top of page
Search
  • Writer's pictureMyat Tun Oo

စာတွေ့နဲ့ လက်တွေ့ ဘာကွာနေလဲ?


မအလတပ်ထဲမှာ တိုက်ပွဲတိုင်းက နိုင်နေပါတယ်။ မိလိုက်တဲ့ PDF တွေကလဲ အများကြီး။ လက်နက်တွေကလဲ စုံလို့။ ကိုဖြိုးဇေယျာသော်လဲ မိတယ်။ ကိုဂျင်မီလဲမိတယ်။ ဟုတ်နေတာဘဲ။ ဒါက မြဝတီနဲ့မြန်မာ့အသံမှာ။

တကယ်က ကိုဖြိုးဇေယျာသော်ကို စွဲထားတဲ့အမှုတွေက အများကြီး။ ဗုံးပေါက်တိုင်း လူသေတိုင်း အမှုတိုင်း သူ့ကိုစွပ်စွဲထားတာ။

ဒါဆိုရင် ကိုဂျင်မီရော၊ ကိုဖြိုးဇေယျာသော်ရောမိရင် ဘာလို့ ရန်ကုန်မှာ အပစ်ခံရတာ၊ ဗုံးဖောက်ခံရတာ မရပ်သွားတာပါလဲ။ ဒီလောက်တောင်မိနေတာ မအလသတင်းက အမှန်ဆိုရင်ဘာလို့ တိုက်ခိုက်မှုတွေက မရပ်သွားတာလဲ?

မအလက ဖမ်းမိတယ်လို့ ကြေညာအပြီး ရန်ကုန်မှာ နေရာအနှံ့ ဗုံးခွဲခံရတာ၊ ပစ်ခတ်တိုက်ခိုက်ခံရတာတွေ ရှိနေဆဲပါ။ မအလတပ်တွေ သေလားဆိုတော့ သေပါတယ်။ ဒီနေ့လဲ စမ်းချောင်းမှာ မအလတပ်၊ရဲနဲ့ စည်ပင် ဗုံးခွဲအတိုက်ခံရပါတယ်။ ဗုံးပေါက်တာကလဲ တစ်မြို့လုံးနီးပါးပါ။ ဒါဆိုဘာလို့ ဒီလောက်တောင် မိနေတဲ့ကြားက တိုက်ခိုက်မှုတွေများနေရတာလဲ?

သင်ဟာဖွတ်၊ ငတုံး မအလပြောတာကို ယုံလွယ်သူဘောမအနေနဲ့ သူပြောတာဟုတ်တယ်ဆိုပြီး မိတဲ့လက်နက်တွေက PDF ဟာတွေဆိုရင်တောင် နောက်ထပ်စဉ်းစားရမှာက ဒီလောက်လက်နက်တွေမိနေရင် မမိဘဲကျန်တာက ဘယ်လောက်တောင် ရှိနေမလဲဆိုတာပါ။ ဒါက မအလပြောတဲ့အတိုင်းလေးပြောပြတာ။

မြေပြင်မှာက ပြည်သူတွေရဲ့ မအလကို အမုန်းတရားက ကြီးမားပါတယ်။ ယခင်က စျေးမရောင်းရလို့အမိန့်ထုတ်ရင် ငြိမ်ခံနေတဲ့ လမ်းဘေးစျေးသည်ဟာ ယခုမအလက စျေးမရောင်းရဆိုပြီး သူ့ဆိုင်ကိုလာဖျက်ရင် ဗုံးထောင်ပြီး မအလရဲ့ ဖက်ဆစ်တပ်ကို ပြန်ချနေပါပြီ။ နောက်ပိုင်း ကျူးကျော်တွေကလဲခံချလာပါလိမ့်မယ်။ ယခင်က မအလနဲ့ဘောမတွေတွက်တာက ပြည်သူတွေငတ်ရင် သူတို့ကို ဒူးထောက်အညံ့ခံမယ်ပေါ့။ ယခုပြည်သူတွေက ငတ်ရင်တောင် ဒူးမထောက်ဘဲ သူတို့ကိုတိုက်ပြီးအသေခံမယ့်ပုံဖြစ်သွားတာပါ။ ဒါက ရန်ကုန်မြို့ကြီးမှာ ဖြစ်နေတာကို ပြောပြတာပါ။

နယ်တွေမှာ ပခုက္ကူကနေ မြိုင်ကိုတောင် ဘယ်စစ်ကားမှ တစ်စီးထဲ ပုံမှန်မသွားရဲတော့ပါ။ ကလေး-ဂန့်ဂေါလမ်းမှာဆိုရင် မအလတပ်ကို အစအနတောင် ရှာမတွေ့ဘဲ PDF တွေသာ တွေ့ရမှာပါ။ နမခတိုင်းမှူးဟာ မုံရွာတိုင်းမှူးဆိုတဲ့ နာမည်ပြောင်တောင် စရနေပါပြီ။ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟာ နောက်ဆိုယဉ်တန်းနဲ့ မသွားရဲလောက်အောင် ဖြစ်သွားခဲ့ပါပြီ။ နောက်တပ်ထဲမှာ ရက်လည်ဆွမ်းကျွေးတာအလုပ်မခံဘဲ ဘုန်းကြီးကျောင်းသာ ဆွမ်းပို့ခိုင်းပြီး သတင်းစာထဲမှာလဲ နာရေးအထည့်မခံပါ။ Facebook မှာတောင် သေတာကို RIP အတင်မခံပါ။ အကောင့်တုသုံးရင်တော့ ရမှာပါ။ ဒါက သေသူအချို့ကိုတပ်ပြေးစာရင်းပြတဲ့ကြားထဲကနေပါ။ ဒဏ်ရာရသူများလို့ နမခနဲ့ မန္တလေးက တပ်ဆေးရုံတွေမှာ သွေးလိုနေလို့ နီးစပ်ရာ တပ်မိသားစုတွေကို အလှည့်ကျသွေးလှူခိုင်းနေရပါတယ်။ မသက်ဆိုင်တဲ့ တပ်ကိုလဲမခိုင်းရဲပါ။ ဒဏ်ရာရသူများတာ ပေါက်ကြားသွားမှာစိုးလို့ပါ။ လောလောဆယ် အရေးပေါ်သွေးလိုတာကို အရပ်သားတွေရဲ့ ဆေးရုံကနေ ယူသုံးပါတယ်။ သူက မိုင်းထိလို့ တစ်ခါထိရင် အစုလိုက်အပြုံလိုက်ပါ။ ဒေါက်တာစုစုဒွေးက အောင်လင်းဒွေးညီမမိုလို့ အရပ်သားသွေးယူသုံးဖို့ကို ခွင့်ပြုပါတယ်။ သူမကမန္တလေးဆေးရုံတွေကို သိပါတယ်။

အကျဉ်းချုပ်ရရင် မိနေတယ်ပြောပေမယ့် ပြည်သူတွေက အားကောင်းစွာတိုက်နေကြပါတယ်။ ယခုငွေတိုက်စာချုပ်အားပေးသူများလို့ စာရေးသူတို့ ထင်ထားတဲ့အတိုင်းသာ ဝင်ငွေရခဲ့ရင် PDF တွေဟာတူမီးကနေ AK 47 /M16 ဖြစ်လာမှာပါ။ စာရေးသူတို့ပြည်သူက အများစုမိုလို့ ဘယ်လောက်ဖမ်းဖမ်းမအလ မနိုင်နိုင်ပါ။ မအလပြောတဲ့ သုံးလအတွင်း PDF ကို အမြစ်ပြတ်ချေမှုန်းနိုင်မယ်ဆိုတာကိုတရုတ်ကမယုံတာ သေချာပါတယ်။ သင်ယုံရင်တော့ သင့်အားအရူးထောင်က စောင့်နေပါလိမ့်မယ်။ပြည်သူ့အောင်ပွဲတွေက တစ်ခုပြီးတစ်ခု ဆက်လာနေမှာပါ။ ပြည်သူတွေ ငွေတိုက်စာချုပ် အဝယ်ကြမ်းလို့ စင်ကာပူဘဏ်တွေတောင် ရပ်ကုန်ပါတယ်။ ဒါက ပြည်သူ့အင်အားကိုပြတာပါ။ ပြည်သူပါလို့ ဒီပွဲက နိုင်ကို နိုင်မှာပါ။

1,527 views1 comment

1 comentario


Myint Soe Oo
Myint Soe Oo
24 nov 2021

ဦးမြတ်!!! စာတွေ့ နှင့် လက်တွေ့ ကွာခြားနေရခြင်း အဓိကအကြောင်းရင်းသည် ခုခါ လူသုံးအပြောများသော အောက်‌ေဖါ်ပြပါစကားကြောင့်သာ ဖြစ်ပါသည်ဟု ဆိုပါရစေ။

••• ပလ္လင် ရူးတာလည်း၊မပြောနဲ့

••• ကျွန်ရူးတွေကလည်း များတာကိုး။

စကတည်းက ယဉ်သကိုး။ ၃၄ ပါတီကမြှောက် ၊ ထောက်ခံပွဲတွေက အနှံ့၊ အရေးကြုံရင် လေသိန်း ရှိတယ် ဆိုသူကဆို၊ အနည်းငယ်သော မိတ်ဆွေတွေနဲ့ပဲ

ဆက်သွားမယ်လို့ ပြောတဲ့သူက ပြော။

၃၄ပါတီပေါင်း မဲရလဒ် မဲပေးသူရာနှုန်း ဘယ်လောက်ရသလဲ မစိစစ်နိုင်။ အရေအတွက်ပဲရှိ၊ အရည်အချင်း မရှိမှန်း မသိ။ ထောက်ခံသူဆိုတာကလည်း လောလောဆယ် ဝမ်းဗိုက် ဝ ဖို့၊အခကြေးငွေမျက်နှာမူ၍ လိုက်လာသူများ။အနည်းငယ်သော မိတ်ဆွေဆိုတာကလည်း အတုလား? အစစ်လား?။ ရွှေမျိုးပေါက်ဖော်လား?ဆွေမျိုးပေါက်ဖော်လား? မခွဲခြားတတ်။

အောက်က မြှောက်ပင့် ပြောသမျှ အလိမ်ခံရမှန်း မသိ။ နားရွက်ကို ယပ်တောင်ကြီးနဲ့ တူပါသည်ဆိုလည်း ယုံပါသည်။

အစွယ်ကို လှံဟုပြောလည်း ယုံလိုက်တာပဲ။ခြေထောက်ကို တိုင်ဟုပြောလည်း ဟုတ်ပေသားပဲ၊ ခေါင်းတော်ငြိမ့်သမျှ

အောက်က ဘောင်းတော်တွေကသ‌ေဘာကျ။‌ေဘာင်း‌ေတာ်‌ေတွကလည်း စလွယ်ပျော့ပျောင်း နားဋောင်းတွေရနေသမျှ

ခေါင်းတော်ငြိမ့်အောင် လေ နဲ့လျောက်တင်ကြ။‌ေမြပြင်အခြေနေ ထဲထဲဝင်ဝင် မသိ၊ မြေပြင်လူအုပ်ပြည်သူကြားထဲလည်း တစ်ယောက်ထဲ မသွားဝံ့။ ဘောင်းတော်ငြိမ့်များကလည်း မန်ကျည်းကိုးပင် မလောက်လို့ သဲကိုးဖြာနှော ပြောကြပေပြီ။သူ့အရပ်နဲ့ သူ့ဇာတ် ဟပ်လို့ အပ်စပ်။

သို့သော် က သာကနေရ၊ ကြည့်သူမရှိ ပကတိဆိတ်သုန်း၊ ကြည့်မကောင်းတော့

မကြည့်ချင် အမြန်နှင်ဖို့ ခဲနဲ့ပစ်၊ ခဲမလောက်ဇာတ် လွမ်းခန်းရောက်ချိန်တန်၍ ပြည်ဖုံးကားချရမည့် ကာလ။အမှန်ကို ကြောက် ၊ အလင်း ပျောက်အောင် မုသာနဲ့ ဆိုးခဲ့သည်မို့

~ဘရူနိုင်းဘုရင်ကပင် နှုတ်ထွက်ပြောရသည်ထိ

~အာဆီယံက မကြည်ဖြူ

~ဖတ်မိသော ယနေ့သတင်းအရ နယူဒေလီစစ်ရေးပြခမ်းနား ဖိတ်ကြားမှု သတင်းအပေါ် နိုင်/ခြားရေး ပြောခွင့်ရပုဂ္ဂိုလ်က ငြင်းဆို ပယ်ချကြောင်း…


Me gusta
bottom of page