top of page
Search

စံပြု အတုယူ လေးစားထိုက်သော ရထားဝန်ထမ်းမျာ:

Writer: Myat Tun Oo
Myat Tun Oo
Mar 11, 2021
1 min read

မအလနဲ့ သူ့ရဲ့လက်အောက်ခံတပ်ဟာ ပြည်သူတွေကို အကြမ်းဖက်နေတာက ဝမ်းနည်းတုန်လှုပ်ဖွယ်ရာ တွေ့နေရပါတယ်။ ဒါပေမယ့် ပြည်သူတွေကလဲ သူ့ကိုခံချနေတာတွေ့ရပါတယ်။ ဒီအရေးအခင်းမှာ ရဲရင့်သူများစွာကို တွေ့လိုက်ရလို့လဲ ဦးညွတ်အလေးပြုပါတယ်။

ယခုနောက်ဆုံး မအလလုပ်နေတာကတော့ CDM လုပ်တဲ့ ဝန်ထမ်းတွေကို ဝန်ထမ်းအိမ်ရာက အတင်းထွက်ခိုင်းမယ် သူတို့ကို ပြည်သူကထောက်ပံ့တာကို မအလက သူခိုး ဓားမြလိုလုမယ် ပြီးရင်သူတို့စားစရာမရှိရင် CDM ကို စွန့်ပြီး သူ့ထံအလုပ်ပြန်ဆင်းမယ်ပေါ့။ ဖြတ်လေးဖြတ်ပေါ့။ ဒါပေမယ့် ရထားဝန်ထမ်းတွေဟာ သူတို့ကို မလွှကုန်းအိမ်ယာက နှင်ချတာကို အိမ်ပေါ်ကဆင်းဖို့ ဆုံးဖြတ်လိုက်ပြီးCDM ကိုတော့ အသက်နဲ့လဲပြီး ဆက်လုပ်သွားတာ တွေ့ရပါတယ်။

ဒီလိုမျိုးစိတ်ဓတ်ဟာ အင်မတန်မှ လေးစားစရာပါ။ ဒါဟာလက်နက်ရှိပြီး မိုက်ရဲတာထက် အဆထောင်ပေါင်းများစွာသာပါတယ်။ ပြည်သူတွေအနေနဲ့လဲ မရှိတဲ့ကြားက ဝိုင်းဝန်းထောက်ပံ့ကြမယ်လို့ထင်ပါတယ်။ ဒီမိုအစိုးရပြန်တက်လာရင်တော့ သူတို့ကို မြေကွက်တွေ၊ ရာထူးတွေနဲ့ ဆုချရမှာပါ။

ရထားဝန်ထမ်းများရဲ့ လုပ်ရပ်နဲ့ စိတ်ဓတ်ဟာ စံပြုစရာ၊ အတုယူစရာ၊ လေးစားဂုဏ်ပြုစရာပါလို့ ပြောပါရစေ။ သူတို့ဟာ နိုင်ငံရဲ့ ပြည်သူ့ဝန်ထမ်းကောင်းတွေ သားကောင်းသမီးကောင်းတွေပါလို့ ပြောပါရစေ။

ပြည်သူသာ အဓိကပါ။

အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page