top of page
Search

စောင့်ကြည့်ရမယ့် လူနှစ်ယောက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 30, 2020
  • 1 min read

ree

ရန်ကုန်တိုင်းက ကွယ်လွန်သွားတဲ့ စီမံဘဏ္ဍာဝန်ကြီးနေရာမှာ နေပြည်တော်က ဒုမြို့တော်ဝန် ဦးရဲမင်းဦးကို ခန့်မယ်လို့ ဧရာဝတီက သတင်းတင်ပါတယ်။ ယခုတော့ နေပြည်တော်က သမ္မတရုံးထဲက သူ့ကိုDASSK ကရွေးချယ်ခန့်ထားကြောင်း အတည်ပြုထားပါပြီ။ သူဟာ ယခင်က နေပြည်တော်စည်ပင်ဘဏ်ဥက္ကဌပါ။


ree

သူဟာ ဇွန် ၂၅ ၂၀၁၉ ကမှ နေပြည်တော်ဒုမြို့တော်ဝန်ဖြစ်တာပါ။ ဒါကြောင့်မိုလို့ သူ့ရဲ့ရာထူးတက်မှုဟာ အင်မတန်မြန်ပါတယ်။ သူဟာ မီဒီယာတွေနဲ့လဲ အဆင်ပြေပါတယ်။ သူ့ကို ဒီရာထူးပေးပုံကို တပ်ဘက်ကသုံးသပ်ရာမှာတော့ သူဟာ ၂၀၂၁ မှာ မြို့တော်ဝန်ဖြစ်မယ့်သဘောရှိပါတယ်။ ဒါကတော့ ပထမ စောင့်ကြည့်းမယ့်သူပါ။ သူ ဝန်ကြီးဖြစ်တဲ့သတင်းမှန်ရင် မြို့တော်ဝန်သတင်းလဲ မှန်လာနိုင်ပါတယ်။ လက်ရှိမြို့တော်ဝန်ရော အစိုးရအဖွဲ့ဝင် အများစုက DASSK ခန့်ထားတာပါ။လောလောဆယ်က ဖယ်ဒရယ်စနစ်မဟုတ်ပါ။ ဒါကြောင့်ပါ။


ree

ဒုတိယ စောင့်ကြည့်ရမယ့်သူကတော့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူပါ။ လေတပ်က ဗိုလ်မှူးကြီးအဆင့်နဲ့ အငြိမ်းစားယူခဲ့သူ ဦးမင်းသူဟာ DASSK နဲ့ အင်မတန်အဆင်ပြေပါတယ်။ ထွေအုပ်အများစုဟာပြည်သူတွေကို ဒုက္ခပေး၊ အချို့ဆို ဖွတ်အမတ်တွေနဲ့ ပေါင်းစားနေပေမယ့် ဒီပြဿနာတွေဟာ တိုင်းနှင့်ပြည်နယ် ဝကခတွေရဲ့ ပြဿနာမျိုးသာ ပုံဖော်ထားနိုင်သူပါ။ သူဟာ သမ္မတရုံး၊ ထွေအုပ်ရုံးကို ချောမွေ့စွာ စီမံနိုင်တယ်လို့ DASSK က အထင်ရှိပါတယ်။ ထွေအုပ်တွေမကောင်းတာဟာ သူ့ဝန်ကြီးဌာနကြောင့်မဟုတ်လို့ တင်ပြနိုင်သူပါ။ ဒါလဲ သူတော်တာပါဘဲ။ အရည်အချင်းတမျိုးပေါ့။ သူ့ကိုတော့ ၂၀၂၁ မှာရန်ကုန်တိုင်းဝကခ ဒါမှမဟုတ် ဒုသမ္မတနေရာကို ရာထားပုံရပါတယ်။ ဘာဖြစ်မလဲဆိုတာကတော့ရွေးကောက်ပွဲအပြီး DASSK ဘာလမ်းရွေးမလဲအပေါ်မှာ မူတည်ပါမယ်။ တပ်ကတော့ သူ့ကို ဒုသမ္မတမဖြစ်နိုင်လောက်လို့ တွက်ထားပါတယ်။


ree

သူမအနေနဲ့ လက်ရှိရင်ကြားစေ့ရေးမူဝါဒက အဆင်မပြေဘူးလို့ထင်ရင် ဦးမင်းသူတို့ကို မရွေးဘဲ သူ့ပါတီက အမာခံများကို ရွေးပါလိမ့်မယ်။ မဟုတ်ဘဲ လက်ရှိမူဝါဒအတိုင်း ဆက်သွားမယ်ဆိုရင်တော့ဦးမင်းသူနဲ့ တပ်ထွက်လူများဟာ အရေးပါတဲ့နေရာ ရောက်လာပါမယ်။

ဘယ်အချိန်မှာ ဘယ်သူဘာဖြစ်မလဲဆိုတာက လွှတ်တော်အမတ်ရွေးချိန် ဇူလိုင်လ ဩဂုတ်လလောက်ဆိုရင် သိပါပြီ။ အဆိုပါလူနှစ်ယောက်က စောင့်ကြည့်ရမည့်သူများပါ။


News Source: Irrawaddy, DVB

 
 
 

1 Comment


Mr.Myo Min Hlaing
Mr.Myo Min Hlaing
May 31, 2020

ကိုရဲမင်းဦးပညာရှင်တယောက်အနေနဲ့သူ့နယ်ပယ်မှာကျွမ်းကျင်သူပါ။ယုံကြည်ထိုက်သူဟုယူဆမိပါတယ်။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page