top of page
Search
  • Writer's pictureMyat Tun Oo

စီးပွါးရေးအကြောင်း



စီးပွါးရေးအကြောင်း

အာရှဖွံ့ဖြိုးရေးဘဏ် ADB က လွန်ခဲ့တဲ့ ရက်ပိုင်းက မြန်မာပြည်စီးပွါးရေး ကြားဖြတ်အစီရင်ခံစာထွက်လာခဲ့ပါတယ်။ သူက GDP အသားတင်ထုတ်လုပ်မှုကို သူမှန်းထားတဲ့ ၆.၆% အတိုင်း မြန်မာပြည်က ဖွံ့ဖြိုးခဲ့တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

နောက် တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြားထဲက ဘင်္ဂါလီကိစ္စကြောင့် အနောက်က ကုမ္ပဏီတွေ အများကြီး မလာတဲ့ကြားထဲက မြန်မာပြည်ဟာ ပို့ကုန်များပြီး သွင်းကုန်နည်းခဲ့လို့ DASSK လက်ထက်မှာ ဒေါ်လာ ၅၄.၆ မီလီယံ ပိုငွေပြခဲ့တယ်လို့ဆိုပါတယ်။

ဒါကြောင့် အခက်အခဲတွေစိတ်ခေါ်မှုတွေကြားထဲက မြန်မာပြည်ဟာ ကြွေးနည်းလာပြီး ကုန်သွယ်ရေးပိုငွေ အနည်းငယ်ပြကာ တိုးတက်လာတယ်လို့ ဆိုထားပါတယ်။

တချိန်ထဲမှာဘဲ ကမ္ဘာ့ဘဏ်ကလဲ မြန်မာပြည်ကို စီးပွါးရေးလုပ်ရလွယ်တဲ့ တိုးတက်အောင်လုပ်တဲ့ ထိပ်ဆုံးနိုင်ငံ ၂၀ ထဲမှာ ၂၀၂၀ အတွက် ထည့်သွင်းလိုက်ပါတယ်။

ဒါတွေဟာ ကာလုံခဏခဏခေါ်တဲ့ အဘလက်ထက်မှာ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာပါ။ ကွာတာက အဘတွေအားလုံး ကာလုံမှာတွေ့တဲ့ ခေါင်းတွေအားလုံးပေါင်းဟာ DASSK ခေါင်းကိုမယှဉ်နိုင်တာပါ။ အချို့ကိစ္စတွေက အနှိပ်ခန်းထောင်သူကို အကြံပေးခန့်ရင် အနှိပ်ခန်းအဆင့် စီးပွါးရေးသာရမှာပါ။ အမလက်ထက်မှာက တကယ့်နိုင်ငံခြားတက္ကသိုလ်က ပါမောက္ခတွေ မိမိတိုင်းပြည်ကပညာတတ်တွေနဲ့ ပေါင်းလုပ်လို့ ကောင်းတဲ့ဘက်ကိုရွေ့နေပါတယ်။

မနေ့ကရေးထားတဲ့ ဥပမာအတိုင်း တဖြည်းဖြည်းချင်း တိုင်းပြည်ကြွေးနည်းလာပြီး ပညာတတ်တွေများလာ အလုပ်လက်မဲ့နည်းလာ ဘိန်းစားနည်းလာပြီး တိုင်းပြည်က တိုးတက်လာမှာပါ။

Data Source: ADP, World Bank, Myanmar Times

213 views0 comments

Recent Posts

See All
bottom of page