top of page
Search

စစ်ရေးလေးရှင်းပြမယ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 21, 2021
  • 1 min read

ယခုအချိန်မှာ အချို့ဘောမများ အချို့စိုးရိမ်သူဒီမိုများ ပြောလေ့ရှိတာက NUG ဝန်ကြီးက နိုင်တယ်လို့ပြောတယ် ရွာတွေကလဲ မီးပိုရှို့ခံနေရတယ် ဘာ့ကြောင့်လဲပေါ့။ BBC မြန်မာပိုင်းကလဲအချွန်နဲ့မပြီး ဘယ်ကမှန်းမသိတဲ့ ဘောမဒေါက်စိုင်းကိုမေးပြီး ချွန်ပါတယ်။ ဒါ့ကြောင့် ပြည်သူများသိနိုင်အောင် စစ်ရေးသဘော ရှင်းပြပေးပါ့မယ်။

အစိုးရတစ်ရပ်ဟာ အုပ်ချုပ်နိုင်တယ်ဆိုတာ သူ့တပ်ရှိပြီး ပြည်သူတွေက သူပြောတာလိုက်လုပ်နေတာပါ။ ဥပမာ မြောက်ကိုရီးယားဆိုပါစို့။ သူ့တိုင်းပြည်က ဆင်းရဲတယ်။ အာဏာရှင်စနစ်။ ဒါပေမယ့် ကင်ကိုကြောက်လို့ ပြည်သူတွေက ငြိမ်နေတယ်။ အပ်ကျတာကအစသိတယ်။ ကင်သေဆိုသေ ရှင်ဆိုရှင်ဘဲ။ မြန်မာပြည်ထဲမှာဆို ဝ နယ်ဟာ သူ့တပ်၊ အစိုးရ၊ ရဲ၊ တရားစီရင်ရေး အကုန်ထိန်းထားတယ်။ ဘာမှ ဝ နယ်ထဲမှာ ဗုံးခွဲတာမရှိဘူး။


နေပြည်တော်ကိုကြည့်။ မအလက အများစုကို ထိန်းထားနိုင်တယ်။ အစိုးရတိုင်းမှာ ဗုံးခွဲခံရတယ်ဆိုတာ တစ်နှစ်မှာ တစ်ခါ နှစ်ခါလောက်တော့ရှိတယ်။ ဒါပေမယ့် ဆယ်ကြိမ် ဆယ့်ငါးကြိမ် အမြဲမဟုတ်ဘူး။

နေပြည်တော်ရဲ့အပြင်ကိုကြည့်လိုက်။ ရန်ကုန်မှာ နေ့တိုင်း ဗုံးကွဲတယ်။ ဖက်ဆစ်အုပ်ချုပ်ရေးမှူးတွေ ဒလန်တွေ အသတ်ခံရတယ်။ ဒါပေမယ့် ဖက်ဆစ်တပ်က ဒီအတိုင်းစစ်ကားနဲ့ သွားလို့ရသေးတယ်။ သူ့တရားရုံးတော့ရှိသေးတယ်။ ကျောင်းဖွင့်လို့ရနိုင်သေးတယ်။ ဒါပေမယ့် သူနေ့တိုင်း ဗုံးခွဲခံ အသတ်ခံနေရတယ်။ သာမန်မြို့တော်နဲ့မတူဘူး။ စီးပွါးရေးလုပ်လို့မရဘူး။ NUG လဲအုပ်ချုပ်လို့မရဘူး။ မအလလဲ ဩဇာအပြည့်မရှိဘူး။ တရုတ်နဲ့ စင်ကာပူ ယခုအခြေအနေနဲ့ ရန်ကုန်မှာ စီးပွါးရေးလုပ်လို့မရဘူး။ ဒါကသေချာတယ်။ စာရေးသူကိုငြင်းချင်ရင် ခေါ်လာခဲ့။ ဘယ်ကုမ္ပဏီယခုအချိန်လာမလဲလို့။


ရခိုင်က မြောက်ဦးကိုကြည့်။ မအလတပ် တပ်စွဲထားတယ်။ တပ်ပြင်ကို မထွက်ရဲဘူး။ ထွက်ရင်စစ်ကြောင်းနဲ့သွားရတာ။ မအလအမိန့်ကို ဘယ်သူမှ မနားထောင်ဘူး။ မအလတရားရုံးတွေအလုပ်မလုပ်တော့ဘူး။ မအလရဲ့ အုပ်ချုပ်ရေး အလုပ်မလုပ်ဘူး။ ကျောင်းကို မအလဖွင့်ချင်တိုင်း ဖွင့်မရဘူး။

ဒီဥပမာနဲ့ စစ်ကိုင်း၊ မကွေးမြို့ အချို့ကိုကြည့်ပါ။ မအလတပ် အချို့နေရာတွေမှာ တပ်စွဲထားတယ်။ ဒါပေမယ့် ရဲကမသွားရဲတော့ဘူး။ ဖက်ဆစ်တပ်ကလဲ တပ်ထဲကနေ ရန်ကုန်မှာလို မထွက်ရဲတော့ဘူး။ စစ်ကြောင်းကြီးနဲ့ ထွက်ရတယ်။ သူ့အုပ်ချုပ်ရေးမှူးတွေ ဘာဩဇာမှမရှိဘူး။ ဧည့်စာရင်းစစ်ဖို့နေနေသာသာ သူတို့မသေအောင်နေနေရတယ်။ ကျောင်းမဖွင့်နိုင်ဘူး။ တရားရုံး မဖွင့်နိုင်ဘူး။ ဒါပေမယ့် NUG ရဲ့ အုပ်ချုပ်ရေးအဖွဲ့တော့ အပြည့်အဝမရှိသေးဘူး။

ချင်းပြည်နယ်ဘက်ကြည့်ရင် စစ်ကိုင်း၊ မကွေးက မြို့တွေထက်ပိုပြီး သူ့မှာက အစားထိုးအုပ်ချုပ်ရေးအဖွဲ့တွေရှိလာနေပြီး တရားစီရေးတောင် ရှိလာနေပြီး အချို့ဖက်ဆစ်တပ်စခန်းတွေပါ သိမ်းလာနေပါပြီ။

ဟာဒါဆိုရွာတွေကို ဘာလို့မီးရှို့ခံနေရလဲ? နယ်မြေစိုးမိုးနိုင်တာနဲ့ ရွာမီးရှို့နိုင်တာ မတူပါ။ ဥပမာရန်ကုန်မှာ ဗုံးတွေခွဲနိုင်လို့ NUG က နယ်မြေစိုးမိုးနိုင်တာမဟုတ်ပါ။ ထို့အတူပါဘဲ မအလဖက်ဆစ်က ရွာတွေမီးရှို့နိုင်တာက နယ်မြေစိုးမိုးနိုင်တာမဟုတ်ပါ။ သူကစစ်ကြောင်းနဲ့လာရင် ထိုအချိန်မှာမီးရှို့သွားလို့ရပါတယ်။

ဒါဆိုရင်အချို့က ပြည်သူတွေနာမယ် ဖက်ဆစ်တပ်ကို မတိုက်နဲ့ပြောသူတွေရှိပါတယ်။ မတိုက်ရင်လဲ ပြည်သူနာနေတာပါဘဲ။ ဒုတိယကမ္ဘာစစ်ဖြစ်တာ ပြည်သူ ၇၅ သန်းသေပါတယ်။ ပြည်သူနာတာပေါ့။ ဒါပေမယ့် နာဇီနဲ့ ဖက်ဆစ်ဟာ အဓမ္မဝါဒီဖြစ်တာကြောင့် လူအသေခံတိုက်ခဲ့ရတာပါ။ ဒါ့ကြောင့် ဥရောပဟာ ယခုအချိန်မှာ လွတ်လပ်နေတာပါ။ ထို့အတူပါဘဲ ဖက်ဆစ်မအလကိုလဲဆုံးရှုံးမှုတွေကြားက အနာဂတ်ကောင်းဖို့အတွက် ဆက်တိုက်ကြရမှာပါ။ နာဇီဂျာမနီဟာ D Day မတိုင်မှီ ပြင်သစ်နိုင်ငံနဲ့ ပိုလန်မှာ လူတွေကို ပိုသတ်တာ၊ ဂျူးတွေကိုပိုသတ်ပြတာ၊ ရွာတွေကို မီးရှို့တာ ပစ္စည်းသိမ်းတာတွေ ပိုလုပ်ခဲ့ပါတယ်။ အမိန့်မျိုးစုံထုတ်တာ ဧည့်စာရင်းစစ်သလိူမျိုး ဂျူးရှာတာလဲ လုပ်ခဲ့ပါတယ်။ ယခုမအလလုပ်နေတာတွေနဲ့ အတူတူပါဘဲ။ ဒါပေမယ့် သူအတိုက်ခံခဲ့ရတာပါဘဲ။

ယခု DASSK က NUG နဲ့ PDF ကို ထောက်ခံလို့ ပြည်သူတွေ NLD ထဲက အမေမကြိုက်မှာစိုးလို့ဆိုသူများလဲ NUG နဲ့ PDF ကို ဆထက်တပိုးတိုးလို့ ထောက်ပံ့နိုင်လိမ့်မယ်ထင်ပါတယ်။ စာရေးသူနဲ့အမြင်မတူဘဲ ကျေးရွာတွေကို မီးရှို့နိုင်တာဟာ မအလနိုင်တယ်လို့ ထင်သူများကို ပြောချင်တာကဖေဖော်ဝါရီ (၁) ရက်နေ့က PDF ပေါ်မယ်လို့ ထင်ခဲ့မိပါသလားလို့ မေးပါရစေ။ ယခုလို မိုင်တဲတာဝါကအစ အုပ်ကြီးအထိ ကိုင်နိုင်တာဟာ ပြည်သူညီလို့ပါ။ ပြည်သူညီရင် နေပြည်တော်ဟာ မဝေးတော့်ပါလို့ ပြောပါရစေ။ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Sep 22, 2021

ဦးမြတ်!!!ဖြစ်စဥ်နှစ်ရပ်နှင့်ထင်ဟပ်တင်ပြပါရစေ။

~မန်းမှာ ဗမက သား မှားပစ်ခံရ၊ သားမှန်းလည်း ချက်ခြင်းသိရော ငွေအစ အဖိုးတန်ပစ္စည်အဆုံး တတို တစ ပျောက်ဆုံးပျက်ဆီးခြင်း မရှိ။

~ယခင်ရက်ပိုင်း နိုက်ကလပ်က ပြန်လာသော(သတင်းအရ မူးနေသည့်) ဒဗမက၏ သမီး အပစ်ခံသေဆုံးရသည်။

သိတော့မှ ငွေ ဖုန်း အစ တန်ဘိုးရှိတာမှန်သမျှဗိုက်ပေါ်သို့ ပြန်တင်ပေးထားသော ဓါတ်ပုံသတင်းအရ သိ ရှိရပါသည်။

±±±အဖြေတစ်ခုတွေ့လိုက်ရပါသည်။ ~အာဏာယစ်မူးမှု၏ ဆိုးကျိုး။ ဘယ်ကောင့်ကိုမှ လူမထင်(ဒါပေမယ့် အဘများကိုတော့ လူ ထင်နိုင်ကြပါသေးသည်)

သမီးဖြစ်သူအနေဖြင့် ငါက ဘယ်သူ့သမီး၊ ဘယ်ကောင် ဂရုစိုက်ရမှာလဲ၊ သွားချင်တဲ့အချိန်သွားမယ် တားမြစ်ပိုင်ခွင့် မရှိ။နေချင်သလို ပျော်ချင်သလို ပျော်မယ်။(မူးယစ်ခြင်းစည်းစိမ်၊ လျော်၏ မလျော်၏ မစဥ်းစား)၊ လူကို လူလို မထင်။ အောက်ခြေ ကျွန် အဆင့်သာမြင်။

သမီးဖြစ်သူ၏ စိတ်ဓါတ်သည်ပင်(မည်သို့မည်ပုံ)ကူးစက်လာသည်မသိ၊ တောရိုင်းစိတ်ဝင်လာပါသည်။စည်းကျော် ဘောင်လွတ် အဖြစ်။ ကားရပ်ပြီး *ငါ ဘယ်သူ့သမီး*ဟု ကားပေါ်ကပင် ပြောခဲ့လျှင်!@

အာဏာဂုဏ်မောက်၍ မတူမတန် လူတန်းစား ခွဲခြား ဆက်ဆံခြင်း၏ ဆိုးကျိုးပြယုဂ်ကို သမီးဖြစ်သူက အသက်နှင့်ရင်း၍ အရာရှိကြီးများအသိုင်းအဝိုင်းကို အသိပေးခဲ့ပါသည်။တနည်းအားဖြင့်

အာဏာယစ်မူးမှု လောင်းရိပ် မိနေသော သစ်ပင် မိုးကြိုး ပစ်ခြင်းဖြစ်စဥ်ပါ။

±စစ်သားဖက်ကလည်း တား၍ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ညဆို (တာဝန်ကို အလွဲသုံးစားသော အာဏာယစ်မူးမှု)

ပစ်မှာပဲ။ လူသေလည်း ကိစ္စ မရှိ။ ကားနဲ့ဆိုရင် ပို အိုကေပြီ။ လူသတ် ပစ္စည်းယူ

(မုဒိမ်း မကျင့်တာသက်သာသွားပါသည်)

အကျင့်စရိုက်က ရခိုင် ကချင် ကရင် ပြည်နယ်တခွင် စားလာတာ အံ တို နေပါပြီ။ ဘယ်အဘကမှ ဆူလားပူလား မခံရ။

~မသိ ယောင်ဆောင်ပေးနေတာလား

~တိုက်တာ တော်တော် မတော်တော် တပ်နေပျော်ရင်ပြီးရော

Standard…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page