top of page
Search

စိတ်ဓာတ်၊ ခံယူချက်နှင့် စစ်တိုက်ခြင်း

Writer's picture: Myat Tun OoMyat Tun Oo

စစ်ပွဲတွေမှာ လူအင်အား၊ လက်နက်အင်အားအရေးကြီးသလို စိတ်ဓာတ်ကလဲ အရေးကြီးပါတယ်။ဥပမာ သီပေါမင်းတပ်နဲ့ အင်္ဂလိပ်တပ်လောက် လက်နက်ကွာနေရင်တော့ စိတ်ဓာတ်ဘယ်လောက်မာမာနိုင်ဖို့ခက်နိုင်ပါတယ်။ ဒါပေမယ့် ဗီယက်နမ်၊ ဆိုမာလီ၊ အီရတ်၊ ယီမင်နဲ့ အာဖဂန်တို့မှာ ရန်သူကလေကြောင်း၊ အမြောက်နဲ့ ခေတ်မှီလက်နက်တွေရှိပေမယ့်လဲ စိတ်ဓာတ်နဲ့ လူအင်အားရှိရင် အမေရိကန်တပ်၊ ဆော်ဒီထောက်ပံ့တဲ့ တပ်တွေကိုတောင် နိုင်နိုင်တယ်ဆိုတာကို ပြသွားခဲ့ပါတယ်။ ယခု ယူကရိန်းမှာ ရုရှားတပ်က တိုင်ပတ်နေသလိုပေါ့။ ဘာကြောင့်လဲ။

ဗိယက်နမ်မှာ အမေရိကန်က ဒီမိုစနစ်ကို သူ့ပြည်သူက ကွန်မြူနစ်စနစ်ကြိုက်ချိန်မှာ အတင်းသွားထောက်ခံပြီး သူ့ပြည်သူတွေကလဲ စစ်မတိုက်လိုချိန်နဲ့ သွားကြုံခဲ့ပါတယ်။ ဗီယက်ကောင်းတွေက မိမိမြေကို ကျူးကျော်သူရန်က ကာကွယ်ဖို့ဆိုပြီး စိတ်ဓာတ်အပြည့်နဲ့ တိုက်နေချိန်မှာ အမေရိကန်တပ်သားတွေက မတိုက်ချင်တိုက်ချင်နဲ့ ရှေ့တန်းအပို့ခံခဲ့ရပါတယ်။ သူတို့အိမ်ပြန်ရောက်ရင်လဲ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့ ကြုံခဲ့ရပါတယ်။ ဒါကြောင့် အသေများလာချိန်မှာ အမေရိကန်က ပြန်ဆုတ်သွားခဲ့ရပါတယ်။

အာဖဂန်မှာ အစပိုင်းစစ်ကတော့ ဘင်လာဒင်ကို လက်စားချေဖို့မိုလို့ အမေရိကန်နိုင်ငံသားအားလုံးနီးပါးက ထောက်ခံခဲ့ပြီး စစ်တိုက်သူများကလဲ စိတ်တက်ကြွကြပါတယ်။ ဒါပေမယ့် ဘုရှ်က အီရတ်ကိုလဲ ဝင်တိုက်ချိန်မှာ စစ်မျက်နှာများ အသေအပျောက်များ ဒဏ်ရာရသူများလာပြီး စိတ်ဓာတ်ပိုင်းကိုထိခိုက်ခဲ့ပါတယ်။ နောက်ပိုင်း စစ်မလိုလားတဲ့ ဒီမိုကရက်သမ္မတတွေတက်လာချိန်မှာ စစ်ဆက်တိုက်ဖို့ထက် အာဖဂန်ကထွက်ခွါဖို့သာ အားထုတ်လာပြီး အောက်ခြေကတိုက်ရသူများလဲ စိတ်ဓာတ်ကျလာကြပါတယ်။

ယူကရိန်းမှာလဲ ယူကရိန်းတပ်က မိမိမြေကို ကာကွယ်ဖို့ စိတ်ဓာတ်အပြည့်နဲ့တိုက်နေချိန်မှာ ရုရှားတပ်က စစ်ရေးလေ့ကျင့်တာပြောပြီး အချို့ကို ယူကရိန်းထဲပို့လိုက်လို့ အဖမ်းခံရတာ၊ အသတ်ခံရတာတွေနဲ့အရှက်ကွဲခဲ့ပါတယ်။ ရုရှားတပ်မှာ ဘာကြောင့်တိုက်ရတယ်ဆိုတဲ့ ခံယူချက်မရှိဘဲ ယူကရိန်းက ခံယူချက်နဲ့စိတ်ဓာတ်သာပါတယ်။ ဒါကြောင့်ရုရှားဟာ ယူကရိန်းကို သူထင်ထားသလို မသိမ်းနိုင်ဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့ မမြုပ်နိုင်တဲ့ ဘုရားလက်ဝါးကပ်တိုင်နဲ့ အဆောင်ရှိတာတောင် မြုပ်သွားခဲ့ရပါတယ်။

စာရေးသူတို့ PDF ကိုကြည့်ပါ။ အများစုက ရွေးကောက်ခံအစိုးရကို မအလဖက်ဆစ်တပ်က လူပါးဝဖြုတ်ချတာကိုမကြိုက်လို့ လက်နက်စွဲကိုင်ပြန်တိုက်သူ ပညာတတ်လူငယ်အများစုပါ။ မအလတပ်ထက် အတန်းပညာပိုတတ်ပါတယ်။ နောက်အချို့က မြို့ပြတွေမှာ သူတို့ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ၊ မိဘတွေကို မအလတပ်က သတ်လိုက်တာကို မြင်ပြီး လက်စားချေဖို့ ဆုံးဖြတ်ထားသူများပါ။တစ်တိုင်းပြည်လုံးက သူ့ကိုတိုက်နေပြီး ဗမာများရဲ့ အောင်မြေကလဲ သူ့ကိုပြန်တိုက်နေတာပါ။ သူတို့ဟာ မအလတပ်သားတွေလို ခိုးဖို့၊ မုဒိမ်းကျင့်ဖို့၊ အချောင်သူဌေးဖြစ်ဖို့ ရည်ရွယ်ချက်တွေနဲ့ PDF ထဲဝင်လာတာမဟုတ်ပါ။ သူတို့ကို လက်နက်မပေးနိုင်ခင်ကထဲက ငါတို့အသက်ကိုစွန့်ပြီးတိုက်မယ်ဆိုတဲ့စိတ်နဲ့ PDF ထဲဝင်ပြီး ရွေးကောက်ခံအစိုးရ NUG ရဲ့အမိန့်ကို နာခံသူ အများစုပါ။ မအလတပ်က ဘာမှန်းမသိဘဲ ကင်းစောင့်လူသတ်နေချိန်မှာ PDF တွေက ခံစားချက်၊ ခံယူချက်အပြည့်နဲ့ တိုက်ပွဲဝင်နေသူများပါ။ စစ်ဆိုတာ ရေရှည်တိုက်ရင် စစ်ပန်းပါတယ်။ မအလတပ်က လူ ၂၀၀ ဟာ အမြဲမနားရပါ။PDF က မုံရွာကို ဒီနေ့ လူ ၂၀၀ နောက်နေ့ လူ ၂၀၀ နဲ့ တစ်လှည့်ဆီတိုက်လို့ရပါတယ်။ PDF က စစ်ကိုင်းတစ်တိုင်းလုံးနီးပါးပါ။ အချို့ဖွတ်ခွေး၊ စစ်ခွေးတွေကလွဲလို့ပေါ့။

ဒီထက်ဆိုးတာက မအလရဲ့မိန့်ခွန်းပါ။ NUG အစိုးရက တိုက်စစ်ဆင်မယ်လို့ ကြေငြာပါတယ်။ ဒါကိုဂျင်း ဘာညာဆိုပြီး ဝါဒဖြန့်လို့ရပါတယ်။ နောက်ပိုင်း ခံစစ်ပြောင်းဖို့ တပ်ထဲမှာစာထွက်တာကိုလဲ ဂျင်းပါဆိုပြီး ပြောလို့ရပါတယ်။ ဒါပေမယ့် မအလမိန့်ခွန်းကိုနားထောင်ပြီး တပ်ထဲမှာဖြစ်သွားတာက ငါတို့တပ်ချုပ်က မနိုင်တော့လို့ သူပုန်တွေကို AA ကအစ ဖိတ်နေရပြီဆိုတဲ့ သတင်းစကားပါ။ အချို့တပ်တွေက ရခိုင်မှာ၊ ကချင်မှာ၊ ကရင်မှာ အသက်များစွာစတေးပြီး တိုက်ခဲ့သူများပါ။ သူ့မိန့်ခွန်းက သူ့တပ်ကို အားမဖြစ်စေဘဲ အားကုန် စိတ်ဓာတ်ကျသွားစေတာပါ။ သူပြန်သွင်းတဲ့ ဂိုးကြီးပါဘဲ။

မအလက ဒီလိုများများလုပ်လို့ စာရေးသူအနေနဲ့ ဒီပွဲက PDF တွေ ပြည်သူတွေနိုင်မှာ ပိုသေချာလာပြီလို့ ပြောပါရစေ။ ဆက်လုပ်ထားပါ မအလရေ။

206 views0 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page