top of page
Search

စနစ်ဆိုးတွင် ကောင်းစားလာသော လူများနှင့် ရင်ကြားစေ့ရေး

Writer: Myat Tun OoMyat Tun Oo

စာရေးသူတို့က စစ်အစိုးရလက်ထက်ဆိုရင် စစ်အစိုးရလက်ထက်က ခိုးပြီးကောင်းစားသွားသူဗိုလ်ချုပ်ကြီးတွေ၊ ဝန်ကြီးတွေ၊ ခရိုနီတွေကိုသာ မြင်တတ်ပါတယ်။ ဒါပေမယ့်လဲ ဒီစနစ်ကြောင့်ကောင်းစားလာသူတွေထဲမှာက အခြားအဆင့်များလဲ ရှိကြပါသေးတယ်။ ဥပမာ စစ်ဖက်ကနေ အရပ်ဖက်ပြောင်းပြီး ရာထူးထိပ်ပိုင်းကို တက်ယူထားတဲ့ မိုးကျတွေပေါ့။ သူတို့က DSA ကရှိသလို စစ်ဆေးDSMA၊ DSTA လို့ခေါ်တဲ့ စစ်နည်းပညာကလဲ ရှိကြပါတယ်။ DSMA ကနေ အဖမ်းခံရတာက FDA ညွှန်ချုပ်နဲ့ အော်ဇော်ပါ။

ဒီနေရာမှာ တပ်မတော်မှာ အထက်ပိုင်း ဗိုလ်မှူးကြီးအထက်အဆင့်မှာ ဒီမိုထောက်ခံရဲသူနဲတာကို ရေးခဲ့ပြီးပါပြီ။ တပ်ထဲမှာဆို ကြည်းက အထက်ပိုင်းမှာ ဒီမိုထောက်ခံသူနဲနိုင်ပြီး ရေနဲ့လေကလဲ နဲပေမယ့်အချိုးနဲ့ကြည့်ရင်တော့ ဒီမိုထောက်ခံသူဟာ ကြည်းတပ်ထက်များနိုင်မယ်လို့ထင်ရပါတယ်။ ဒါဆိုရင်စစ်ဆရာဝန် စစ်အင်ဂျင်နီယာတွေကများ ဒီမိုကို ပိုထောက်ခံမလားပေါ့။ မနေ့က ဆောင်းပါးအပြီးမှာစစ်ဆေးဆရာဝန်အချို့ကို တွေ့လိုက်ရပြီး သူတို့ရဲ့ ရေးတင်ထားတာတွေကို ဖတ်ရချိန်မှာ တိုင်းပြည်ရဲ့ရင်ကြားစေ့ရေးအတွက်ပါ ရင်လေးသွားခဲ့ပါတယ်။ သူတို့တင်ထားတာက စာရေးသူဆောင်းပါးမရေးခင် နှစ်ပေါင်းများစွာကထဲက ဒီမိုအစိုးရကို ဖောင်းထု ပါးပါးပုတ်လာကြတာပါ။ သူတို့ဘာကြောင့်ဒီလိုဖြစ်နေရတာလဲ?


ပထမလူက စစ်ဆေးဆရာဝန် စာရေးဆရာ ကင်ဆာအထူးကု လွှမ်းမိုးဟန်ဆိုသူပါ။ သူက လာကွန်မန့်ရေးလို့ သူ့ကိုသိတာပါ။ သူ့ကို ယခင်ကမသိပါ။ သူက ဝန်ကြီးကို လိမ်ပြီး မဟုတ်တာထမေးတဲ့စစ်ဆေးက ဗိုလ်မှူးဝင်းမင်းထွန်းနဲ့သိပုံပါ။ ဒီဗိုလ်မှူးဝင်းမင်းထွန်း လွှတ်တော်မှာ ကင်ဆာရောဂါဆွေးနွေးချိန်ကလဲ စစ်ဆေးဗိုလ်မှူးလွှမ်းမိုးဟန်က ထောက်ခံရှယ်ထားပါတယ်။ သူက ဘရွှေကို လေးတန်းအောင်မဟုတ် ၁၀ တန်းအောင်ကြောင်းလဲ ကာကွယ်​ရေးသားပါတယ်။ အစိုးရက ကိုဗစ်ကုသတဲ့လမ်းညွှန်ကိုလဲ မိမိကုတဲ့ ကင်ဆာရောဂါမဟုတ်ဘဲ ဖောင်းထုပါတယ်။ အစိုးရကို မကောင်းပြောတဲ့ဆောင်းပါးလေးတွေဆို ရှယ်ပါတယ်။ ဘရွှေကို နေပြည်တော်ဆောက်သူအဖြစ် ချီးမွမ်းတာကို သူကရှယ်ပါတယ်။


သူဘာဖြစ်လို့ ပြည်သူ့အစိုးရကို ရန်သူလို ဆက်ဆံနေလဲ။ အဖြေကရှင်းပါတယ်။ သူက ၁၀ တန်းကို၁၉၉၆ မှာအောင်ပြီး စစ်ဆေး အပတ်စဉ် ၄ မှာ တက်ရပါတယ်။ ဆရာဝန်ဘွဲ့ရတာက ၂၀၀၂ မှာပါ။ သူနဲ့တစ်နှစ်ထဲပြီးတဲ့ အရပ်ဖက်ကဆရာဝန်တွေက ၁၉၉၂ မှာ ၁၀ တန်းအောင်ခဲ့သူများပါ။ ဒါကြောင့် ၁၀တန်းကြောင့် ဆေးတက္ကသိုလ်ဝင်ခွင့်အမှတ်မတူပါ။ သူက ဒါကြောင့် တပ်ကို ကျေးဇူးတင်ပါတယ်။သူက အရပ်သားထက် လေးနှစ်အချိန်ခိုးသွားပါတယ်။ စစ်အစိုးရက ယုတ်မာပြီး အရပ်သားဆေးကျောင်းတွေကို ပိတ်ခဲ့လို့ သူကအချိန်သာသွားပါတယ်။ သူသာ အရပ်ဖက်ဆေးကျောင်းသာ စောင့်တက်ရရင် ၁၉၉၉ မှာမ ဆေးတက္ကသိုလ်စတက်ရမှာပါ။ ဒါက ပထမအားသာချက်။

ဒုတိယအားသာချက်က ၂၀၀၂ မှာ ဆရာဝန်ဖြစ်ပြီး ဆေးပညာဘွဲ့လွန်ကို ၂၀၀၇ မှာ ပြီးခဲ့ပါတယ်။ဒါက သူတော်လို့လား? အရပ်သားဆရာဝန်တွေဟာ ဆေးကျောင်းအပြီး သုံးနှစ်တာဝန်ထမ်းဆောင်ပြီးမှ ဘွဲ့လွန်ဖြေခွင့်ရှိသလို မနေ့ကရေးခဲ့သလို ဘွဲ့လွန်ဖြေရာမှာလဲ နေရာအနည်းငယ်ကို လူများစွာ တိုးဖြေခဲ့ရပါတယ်။ ၂၀:၁ လောက်ပေါ့။ စစ်ဆေးကိုတော့ စစ်အစိုးရက ဘယ်နှစ်နေရာပေးရမယ်ဆိုပြီးဗိုလ်ကျရယူထားလို့ အလွယ်တကူ ရခဲ့ပါတယ်။ သူတို့ထဲကဖြေသူဟာ ၂:၁ လောက်နဲ့သာ ဖြေခဲ့ရတာပါ။ အဲ့ဒီလို ဆေးပညာဘွဲ့လွန်ဟာ သူတော်လို့ အမြန်ရခဲ့တာဆိုရင် ဆရာဝန်ဖြစ်ပြီး ၅ နှစ်အတွင်းမှာ ဘွဲ့လွန်ရခဲ့တဲ့သူဟာ နိုင်ငံခြားက သမားတော်ဝင်ခွင့်စာမေးပွဲ MRCP ကို ၂၀၁၅ မှသာ အောင်ခဲ့ပါတယ်။ ၈နှစ်ကြာခဲ့ပါတယ်။ သူသွားလုပ်ခဲ့ရတဲ့ စင်ကာပူက clinical fellow ဟာလဲ မြန်မာပြည်က လက်ထောက်ဆရာဝန်အဆင့်ကို ကင်ဆာဌာနမှာ အလုပ်လုပ်ခဲ့ရုံသာပါ။ ပုံမှန်စင်ကာပူမှာက ဆေးပညာ ၅ နှစ်ကင်ဆာက သုံးနှစ်လုပ်ပြီးမှ အထူးကု အထွက်စာမေးပွဲဖြေရပါတယ်။ အဲ့ဒါအောင်မှ အထူးကုဖြစ်တာပါ။ ယူကေမှာက ၁၀ နှစ်လောက်ကြာပြီး အမေရိကန်မှာက ၆ နှစ်လောက်ကြာပါတယ်။ အကုန်လုံးအထူးကုစာမေးပွဲနိုင်ငံတိုင်းမှာ ဖြေရပါတယ်။ သူအောင်တဲ့ MRCP ဆိုတာ အထူးကုစာမေးပွဲမဟုတ်ဘဲအထူးကုသင်တန်းတက်ခွင့် စာမေးပွဲအဆင့်သာပါ။


သူနဲ့အတူ ၂၀၀၂ မှာ ဆရာဝန်ဖြစ်တဲ့အရပ်ဖက်ဆရာဝန်များဟာ နိုင်ငံခြားမှာ အဆိုပါMRCP ဝင်ခွင့်ကို၂၀၀၇/၂၀၀၈ လောက်မှာ အောင်ကြပြီး ၂၀၁၂/၂၀၁၃ လောက်မှာ နိုင်ငံခြားကအသိအမှတ်ပြု အထူးကုတွေဖြစ်သွားကြပါတယ်။ ဒါကို စစ်ဆေးဆရာဝန် ဗိုလ်မှူးလွှမ်းမိုးဟန်တို့က စစ်အစိုးရစနစ်အရသာအခြောင်ရာထူးရ ဘွဲ့ရပေမယ့် မိမိအရည်အချင်းအစစ်နဲ့ ဖြေရချိန်မှာတော့ ကြာသွားခဲ့တာ တွေ့ရပါတယ်။ သူ့အနေနဲ့ သူ့ကိုဒီနေရာရောက်အောင် မြေတောင်မြှောက်ပေးခဲ့တဲ့ စစ်အစိုးရနဲ့ အာဏာရှင်စနစ်ကို မသိစိတ်က ကြိုက်နေပုံပါ။ စစ်ဆေးက ဗိုလ်မှူးဝင်းမင်းထွန်းတို့ဟာလဲ တစ်ခါမဟုတ် နှစ်ခါမိုလို့ဖတ်ခိုင်းလို့ ဖတ်တာမဟုတ်ဘဲ မိမိကို မျက်နှာသာပေးခဲ့တဲ့ စနစ်ဟောင်းကို တမ်းတပြီး ကန့်လန့်တိုက်နေပုံပါ။


သူတို့ဘဲလားဆိုတော့ သူ့လောက်မအောင်မြင်တဲ့ စစ်ဆေးအပတ်စဉ် ၄ က ShweLynn Aung တို့ကလဲအစိုးရရဲ့ လိင်ပညာပေးကိုလှောင်လိုက်၊ ဌေးအောင်ပြောတာကိုရှယ်လိုက်၊ ကွီးဖြိုးကိုလှောင်လိုက်၊အောင်ဇော်ကို ကာကွယ်လိုက်နဲ့ တပ်ကဘဲ အရေးပေါ်အခြေအနေနဲ့ ကပ်ရောဂါကို ကယ်မှဖြစ်တော့မရောင် ရေးလိုက်နဲ့ အဘတနေခဲ့ပါတယ်။ သူကလဲ စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဒီနေရာကို ရောက်ခဲ့ပြီး ဒီမိုအစိုးရတက်လာလို့ အရပ်ဖက်ပြောင်းမရလို့ ဒီမိုအစိုးရကိုဖောင်းထုပြီး မိမိကို ဘာမှမတတ်ဘဲအအောင်ပေးခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို တမ်းတနေပုံပါ။


နောက် စစ်ဆေး အပတ်စဉ် ၆ က Soe Thiha Lwin ဆိုရင်လဲ အရပ်သားအစိုးရကို ပုံမှန်ဖောင်းထုသူပါ။သူလဲအာဏာရှင်စနစ်ရှိမှ အနေအစားခြောင်မဲ့ အရည်အချင်းမရှိသူတစ်ယောက်ပါ။ သူတို့ရေးသားပုံက NLD ကဘဲ အမြင်မှားနေသလိုလိုပါ။


ဒီကနေ ဘာသင်ခန်းစာရလဲဆိုတော့ အရပ်သားဆရာဝန်ထဲမှာလဲ ဒေါက်ခိုင်လို NLD မကြိုက်သူ အဘကြိုက်သူ ရှိနိုင်ပေမယ့် အနည်းစုဖြစ်ပြီး စစ်ဆေးမှာကတော့ အဘတသူက အများစုဖြစ်နေပုံပါ။ ဒါကလဲ စာရေးသူအထက်မှာရေးပြခဲ့သလို သူတို့ရခဲ့တဲ့ အထူးအခွင့်အရေးကြောင့် ခရိုနီတွေ တမ်းတသလိုတမ်းတနေတာပါ။

အခြားသူများကတော့ စာရေးသူကို လာဆဲတဲ့ DSMA က ဘာမှမတတ်ဘဲ ဘွဲ့ရခဲ့တဲ့ Ye Lin နဲ့ Phyo Wai Aung ပါ။ သူတို့ဟာလဲ ဒီမိုအစိုးရကို ပုံမှန်ဝေဖန်တာတွေ့ရပါတယ်။

အဲ့ဒီအထဲကမှ ဆေး (၁) က ဘွဲ့ရပြီး စစ်ဆေးကနေ ဘွဲ့လွန်ရသူက သူ့အောက်က ညီလေးဆဲသလိုလုပ်တာကို တောင်းပန်ပြီး သူတို့စစ်ဆေးမှာ တော်သူတွေရှိကြောင်း စစ်ဆေးမေ့ဆေးဆရာဝန် ဌာနမှူး Dr Kyaw Than Htike က ရေးပါတယ်။ သူက အရပ်ဖက်က ဆရာဝန် Dr Yan Naung Maung Maung ကို tag လုပ်ပြီး ပြောချိန်မှာ အရပ်ဖက်ကဆရာဝန် Dr Yan Naung Maung Maung က သူတို့စစ်ဆေးတွေနိုင်ငံခြားကိုသွားချိန်မှာ ကျန်းမာရေးဝန်ကြီး ဌာနကလို့သာ သုံးပြီး ကာကွယ်ရေးဝန်ကြီးဌာနလို့မသုံးကြောင်း စာရေးသူရေးထားတာဟာ မှန်ကြောင်းရေးသွားလို့ ပြုံးလိုက်ရပါသေးတယ်။ Dr Kyaw Than Htike က လူကြီးပီပီ အင်မတန် ယဉ်ကျေးစွာရေးတာပါ။ သူက DSMA ထွက်မဟုတ်ဘဲ ဆေး(၁) ထွက်မိုလို့ ယဉ်ကျေးသွားပုံပါ။


အကျဉ်းချုပ်ရင် ဆရာဝန်ချင်းတူရင် DSMA က ဒီမိုအစိုးရကို မကောင်းပြောပြီး အဘကိုတမ်းတသလိုဆေး (၁)က ထွက်ပြီး စစ်ထဲရောက်သွားသူက ဒီမိုမကောင်းမပြောပေမယ့် ထိန်းပြောတာတွေ့ရပြီးအရပ်သားဆရာဝန်အများစုက ဒေါက်ခိုင်လို အာဏာရူးကလွဲရင် ဒီမိုအစိုးရကို အကောင်းမြင်တာတွေ့ရပါတယ်။ DSMA ဒီမိုရှိနိုင်ပေမယ့် ရှားမှာပါ။

အစိုးရလဲ DSMA က ဆရာဝန်တွေ နိုင်ငံခြားထွက်ရင် ကျန်းမာရေးဝန်ကြီးဌာနကို passport မှာ မသုံးအောင် ကြီးကြပ်ပါ။ သူတို့ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို ရဲရဲကြီးသုံးကြပါစေ။ နိုင်ငံခြားကလူ့အခွင့်အရေးကြောင့် ပြစ်ဒဏ်ပေးလိုသူများကလဲ ဒီလို တပ်နဲ့ပတ်သက်တဲ့ တက္ကသိုလ်တွေကို ဘယ်လိုအရေးယူမလဲ စဉ်းစားကြပါ။ ဒါမှသူတို့လဲ ငါတို့ဆက်မိုက်ရင် ဘာဖြစ်နိုင်လဲ စဉ်းစားလာပါမှာ။ မဟုတ်ရင် အစိုးရကို ကန့်လန့်ဆက်တိုက်နေမှာပါ။ သိလိုက်ရတာက အထက်ပိုင်းတင်မဟုတ်ဘဲ အောက်ပိုင်းကလဲ မလွယ်ပါလားဆိုတာပါ။


ရင်ကြားစေ့ရေးကတော့ စနစ်ဆိုးကြောင့် ကောင်းစားလာသူများနဲ့ ခက်နေအုံးမှာပါ။

—————————————————

(စာကြွင်း၊ ဤစာကိုရေးသားရန် ၁၉၉၂နှင့် ၁၉၉၆ ခု ၁၀ တန်းအောင်သူများ၊ စင်ကာပူ၊ UK နှင့် USA မှအထူးကုဆရာဝန်သမားတော် တူ/တူမများ၊ ဆေးကျောင်းထွက်များအား ကျေးဇူးတင်ရှိပါသည်။စာရေးသူ၏ ရေးသားမှုအား လူချင်းမသိသောလဲ မိမိနှင့်သိသူ စစ်ဆေးအား မျက်မှာမလိုက်ဘဲ စာရေးသူ၏ ရေးသားမှုအား ထောက်ခံခဲ့သူ Dr Yan Naung Maung Maung ကိုလဲ ကျေးဇူးတင်ရှိပါကြောင်း)

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page