top of page
Search
  • Writer's pictureMyat Tun Oo

စည်းလုံးခြင်းသည် ခွန်အား



DASSK က ပြည်သူတွေကို ညီညွတ်ကြဖို့ မှာလိုက်ပါတယ်။ ဒါက ဘာအရေးကြီးလဲ?


ဖက်ဆစ်တပ်ဟာ ဒီမိုတွေကို သွေးခွဲရာမှာ အောက်ပါနည်းများကိုသုံးပါတယ်။


ပထမက ဘာသာရေးပါ။ ဟာ ငါတို့သိတာပေါ့ မင်းက ငါတို့ကို ငတုံးထင်လားလို့ပြောရင် ဒီနည်းနဲ့KNU ကို စစ်ထောက်လှမ်းရေး ဘုန်းကြီးနဲ့ ဘာသာရေးအပေါ် မူတည်ကွဲစေခဲ့ပြီး KNU ကို အားနည်းသွားစေခဲ့ပါတယ်။ အခြားဘာသာတွေနဲ့လဲ ရခိုင်ပြည်မှာရော ပြည်မမှာပါ နှစ်စဉ်လုပ်နေတာပါ။

ဒုတိယက လူမျိုးရေးပါ။ ဖက်ဆစ်ရဲ့ စရဖက လိုင်းပေါ်မှာ လူတစ်ယောက်ထဲက ရခိုင်၊ ရှမ်း၊ ကရင် အကောင့်စုံပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်ပါ။ တရုတ်လူမျိုးမုန်းတီးရေး၊ အသားအရောင်ပေါ်မူတည်ပြီး မာမူမုန်းတီးရေး လုပ်လေ့ရှိပါတယ်။ ဒီနေရာမှာ စာရေးသူတို့အနေနဲ့ တရုတ်နိုင်ငံနဲ့ တရုတ်လူမျိုးကို ခွဲခြားသိဖို့လိုပါတယ်။ ကြယ်စင်တို့ ခန့်ညားဟိန်းတို့ ဦးကိုနီတို့ဟာ မြန်မာနိုင်ငံသားတွေဆိုတာ မမေ့ပါနဲ့။

တတိယက သူတို့ရဲ့ စရဖ တန်ပြန်ထောက်လှမ်းရေးတွေကိုလွှတ်ပြီး အတိုက်အခံကို သွေးခွဲတာပါ။ ခင်ညွန့်ရဲ့တန်ပြန်ထောက်လှမ်းရေး သတင်းပေးကြောင့် ကျောင်းသားတွေ အဖမ်းခံရတာကို မိုးသီဇွန်တို့က ငယ်သေးလို့ လူသတ်ပွဲနဲ့ တုန့်ပြန်ခဲ့ရာက ပါဂျောင်လူသတ်ပွဲ နာမည်ကြီးခဲ့ပါတယ်။ အဆိုပါ သူလျှိုကိုထည့်တဲ့ စစ်ထောက်လှမ်းရေးက တာဝန်ရှိသူတွေဟာ ယခုအထိ အပြစ်တင်မခံခဲ့ရပါ။ ကျောင်းသားတွေကြားထဲ ဒီအမည်းစက်က ရှိနေဆဲပါ။ ဒီကနေ ဘာသင်ခန်းစာယူရမလဲဆိုတော့ သူလျှိုကို သတိကြီးကြီးထားဖို့လိုပေမယ့် အရေးယူရာမှာ ခေါင်းအေးအေးနဲ့ လုပ်တတ်ဖို့ပါ။

စတုတ္ထက စရဖအကောင့်တွေဟာ NUG က လူတစ်ယောက်ခန့်ရင် အထူးသဖြင့် ယခင်လူဟောင်းတွေထဲက ခန့်မိရင် အတိတ်ကို တူးဆွပြီး တိုက်ပေးတတ်ကြပါတယ်။ အချို့ဟာက စရဖက လုပ်စရာမလိုဘဲ မြန်မာလူမျိုးရဲ့ စရိုက်ကြောင့်ဖြစ်တာပါ။ ဥပမာ အင်္ဂလန်က ဆယ်လီတွေ ရန်ဖြစ်ပြီး ရဲတိုင်တာကစရဖနဲ့ မဆိုင်ပါ။ ဒါက လူမျိုးရဲ့ အကျင့်ကြောင့်ပါ။ သတိထားစရာတွေရှိလားဆိုတော့ ရှိပါတယ်။ ရှိခဲ့ပါတယ်။ စာရေးသူကိုယ်တိုင်လဲ DASSK နားက လူအချို့ကို သတိပေးခဲ့ပါတယ်။ အများစုကိုတိုးတိုးတိတ်တိတ်သာ သတိပေးခဲ့တာပါ။ အာဏာမသိမ်းခင် အသံကျယ်ကျယ်ပြောခဲ့ပေမယ့် မမှီခဲ့ပါ။ သူမနားမှာ ဘထိန်မရှိခဲ့ဘဲ အာဏာသိမ်းမှ ဘထိန်ဟာ တိုင်းပြည်အတွက် ပြန်ပေးဆပ်သွားတာပါ။ဘယ်သူတွေအဖမ်းခံရတယ် ဘယ်သူတွေ ဘာဖြစ်တယ် သမိုင်းကသာ အဆုံးအဖြတ်ပေးသွားမှာပါ။

ပဉ္မမက NUG နဲ့ ပြည်သူကို ရန်တိုက်ပေးတာပါ။ သူတို့က အရက်ဆိုင်သွားတယ် ဘာလုပ်တယ်ဆိုပြီးပုံကြီးချဲ့ပြောပြီး ၈၈ က ကျောင်းသားတွေကို ပါပီမဇတ်နဲ့ သွေးခွဲသွားခဲ့သလို သွေးခွဲဖို့ကြိုးစားနိုင်တာပါ။ ယခုအချိန်လုပ်ရတာ အနည်းငယ်ခက်တာက ဒေါက်တာဇော်ဝေစိုးနဲ့ Dr Sasa ကို ပုံဖျက် မရလို့ပါ။မအလက ကြိုးစားမှာပါ။ သူတို့မအလဂျပုသူခိုးက အသေခိုးပေမယ့် သူတို့က ဒီမိုတွေကို ပုံဖျက်ဖို့ကြိုးစားမှာပါ။

နောက်ဆုံးက တိုက်ပွဲဆိုတာ အတက်အကျရှိကြမှာပါ။ အချို့က ရှုံးချိန်မှာ ငြင်းခုံ ကွဲပြဲတာ ရှိနိုင်ပါတယ်။ လင်မယားလိုပေါ့။ အချို့ကလဲ အာဏာရမှ ကွဲပြဲတာပေါ့။ လောလောဆယ် ဒီမိုတွေသတိထားရမှာက ရန်သူက ဖြတ်လေးဖြတ်နဲ့ ပိတ်ဆို့တဲ့အခါ သတိထားပြီး မိမိအချင်းချင်း မကွဲသွားစေဖို့ပါ။မအလ လုပ်လို့လွယ်တာက မြေပြင်က အသင်းအဖွဲ့တွေမှာ မိမိလူကိုထည့် ပြီးရင် NUG ကို ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါဆိုပြီး သတင်းဌာနအချို့ကနေ ကန့်လန့်လုပ်ခိုင်းပြီး လူတွေ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ခိုင်းတာပါ။

လူဆိုတာဟာ အမှားရှိတတ်ပါတယ်။ ယခု NUG က လုပ်နေတာက စုပေါင်းခေါင်းဆောင်မှု collective leadership ပါ။ မိမိတို့ပြောစရာရှိရင် အချင်းချင်း လိုင်းပေါ်ကနေ တိုးတိုးတိတ်တိတ်ပြောကြပါ။ စည်းစည်းလုံးလုံးနေရင် ဖက်ဆစ်ရန်က အမြန်လွတ်မြောက်ပါမယ်လို့ ပြောပါရစေ။ မဟုတ်ဘဲ သူတလူ ငါတစ်မင်းဆိုရင်တော့ အဆင်မပြေဘဲ ဂျပုကျွန်ခံရမယ်လို့သာ မှတ်လိုက်ပါ။



94 views1 comment

Recent Posts

See All

ရာထူးတက်သူတွေပျော်လား?

ရာထူးတက်သူတွေပျော်လား? ယခင်က တပ်ထဲမှာ ရာထူးတက်ရင် လူတိုင်းပျော်ကြပါတယ်။ ယခုက ပြောင်းပြန်ဖြစ်လာနေပါတယ်။ အရန်အင်အားရောက်သူများက အချင်းချင်း Congratulations လုပ်ကြပြီး စစ်သံဖြစ်သွားသူက ထီပေါက်သလို ဖြစ်နေ

1 Comment


Myint Soe Oo
Myint Soe Oo
Jun 27, 2021

ဦးမြတ်!!ခုကာလ ဖေ့စ်ဘွတ်စာမျက်နှာများပေါ်မှာ ဆရာကြီး စတိုင်များနှင့် ဖော်ပြနေမှုက

ဖတ်ရသူ အာရုံကို နောက်ကျုစေပြီး အမြင်မကြည်လင် စည်းလုံးမှု ပြိုကွဲနိုင်ပါသည်။

**ကျော် မသွားနဲ့ ၊ ဝင်ကြည့်ဖြစ်အောင် ကြည့်ပြီး တော်လှန်လိုသောစိတ်ရှိလျှင် ဖြန့်ပါ။

**မီးတောက်နေသော မြို့ပြဓါတ်ပုံများတင်ပြီး

ဒီမို မှန်ရင် up တလုံးတော့ ရေးခဲ့။

**Speak out မလုပ်ရင် လူစဥ်မမှီသလို ေရးသားထားသော အရေးအသားများ။

~လူ တိုင်းမှာ အစွမ်းကိုယ်စီရှိကြပါသည်။မိမိတတ်နိုင်သည့်ဖက်က စွမ်းဆောင်သူများရှိကြပါသည်။

Up တို့ Speak out တို့ မရေးပဲ၊မိမိ နေထိုင်ရာ နယ်မြေဒေသတွင်ရှိသော CDM များအား

ထောက်ပံ့နေသူ ၊ ကလင်းရန်ကုန်ကို တတ်နိုင်စွမ်းသလောက် ပံ့ပိုးနေသူ ၊ စစ်ဘေးရှောင်များအား စိတ်ချယုံကြည်သူများထံမှတဆင့် အဝတ်အစား လှူဒါန်းနေသူတွေ ရှိကြပါသည်။

အလှုကို ဖေ့စ်ဘုတ်ပေါ် မကြွား ၊ လူလို နားလည်တတ်သူတွေလည်း ရှိပါသည်။

မြို့ကြီးတွေမှာ ဆန္ဒပြ အဖြိုခွဲ ခံရလို့ ထွက်ပြေးရချိန်မှာတက္ကဆီ ကားတံခါး အသင့်ဖွင့်ပေးသော ခရီးသည်၊ ပါသမျှ ငွေကြေးဖြင့် သွားလိုရာ ရောက်အောင်ပို့ ပေးသည့် ယာဥ်မောင်း၊ ပြေးနေသူကို ရေသန်းဗူးနဲ့ ငွေ ၅ထောင်ကျပ် ထောက်ပံသည့် လမ်းဘေး ကွမ်းယာသည်။ သည်လိုလူတွေ up တို့ speak out လုပ်တာတွေထက် ကောင်းကျိုးပြု စွမ်းရည် ပိုပါသည်။ မိုးရွာလို့ စတိုးဆိုင်ထဲ ဝင်ပြီး မိုးကာအင်္ကျီဝယ်ကာ ထွက်အလာ မိုးရေထဲ အကာအဆောင်းမပါ ပြေးလွှားနေသည့် GZတယောက်ကို ရက်ရက်ရောရော GZ ဝတ်ဆင်ဖို့ ပေးလှူသူပါရှိပါသည်။တော်ရုံ ယုံကြည်မှုဖြင့် အမြတ်တနိုးဝယ်ယူထားသည့်ပစ္စည်း စွန့်ရန်

ခဲယဥ်းပါသည်။

ဖေ့စ်ဘုတ်ပေါ်ကနေ ဆရက ပုံစံဖြင့် တဖက်သားကို တိုက်ခိုက်ရေးသားမှုသည် အဆိုပါ ပုဂ္ဂိုလ်များအတွက် (နှလုံးသွင်းအမြင် မမှန်ခဲ့လျှင်) ဒေါသပွါး၍…


Like
bottom of page