top of page
Search

စိုးထွဋ် ဘာတွေ စိုးရိမ်နေလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 23, 2023
  • 1 min read

စိုးထွဋ်က အဘခိုင်းတာလုပ်ခဲ့တဲ့ အဘရဲ့ လူယုံပါ။ စိုးထွဋ်ဟာ အာဏာသိမ်းအစပိုင်းမှာ မိုးမြင့်ထွန်း၊ ရဲဝင်းဦးတို့နဲ့အတူ အဘရဲ့ အားကိုးခဲ့ရသူတွေပါ။ စိုးထွဋ်ဟာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ကို ကြိုးပေးသတ်ဖြတ်ရာမှာလဲမအလပြီးရင် အဓိက ကြီးကြပ်ပါဝင်ခဲ့သူပါ။ သူ့ကို ပုံမှန်မှာ ဖြုတ်စရာအကြောင်းမရှိပေမယ့် သူကင်ဆာ‌ရောဂါဖြစ်အပြီးမှာ အစည်းအဝေးမတက်နိုင်တာ ခိုင်းတာကိုမလုပ်နိုင်တာတွေ ဖြစ်လာခဲ့ပါတယ်။ သူ့ရောဂါအတွက် ဦး၊ရေး၊ ထောက်တက်နေတဲ့ ဂျပန်မှာ မှန်ပြောင်းကြည့်တတ်တဲ့လူကိုခေါ်ပြီး စစ်ခဲ့တာပါ။ ဒါပေမယ့် သူ့ရောဂါက ပျံ့နေခဲ့ပါပြီ။ ဒါကြောင့် မအလက သူ့ကိုဖြုတ်မယ်ဆိုတာလဲ သူသိလာပါတယ်။ သူက သူ့လုံခြုံရေးကို စိတ်မပူပေမယ့် သူ့မိသားစုလုံခြုံရေးကိုတော့ စိတ်ပူနေပါတယ်။ သူပြည်ထဲရေးဝန်ကြီးဖြစ်ချိန်မှာ သူနဲ့ သူ့မိသားစုကို ရဲ၊ SP၊စရဖတို့နဲ့ လုံခြုံရေးပေးခဲ့ပေမယ့် သူပြည်ထဲရေးဝန်ကြီးမဖြစ်ချိန်၊ နောက်ဘာဝန်ကြီးမှ မဖြစ်ချိန် အစောင့်မရှိရင်သူ့မိသားစုနဲ့ သူ့မြေးတွေကို အန္တရာယ်ပြုမှာကို စိုးရိမ်နေခဲ့ပါတယ်။ မအလကလဲ ရာထူးမရှိရင် သမ္မတဟောင်း ဦးသိန်းစိန်တောင် အစောင့်တစ်ယောက်ဘဲ ပေးတာကို ဥပမာပေးခဲ့ပါတယ်။ စိုးထွဋ်ကို ရာထူးမပြောင်းခင်မှာ စရဖကိုဝန်ကြီးပြုတ်တွေထဲက အရေးပါသူတွေကို ဘယ်လို လုံခြုံရေး ပေးနိုင်မလဲဆိုတာ လေ့လာခိုင်းခဲ့ပါတယ်။

လောလောဆယ်မှာတော့ သူ့ကိုဝန်ကြီးရာထူးပေးထားပြီး သူမသေခင်အထိ ကာကွယ်ပေးနိုင်ပေမယ့် သေပြီးရင်တော့ သူ့မိသားစုက အကာအကွယ်မရှိမှာ သေချာပါတယ်။ သူ့သားတွေလဲ စပိန်၊ Dubai၊ပေါ်တူဂီ၊ ဂရိတို့မှာ ရင်းနှီးမြုပ်နှံပြီး Golden visa နိုင်ငံသားရဖို့ ကြိုးစားနေပါတယ်။ နေဝင်းမြေးကို ဆရာတင်မေးထားပါတယ်။ ထိုင်းက ကွန်ဒိုလဲဝယ်ဖို့ ကြည့်နေပေမယ့် ထွန်းမင်းလက်ကိစ္စအပြီးမှာ အရှိန်သတ်ထားပါတယ်။

ဒီမိုတွေက သွေးအေးသွားပြီး သူ့အဖေကိစ္စကို အဖကလွဲပြီး ကျန်သူကို အကြွေးမဆပ်ရင်တော့ စိုးထွဋ်နဲ့ အဘတို့က သဘောကျမှာပါ။ ယခုဟာက အထဲကစိုးရိမ်တာကို သတင်းအနေနဲ့သာ ရေးတာဖြစ်ပြီး ဘာလုပ်မလဲဆိုတာ ဒီမိုတွေကသာ ဆုံးဖြတ်ရမှာပါ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page