top of page
Search
  • Writer's pictureMyat Tun Oo

စီးပွါးရေးမကောင်းတာ တကယ်လား


စီးပွါးရေးမကောင်းတာ တကယ်လား

စာရေးသူတို့လိုင်းပေါ်မှာ ဖွတ်၊ တပ်နဲ့ ယခင်အဘနွယ် သူခိုးအကောင့်တွေက စီးပွါးရေးမကောင်းဘူးလို့ မှန်မှန်နဲ့ ကျယ်ကျယ်အော်လေ့ရှိပါတယ်။ နံနံပင်အော်တာဟာ အလွယ်တကူ နားလည်လို့ရပါတယ်။

ဒီသတင်းကျွတ်မှာ စာရေးသူမိန်းမကလဲခွင့်ရလို့ ကလေးတွေနဲ့ ဘုရားဖူးထွက်ပါတယ်။ လမ်းပေါ်မှာကားတွေနဲ့ ပြည့်နေခဲ့သလို ဟိုတယ်တွေကလဲ အခန်းပြည့်နေလို့ အသိတွေကို အကူအညီတောင်းရပါတယ်။ ခွင့်က စာရေးသူရော မိန်းမရော ဝန်ထမ်းမိုလို့ နောက်ကျမှ စီစဉ်ရတာလဲ ပါနိုင်ပါတယ်။ ဒါပေမယ့် ဟိုတယ်တွေမှာ လူပြည့်နေတာကတော့ သေချာပါတယ်။ ဒါတင်လားဆိုတော့ ရန်ကုန်မှာ ရွှေဘဲလေးဝင်စားပြန်တော့လဲ ဆိုင်ပြည့်နေတာ တွေ့ရပါတယ်။

ပုဂံကဆိုင်တွေကိုမေးကြည့်တော့ အဖြူတိုးတွေ ပြီးခဲ့တဲ့နှစ်ကနည်းပေမယ့် အာရှကတိုးတွေနဲ့လည်ပတ်ကြောင်း ဒီနှစ်တော့ အဖြူတိုးတွေစလာနေကြောင်းပြောပြပါတယ်။

လမ်းတွေဟာ ယခင်ကထက် ပိုကောင်းလာသလို မြို့အဝင်တွေနဲ့ မြို့ထဲတွေမှာ အသစ်ခင်းထားတဲ့လမ်းတွေက ပိုကောင်းလာတာတော့ ငြင်းမရပါ။ ဒါက အမြင်အတိုင်း လက်တွေ့ခရီးစဉ်အပေါ် သုံးသပ်ရေးပြတာပါ။ နောက်နယ်တွေမှာ မီတာခအကြောင်းမေးကြည့်တော့ သူတို့က မီးလာရင်တော်ပြီ ပေးရတာကို သိပ်မမှုကြပါ။

အကျဉ်းချုက်ပြောရရင် လိုင်းပေါ်ကအသံက အပြင်မှာထက် ပိုကျယ်နေတာတွေ့ရသလိုစားသောက်ဆိုင်တွေ ရောင်းကောင်းနေတာဟာလဲ လိုင်းပေါ်မှာပြောနေတာထက် ကွာနေပါတယ်။ ဒါကလက်တွေ့ခရီးပေါ်မူတည်ပြီး ပြောပြတာပါ။

156 views0 comments

Recent Posts

See All
bottom of page