top of page
Search
  • Writer's pictureMyat Tun Oo

စစ်ရေးအရ သိသင့်သိ ပစ်မှတ်များ


ဖက်ဆစ်တပ်ဟာ စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာ တက်နေပါတယ်။ တပ်ပြေးပြဿနာဟာ နဂိုကထဲက ရှိနေပါတယ်။ ယခုကတော့ ပြဿနာက ပိုကြီးလာနေပါတယ်။ တပ်ပြင်ထွက်ခွင့်ကိုရွေးကောက်ပွဲထဲက ပိတ်ခဲ့တာပါ။ ဒါပေမယ့်လဲ တပ်အထက်ပိုင်းမှာက ယခင်မဆလအနွယ် သူခိုးသားသမီးများ အောင်သောင်းသားသမီးများနဲ့သာ ဖွဲ့စည်းထားလို့ ပြောင်းလဲလိုပုံမရှိပါ။ကံကောင်းတာက NUG နဲ့ ဒီမိုခေါင်းဆောင်တွေ ပြည်သူတွေက R2P နဲ့ တပ်ထဲက ပြောင်းလဲလာတာကို မမျှော်နေဘဲ သူတို့လုပ်စရာရှိတာကို လုပ်လာလို့ ခရီးရောက်လာတာပါ။ ဘာကွာလာလဲ?

ယခင်ကဆို ဖက်ဆစ်တပ်ဟာ မြို့ပေါ်မှာ ပြည်သူကိုမကြောက်ဘဲ မိုက်မိုက်ရိုင်းရိုင်း ဆက်ဆန်ခဲ့ပါတယ်။ ယခုဆို ရန်ကုန်မြို့ထဲ ကင်းလှည့်ထွက်တာတောင် ဘုရားစာရွတ်ပြီး ကျီးလန့်စာစား စဖြစ်လာနေပါပြီ။ ဒါယခင်က ဂွင်နေရာပါ။

ရန်သူတွေဟာ ဆိုင်ကယ်နဲ့သွားရင် ပြည်သူက ကားနဲ့ ဝင်တိုက်ပြီး သတ်လို့ရပါတယ်။ ဒီအားသာချက်ကို မမေ့ပါနဲ့။ သူတို့ဟာ အကြမ်းဖက်သမားတွေမိုလို့ တရားဝင်စစ်ရေးပစ်မှတ်ပါ။

နောက်ဖက်ဆစ်တပ်ရဲ့ အားသာချက်က လက်နက်ကြီးနဲ့ လေကြောင်းပါ။ ဒါက ဒီမိုတွေကို မြို့မသိမ်းနိုင်အောင် တားထားပါတယ်။ ဒါပေမယ့် အဆိုပါ အားသာချက်မှာလဲ အားနည်းချက်တွေရှိပါတယ်။ ဥပမာ လက်နက်ကြီးပါ။ လက်နက်ကြီးဟာ ရန်သူစုနေတဲ့နေရာ ရန်သူ့စခန်းကုန်းတွေကိုပစ်ရာမှာ အသုံးဝင်ပါတယ်။ ဒါပေမယ့် ဒီမောဆိုလို PDF က နေရာအနှံ့မှာဆိုရင် ထိရောက်မှုက မရှိပါ။ လက်နက်ကြီး ကျည်တစ်ခုဟာ အနည်းဆုံး ၈သိန်းကနေ ၂၄ သိန်း တန်ဖိုးရှိပါတယ်။

အခြား အားသာချက်က လေကြောင်းပါ။ မြန်မာပြည်မှာ ယခင်ကရေးခဲ့သလို လေယဉ်ဆီသိုလှောင်ကန် အကြီးကြီးမရှိပါ။ ကုန်းလမ်းအတွက်လဲ ဓာတ်ဆီ၊ ဒီဇယ်ဆီ သိုလှောင်ကန် အကြီးကြီးမရှိပါ။ ကွီးဖြိုးလက်ထက် ဆောက်ဖို့ ပြင်ခါစသာ ရှိပါသေးတယ်။ အားလုံးသိတဲ့အတိုင်းအများစုကို စင်ကာပူကနေ တင်သွင်းရပါတယ်။ စင်ကာပူက ဆီတင်သွင်းတာပိတ်ရင် မအလမခံနိုင်ပါ။ ဒါပေမယ့် စင်ကာပူက ပိုက်ဆံရရင် ဘာမဆိုလုပ်နိုင်ပါတယ်။ လူသတ်သမားကို သေနတ်ရောင်းသလိုပေါ့။

ဒါဆို ပြည်သူတွေက ဘာလုပ်ရမလဲ? အမေရိကန်ဟာ အီရတ်နဲ့ လစ်ဗျားမှာ ကဒါဖီနဲ့ ဟူစိန်တို့ရဲ့ဆီသိုလှောင်ကန်တွေ ဆီကုမ္ပဏီတွေရဲ့ သိုလှောင်ကန်တွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီးဖျက်ဆီးခဲ့ပါတယ်။ ရည်ရွယ်ချက်က ဆီမရှိရင် ဆန်ဒမ့်တပ်က လေယဉ်တွေ တင့်ကားတွေ မလှုပ်ရှားနိုင်အောင်ပါ။ သူ့ထောက်ပို့စနစ်လဲ ပျက်သွားမှာပါ။ ဒါဆို ပြည်သူတွေထိမလား။ ကုန်စျေးနှုန်းကြီးတာတွေဖြစ်နိုင်ပေမယ့် ယခုလဲ ကြီးနေတာပါ။ ဖက်ဆစ်မအလတက်နေရင်လဲ သူအသုံးမကျတာနဲ့ တိုင်းပြည်ကပျက်မှာပါဘဲ။ ယခု YBS တောင် လေးလအတွင်း မအလဖက်ဆစ်က ဖျက်ခဲ့ပါပြီ။ ဒါ့ကြောင့်ရေတိုမှာ အနာခံပြီး အမေရိကန်က အီရတ်ကိုလုပ်သလို ပြည်သူ့တပ်က ရန်သူနဲ့ သူ့ကုမ္ပဏီတွေရဲ့ ဆီသိုလှောင်ရာနေရာတွေကို ဒန်ပေါက်ကျွေးနိုင်ရင် အဆင်ပြေမှာပါ။ ဒါတွေဟာ စစ်ရေးဆိုင်ရာ ပစ်မှတ်လို့ အမေရိကန်နဲ့ နေတိုးက ပြောခဲ့လို့ အဆိုပါနေရာတွေကိုပစ်တာဟာ အကြမ်းဖက်တာ မဟုတ်ပါ။ ရန်သူဟာ ဆီမရှိရင် တပ်ရွှေ့လို့မရ လေယဉ်တက်မရဘူးဆိုတာ မမေ့ပါနဲ့။ ဘယ်အချိန် ဘာလုပ်မယ်ဆိုတာက ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။ ပြည်သူသာ အဓိကပါ။

669 views1 comment

1 Comment


Myint Soe Oo
Myint Soe Oo
Jun 03, 2021

ဦးမြတ်!! ခုမှ ဝင်၍ ရပါသည်။ စိတ်ဓါတ်ပိုင်း အကြောင်း မြင်သိသမျှပါ။

ရဲဖော် ရဲဖက် စိတ်ဓါတ်

ပျောက်ဆုံးနေကြောင်း ၊ ရုပ်ကြွင်းတွေ ပြန့်ကြဲနေမှုက သက်သေခံနေပါသည်။

ယနေ့ မခ မှာ ဖြစ်သွားသော ဖြစ်ရပ်မှာ အပစ်ခံရသည်နှင့် အတူရှိ ငယ်သားက ထွက်ပြေးသွားကြောင်း သိရပါသည်။ လက်ဝယ် လက်နက်ရှိငြား မခုခံပဲ ပြေးထွက် အလွတ်ရုန်းသွားသည်မှာ သူတို့အတွက်တော့ စိတ်ပျက်စရာပါ။

ယုံကြည်မှုတွေ ပျောက်ဆုံးမှု ဖြစ်ရပ်ပါ။

ပြည်မ တိုင်းတွေမှာသာ ထင်တိုင်းကြဲနေလို့ ရပါသည်။ စစ်ကိုင်း ကနီမှာတောင် ပြန်ဆုတ်ခွါနေကြောင်း သိရပါသည်။

အောက်ခြေအုတ်မြစ် မခိုင်လျှင် အပေါ်ထပ်အဆောက်အအုံ ပြိုလဲရသည်မှာ နိယမပါ။

ဟိုမှာက လို တို ရှင်းပဲ ရေးရပါသည်။

ဝင်၍ ရပြီဖြစ်၍ သည်မှာပဲ!@!@

Like
bottom of page