိပါတယ်။ မဘသငွေများ၊ မတရားမှုနဲ့ရရှိငွေများကို မေ့နေကြပါတယ်။ NLD အစိုးရ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများမှားရင် မီဒီယာတွေက ဖွပါတယ်။ လုပ်ထုံးလုပ်နည်းမှားရင်တောင် ထောက်ပါတယ်။ နောက်ဆုံးဖြစ်စဉ်က ကယားဝန်ကြီးချုပ်ကိုတပ်၊ ဖွတ်နဲ့ အဘနဲ့တွေ့တဲ့ ကယားပါတီ KySDP က လုပ်သွားတာမျိုးပါ။ သူ့ကို လုပ်ထုံးလုပ်နည်းမှားတာနဲ့တောင် ဖြုတ်ချတာပါ။

ယခုစာရေးသူက ရေငုပ်သင်္ဘောကိစ္စတင်တော့ ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းသော အဘသားအချို့ကဆက်ဆက်ခါနာကြပါတယ်။ ယခုအိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲ ဗီဒီယိုဖိုင်ကို အထောက်အထားအနေနဲ့ တင်ပေးလိုက်ပါတယ်။ ဗီဒီယိုမှာ သတင်းထောက် မေးထားတာက မြန်မာကို ရေငုပ်သင်္ဘောလက်ဆောင်ပေးတာ ဟုတ်ပါသလားလို့ မေးပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဟုတ်ကြောင်း ဒါဟာ မြန်မာပြည်ရဲ့ ပထမဆုံးရေငုပ်သင်္ဘောဖြစ်ကြောင်းအိန္ဒိယအစိုးရရဲ့ အိမ်နီးချင်းမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မူဝါဒအရပေးကြောင်း ပြောသွားခဲ့ပါတယ်။

ဟုတ်ကဲ့ NLD အစိုးရကို ဖောင်းထုသူများ တတ်သိပညာရှင်များ သတင်းထောက်များ အဘကို မေးလို့ရပါပြီ။ မေးရဲ ဝေဖန်ရဲခဲ့ရင်ပေါ့။

အဘအနေနဲ့လဲ မဟုတ်ရင်လဲ ထွက်ရှင်းလိုက်ပါ။ ဘယ်လောက်ပေးရတယ် အိန္ဒိယကပြောတာ မှားတယ်ပေါ့။ မိမိဘက်က မှန်ခဲ့ရင်ပါ။ ကျေးဇူးရှိရင်လဲ ရှိတယ်ပေါ့။

စာရင်းရှင်းချိန်တော့ တန်နေပါပြီအဘ။

Video credit: The Times of India and India Ministry of External Affairs

 
 
 

1 Comment


Albert Wint
Albert Wint
Oct 28, 2020

ဟံသာဝတီဦးဝင်းတင်ကဘယ်သူ့ကိုပြောတာလဲတော့မသိခဲ့ပါ ပြောတဲ့စကားက ္မင်းတို့နိုင်ငံရေးက ကျဆုံးမှာဘဲ ဘာကြောင့်လဲဆိုတော့ မရိုးသားကြလို့ဘဲ္တဲ့ ဗျ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page