top of page
Search

စဉ်းစားသင့်သောဗျူဟာအချို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 1, 2022
  • 1 min read

ဒီအချိန်မှာ စာရေးသူတို့က မအလတပ်ထဲကလူကိုထွက်လာအောင် CDM လုပ်အောင် ဆွဲဆောင်ကြတာ ကောင်းပါတယ်။

ဒါပေမယ့် အခြားနည်းများကိုလဲ စဉ်းစားသင့်ပါတယ်။ ဖရဲသီးဟာ တပ်ထဲကမထွက်ဘဲ တပ်ထဲမှာ တပ်ပျက်အောင်တကယ်လုပ်နိုင်သူများပါ။ အန္တရာယ်တော့ များပါတယ်။ ဒါပေမယ့် တပ်ထဲမှာနေလာသူဟာ သူ့အာဘော်မိသွားတတ်ပါတယ်။

အခြားနည်းများကိုစဉ်းစားကြည့်ရအောင်။ ယခုအသစ်တပ်ထဲကိုဝင်ရင် စစ်တက္ကသလိုလ်အတွက်က နှစ်ပေါင်းများစွာကြာမှ ဗိုလ်ဖြစ်မှာပါ။ တော်လှန်ရေးက အချိန်မစောင့်နိုင်ပါ။

OTS ဗိုလ်သင်တန်းက အချိန်တိုလပိုင်းအတွင်း ဗိုလ်ဖြစ်နိုင်ပါတယ်။ အာဖဂန်မှာ အဆိုပါသင်တန်းတွေကို တာလီဘန်တွေကတက် ပြီးမှ စစ်တပ်ထဲမှာ သူတို့လက်နက်နဲ့ သူတို့ကို မုန့်ဟင်းခါးအကြီးကြီးတွေ ကျွေးတာပါ။ သာမန်ပြည်သူကလဲ တပ်သားအနေနဲ့ ဝင်လို့ရပါတယ်။ သူကလဲ လပိုင်းအတွင်းတပ်သားဖြစ်တာပါ။ မိမိလူက သူ့တပ်ထဲရောက်ရင် ရှေ့တန်းရောက်ရောက် အခွင့်ရတာနဲ့ ဆွဲစားလိုက်ရုံပါဘဲ။ သူက ယခုမှဝင်သွားလို့ တပ်ထဲမှာ သံယောဇင်မရှိလို့ လုပ်ရကိုင်ရ ပိုလွယ်မှာပါ။

နောက်တမျိုးက မအလရဲ့ ပြည်သူ့စစ်ထဲဝင်တာပါ။ ယခုအချိန်မှာ အပြင်ကလက်နက်ယူလာရတာ သွင်းရတာခက်ပါတယ်။ သူတို့အဖွဲ့ထဲဝင်နိုင်ရင် အတွင်းသတင်းရမှာဖြစ်သလို လိုအပ်ရင် အနီးကပ်ကျွေးလို့ရမှာပါ။ ဒါမျိုးကတန်ပြန်ထောက်လှမ်းရေးလို့ခေါ်ပါတယ်။ ဒါက သူ့ဗျူဟာနဲ့ သူ့ပြန်တိုက်တာပါ။ ပုံမှန်က တပ်ထဲဝင်ရင်နောက်ကြောင်းစစ်ပါတယ်။ ဒါပေမယ့် ယခုဟာက သာမန်ပြည်သူတွေက ပုန်ကန်နေလို့ NLD နဲ့ မဆက်သွယ်တဲ့ ဒီမိုတွေအများကြီးပါ။ နောက်ကြောင်းကင်းသူတွေ အများကြီးပါ။

အချို့ကိစ္စတွေမှာ ရန်သူနဲ့ ဆန့်ကျင်ဘက်မှာမနေဘဲ ရန်သူ့အတွင်းစည်းကနေ မုန့်ဟင်းခါးကျွေးတာက ပိုလွယ်ပြီးရန်သူအသေအပျောက်များနိုင်ပါတယ်။ ပုံမှန်မှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို အပြင်ကတိုက်ဖို့ရာက ၁၀၇ မမနဲ့ တည့်တည့်ထိအောင် ပစ်နိုင်မှရမှာပါ။ အထဲမှာ သူ့လူအနေနဲ့နေပြီး လုပ်ကိုင်နိုင်ရင် အမေရိကန်ရဲ့ ဒုံးပျံထက် ပိုထိရောက်ပါတယ်။ သူ့လူက လက်နက်တိုက်မှာ မီးရှို့လိုက်ရင် အဆင်ပြေသွားမှာပါ။ စဉ်းစားဖို့ ပြောပြတာပါ။တပ်မတော်က ပြည်သူတွေ တပ်ထဲဝင်ပြီး ဖြစ်သွားလို့ နောက်ဆုံးက ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

4 Comments


Maung Chit Khaing
Maung Chit Khaing
May 01, 2022

ပြည်သူတွေ တပ်ထဲဝင်ပြီး လုပ်ကိုင်နိုင်ရင် အမေရိကန်ရဲ့ ဒုံးပျံထက် ပိုထိရောက်ပါတယ်။

Like

Johnny JOE
Johnny JOE
May 01, 2022

Don’t you have any communication with NUG ??

Like
Johnny JOE
Johnny JOE
May 04, 2022
Replying to

လျှိုတယ်ပေါ့ဟလား ့့😜😜😜

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page