စနစ်ကို မုန်းရင်
- Myat Tun Oo
- Jun 24
- 1 min read

တရုတ်ကို မုန်းလားဆိုရင် မြန်မာပြည်ထဲက လူတွေရဲ့ ၈၀% ကျော်က မုန်းတယ်ပြောမယ်ဆိုတာ ယုံကြည်ပါတယ်။ အနီကလဲ မုန်းသလို အစိမ်းကလဲ ထို့အတူ မုန်းကြမှာပါ။ တရုတ်လူမျိုးကို မုန်းတာမဟုတ် ပါတီက ကွန်မြူနစ်၊ စစ်တပ်က ကွန်မြူနစ်ကို ထောက်ပံ့ရတဲ့တပ်။ စနစ်က အာဏာရှင်၊ ဒီစနစ်ကို ပြည်သူတွေက မုန်းတာပါ။ သူ့စစ်တပ်နာမည်က PLA။ ပါတီက တရုတ်ကွန်မြူနစ်ပါတီ။ ဒီစနစ်ကို မုန်းတယ်ဆိုရင် ဒီစနစ်လိုဘဲ ပါတီအုပ်ချုပ်သူကလဲ ဒီလူ၊ တပ်ချုပ်ကလဲ ဒီလူတွေရဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဘာလို့များ မီးလောင်ရာ လေပင့် ထောက်ပံ့ချင်နေကြရတာပါလဲ။ အချို့က သတင်းသမားကနေ ထောက်ပို့လုပ်တယ်။ ထိုင်းမှာနေတယ်။ ဒီလူ သတင်းထောက်ဘဝက အမေစုနဲ့ မအလဆိုရင် အမေစု NLD အစိုးရ ယခု NUG အစိုးရကို ၈၀% ဝေဖန်တယ်။ မအလကို ၂၀% သာ ဝေဖန်တယ်။ ထိုင်းကနေ ထောက်ပို့အကြီးကြီး NUG မဟုတ်နဲ့ SRA ထဲက အဖွဲ့ မှန်သမျှကို ထောက်ပို့ဖို့ ကြိုးစားတယ်။ သူထောက်ပံ့တဲ့ SRA အဖွဲ့ထဲက ယောတပ်ချုပ်က လူသတ်၊ သူများမယားယူတာ SRA ကလဲ မရှင်းနိုင်သလို ဒီထောက်ပို့ သတင်းထောက်လဲ မရှင်းပေးနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အဖွဲ့တိုင်းက ပါတီဥက္ကဌကလဲ ရှီကျင့်ဖင်လို သူတို့ဘဲ စစ်တပ်က စစ်ကော်မရှင် ဥက္ကဌလဲ သူတို့ပါဘဲ။ သူတို့ရဲ့ ကိုယ်ရေးရာဇဝင်မှာ ဟနေတာက နဂါးလို ၁၀ တန်းအောင်အပြီး နေရာမှာပါ။ သူရယ်၊ နဂါးရယ်၊ ကျော်မျိုးမင်းရယ်ပါ။ ဒီစကားကို မှတ်ထားကြပါ။ သူတို့က PRF ကို တိုက်ခိုက်လာနိုင်လို့ပါ။



Comments