top of page
Search

စစ်ရာဇဝတ်မှုနှင့်ခြေဥ

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 12, 2020
  • 1 min read

စစ်ရာဇဝတ်မှုတွေဟာ နိုင်ငံတကာက ဒီမိုတပ်တွေမှာလဲ ကျူးလွန်တတ်ကြပါတယ်။ စစ်တပ်ဟာလူတွေနဲ့ ဖွဲ့စည်းထားလို့ လူတွေဟာ အမှားလုပ်တတ်ပါတယ်။

တချိန်ထဲမှာ အကြမ်းဖက်သမားတွေက အရပ်သားကို အကာအကွယ်ယူ တိုက်ခိုက်လာပြီး သူတို့ကိုပြန်ပစ်ရင် အပြစ်မဲ့ပြည်သူကိုထိတယ်လို့ အသံကျယ်ကျယ်နဲ့ အော်ပါတယ်။

ယခုလို ဖုန်းကနေ ဗီဒီယိုရိုက်လို့ရတဲ့ခေတ်မှာ အမှားလုပ်မိတာနဲ့ လိုင်းပေါ်ရောက်တာပါဘဲ။

နောက်ဆုံးက ဆီးရီးယားမှာဖြစ်ပြီး ရုရှားတပ်က ဗုံးကြဲမှ ငြိမ်သွားခဲ့တာပါ။ ဒါတောင်ဆီးရီးယားလေတပ်က ကြက်ခြေနီအသင်းကိုးကို ဗုံးကြဲတယ်ဆိုပြီး ဖြစ်ချိန်မှာ ရုရှားက အဲ့ဒီကားကိုကွယ်ပြီးအကြမ်းဖက်သမားက လိုက်လာတာကို ပြခဲ့လို့ သက်သာသွားတာပါ။ သူတို့က နည်းပညာရှိပါတယ်။

ဒါဆို မင်းကဘာပြောချင်တာလဲ? အဲ့ဒီလို လူ့အခွင့်အရေးချိုးဖောက်တာကို သိလာရင် ဒီမိုအစိုးစစ်စစ်တွေမှာက တပ်ဟာ အစိုးရအောက်မှာရှိပါတယ်။ အမေရိကန်ဟာ အီရတ်က အကျဉ်းထောင်မှာအကျဉ်းသားတွေကို နှိပ်စက်တဲ့ ဗီဒီယိုဖိုင်တက်လာချိန်မှာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ထိုအကျဉ်းထောင်များကို အုပ်ချုပ်တဲ့ ဗိုလ်မှူးချုပ် Brigadier General Janis Karpinski ကို ဗိုလ်မှူးကြီးအဆင့် ရာထူးချခဲ့သလို စုစုပေါင်း စစ်သား ၁၇ ယောက်ကို အရေးယူခဲ့ပါတယ်။

နောက် ဗိုလ်မှူးကြီး Colonel Thomas Pappas ကို တပ်က ထုတ်လိုက်ပါတယ်။ နောက်ဒုဗိုလ်မှူးကြီးတစ်ယောက်ကိုလဲ အမှုရှစ်မှုနဲ့ တရားစွဲပေမယ့် သူ့ကို မစစ်ခင်မှာ သူ့ရဲ့အခွင့်အရေးကို စစ်ဥပဒေရုံးအရာရှိက မဖတ်ပြခဲ့လို့ သူလဲအမှုက လွတ်သွားခဲ့ပါတယ်။ အခြားအဆင့် အရာခံဗိုလ်ကနေ အောက်ခြေအဆင့်ကတော့ ထောင် ၁၀ နှစ်အနည်းဆုံးကျသွားပါတယ်။

နောက်ဒီမိုနိုင်ငံ ယူကေကို အီရတ်မှာ စစ်ရာဇဝတ်မှုကျူးလွန်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲပေမယ့် တရားစွဲနိုင်တဲ့အထိ မလုပ်နိုင်ခဲ့ပါ။ အီရတ်လူမျိုးတွေဘက်က ရှေ့နေလိုက်ပေးတဲ့ ယူကေကရှေ့နေ Phil Shiner ကိုလဲ မဟုတ်မမှန်အမှုဆင်တယ်ဆိုပြီး ရှေ့နေလိုင်စင်သိမ်းခဲ့ပါတယ်။

မြန်မာပြည်မှာလဲ ယခုလို လူ့အခွင့်အရေး ချိုးဖောက်တာ၊ စစ်ရာဇဝတ်မှုကျူးလွန်တာကို ထိရောက်စွာအရေးယူရပါမယ်။ ဒါပေမယ့် တပ်ဟာ အစိုးရအောက်မှာမရှိလို့ ဘာလုပ်နိုင်တယ်ဆိုတာက အစိုးရအတွက် အကန့်အသတ်ရှိပါမယ်။ အစိုးရအနေနဲ့ ရခိုင်မှာ အကြမ်းဖက်နေတဲ့ အကြမ်းဖက်အဖွဲ့ကို တားမရသလို တပ်ကိုလဲပြောမရဖြစ်နေပါတယ်။ ၂၀၀၈ ခြေဥသာမရှိရင် ဒီလိုပြဿနာတွေ ခဏခဏတက်နေတဲ့ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတယ်ဆိုပြီး စွပ်စွဲခံရတဲ့တပ်ရဲ့ တပ်ချုပ်ကို ရာထူးချအနားပေးလိုက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်လိုက်ရင် ဒီပြဿနာရဲ့ တစ်ဝက်က ပြီးသွားပါတယ်။

ယခုဗီဒီယိုကလဲ DASSK မြင်ဖို့ မဖြစ်နိုင်ပါ။ သူ့အနားကလူတွေက ဝကခတွေအကြောင်းသာ သူမထံနေ့ညမဆိုင်း သတင်းပို့ပေမယ့် ဒါမျိုးကိုတင်ပြဖို့ ကြာတတ်ပါတယ်။ အချို့ကိစ္စတွေက ICJ မှာ လာထောက်ခံသူကို ကျေးဇူးတင်ဖို့ပြောတာထက် ICJ မရောက်အောင် လူကြီးထံသတင်းမှန်ပို့ပေးဖို့ လိုအပ်ပါတယ်။ အနီးကလူက တပ်ကိုမျက်နှာလိုက်ပြီး သတင်းထိမ်ချန်ရင် ငယ်တဲ့အမှုက ကြီးသွားနိုင်ပါတယ်။ သူမအနီးနားကလူတွေက တပ်ကိစ္စဖြစ်ဖြစ် ဝကခကိစ္စဖြစ်ဖြစ် ဘက်လိုက်မှုကင်းစွာတင်ပြရပါမယ်။

ဒီလိုကိစ္စမျိုးတွေက ဘယ်ဘာသာဝင် ဘယ်လူမျိုးကိုလုပ်လုပ် အရေးယူရမှာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က လုပ်လို့ရရင် အပြစ်လွတ်ရင် နောက်ပိုင်း စာရေးသူတို့ ဘာသာတူ လူမျိုးတူလဲ လုပ်မှာပါ။ ဒါကြောင့် ငါ့ကိုမထိလို့ အရေးမယူတာမျိုးမလုပ်ဘဲ အကျင့်ဆိုးကို ပျောက်အောင်အရေးယူပြီးဆုံးမရပါမယ်။

ရန်သူကိုတော့ တိုက်ရမှာပါ ရန်သူဟာ အကြမ်းဖက်ပါတယ်။ ဒါပေမယ့် ခွေးကကိုက်လို့ ခွေးကိုပြန်ကိုက်ရင် မိမိကလဲ ခွေးဖြစ်သွားပါမယ်။ ဒါကြောင့်အနောက်နိုင်ငံတွေက အကြမ်းဖက်သမားကိုတတ်နိုင်သလောက် တရားဥပဒေအရ အရေးယူတာပါ။

တပ်ဘာလုပ်လုပ် အစိုးရအောက်မရောက်ရင် အလကားပါဘဲ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page