top of page
Search

စောက်ရူး စောက်ရူး စောက်ရူး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 10, 2021
  • 1 min read

မအလက ရူးတယ် ပိန်းတယ်ပြောရင် သူ့ဘောမသူများက နာနိုင်ပါတယ်။ မနေ့က သူ့အစည်းအဝေးကိုလွှင့်သွားတယ်။ အစည်းအဝေးတက်သူအားလုံး မတက်ခင် စစ်တယ် တက်တယ့်နေ့စစ်တယ်။ သူ့အသက်ကြ သိတတ်တယ်။ သေမှာကြောက်တယ်။

သူပြောတာတွေကို မြဝတီကလွှင့်တယ်။ ဆရာဝန်တွေကို ကန်ထရိုက်နဲ့ခေါ်မယ်။ ဒါက ပထမဟာသ။ဆရာဝန်ကို ဘာများမှတ်နေလဲမသိ။ ဆေးကျောင်းရောက်ဖို့ စစ်ကောင်စီအဖွဲ့ဝင်အားလုံး ခိုးချခိုင်းတာတောင် မမှီနိုင်သူ မအလက ဆရာဝန်ကို ကန်ထရိုက်စနစ်နဲ့ခေါ်မည်ဆိုတာက သူ့ရဲ့ ပညာတတ်တွေအပေါ်ထားတဲ့ သဘောထားနဲ့ ပြည်သူအပေါ်စေတနာကို ပေါ်လွင်စေပါတယ်။ ဒါတင်လားဆိုတော့မဟုတ်သေးပါ။

သူက ကိုဗစ်ကာကွယ်ဆေး နှစ်သန်းမှာထားတာကို ချဲ့ပြောသွားတာတွေ့ရပါတယ်။ ကိုဗစ်ကို ကာကွယ်ဖို့ တိုင်းပြည်လူဦးရေးရဲ့ ၇၅% ထိုးထားတဲ့ အစ္စရေး၊ အင်္ဂလန်နဲ့ အမေရိကန်မှာတောင် ထိန်းနိုင်ရုံပါ။တရုတ်ဆေးထိုးတဲ့ UAE က ပြဿနာ တက်ခဲ့ပါတယ်။ ဆေး ၂ သန်းရောက်ခဲ့ရင်တောင် လူတစ်သန်းသာ ထိုးရမှာပါ။ ဒါ့ကြောင့် ဒီ ၂ သန်းက တပ်နဲ့ သူ့မိသားစုပါ။ ပြည်သူ့အတွက် မပါပါ။


နောက်ဆက်ပြောတာက စစ်တပ်က စစ်ဆေးတပ်ကြပ်ကြီးတွေကို ဆေးထိုးဖို့ ခေါ်သုံးမယ်ဆိုတာပါ။ကိုဗစ်တကယ်ဖြစ်ရင် သူနာပြုလို တပ်ကြပ်မပြောနဲ့ ဆရာဝန်တောင် မေ့ဆေးသမား အထူးကြပ်မတ်ကုသဆေးပညာ ဆရာဝန်ကသာ အသက်ရူလမ်းကြောင်းကို ပိုက်ထည့်ကုနိုင်တာပါ။ ဒါက ဖြစ်သူရဲ့၂၀% မှာ ဖြစ်မှာပါ။ ဒါကို ဆရာဝန်တောင်မဟုတ် တပ်ထဲက သူနာပြုအဆင့် တပ်ကြပ်ကြီးနဲ့ ဖြေရှင်းမယ်ဆိုတာက သူ့ရဲ့တွေးခေါ်မှုနဲ့ ပြည်သူအပေါ်ထားတဲ့ စေတနာကို ပြနေပါတယ်။


ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ သူဖွင့်တဲ့ ကိုဗစ်စင်တာက ရောက်တာနဲ့ သေချင်စိတ်ပေါက်အောင် စုတ်ပြတ်သတ်နေတာတွေ့ရပြီး ကိုဗစ်နဲ့မသေရင်တောင် စိတ်ကျရောဂါနဲ့ သေနိုင်ပါတယ်။ သူ့မိန်းမကို အဲ့ဒီစင်တာပို့ကြည့်ပါလားလို့သာ ပြောပါရစေ။


ယခုလို စောက်တလွဲလုပ်တာက နေဝင်း၊ စောမောင်၊ သန်းရွှေ၊ ဘစိန် ခေတ်အလိုက် လုပ်ခဲ့ပေမယ့် မအလလက်ထက်မှာက DASSK က ကောင်းကောင်း လုပ်ပြခဲ့လို့ စာရေးသူတို့မှာ မိုးကောင်းကင်နဲ့ အဝီစိလိုကွာခြားနေတာ တွေ့ရပါတယ်။ မအလကို ဘထိန်ခေါ်သလို စောက်ရူး စောက်ရူး စောက်ရူးလို့သာ ခေါ်ပါရစေ။ ဒီအချိန်မှာ မသေသေးဘဲ လွမ်းမိတာက DASSK၊ ကျန်းမာရေးဝန်ကြီး ဦးမြင့်ထွေး၊ ကွီးဖြိုး၊ဆရာဇော်ဝေစိုးတို့ပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jul 10, 2021

ဦးမြတ်!!! ဆောင်းပါးတစ်ပုဒ်မှာ တင်ပြခဲ့ဘူးပါသည်။ ချောင်းထဲ တွန်းချတာလည်း ကျွန်တော်၊ ရေနစ်လို့ ပြန်ဆယ်ယူတာလည်း ကျွန်တော် ။ လူ သူတော် ပေါ့။

အရိုင်းမို့ အယဥ်ဆင့်ပြီး ပင်မြင့်မှာ တင့် ချင်ပေမယ့် မရပါ။ ပင်ကိုယ်ဗီဇကိုက အရိုင်း။ အမြင်ဘလိုင်း ကန်းတဲ့ ရူးတဲ့သူများကတော့ အယဥ်ရယ်လို့ မြင်ကြပါလိမ့်မည်။

ကွန်ယက်စာမျက်နှာမှာ ဖော်ပြထားတာလေး ပြန်ရေးပြပါမည်။

အရင်က အရေးပေါ်ဌာနမှာ **ဝင်းအောင်**ပဲရှိတယ်။ ခုတော့ *ဝင်းအောင်*ထွက်သွားလို့မကြာခင်မှာ **အေးမေ ၊ အေးမေ**တို့ရောက်လာတာ အလွန်ကြေကွဲစရာ တဲ့။

နောက်သေချာ စဥ်းစားကြည့်တော့မှ ဝင်းအောင်ဆိုတာ အရေးပေါ် ကား ၊ အေးမေ ဆိုတာ နာ/ကူအသင်းက အသုဘယာဥ်။

သေတဲ့သူတွေက ပက်ပက်စက်စက်

ခုမှ ဝလပ်သျှားနဲ့ ဆေး မှာဖို့ ညှိနှိုင်းတုန်း။

ဆေးရလို့ ထိုးတဲ့အချိန်မှာ သန်း ၄၀ လောက်က မြေကြီးထဲရောက်ကုန်ပြီ။ ၁၀ သန်း ကျန်မယ်ပေါ့။ ဒါကြောင့် အခါတော်ပေးကြီးက ကြိုသိလို့ ပြောခဲ့သားပဲ။

**ကျန်တဲ့ ၁၀သန်းနဲ့ နေမယ်**

အယုတ် နဲ့ အပုပ် သာ တွဲစပ်၍ရပါသည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page