top of page
Search

စစ်မှုထမ်းဟောင်းများသတိထားရန်

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 23, 2021
  • 1 min read

လက်ရှိတပ််မတော်ဟာ မအလအောက်မှာ ဖက်ဆစ်တပ်ဖြစ်သွားခဲ့ပါပြီ။ ပြည်သူတွေက လက်ရှိတာဝန်ထမ်းဆောင်သူတွေကို စစ်ခွေးလို့ခေါ်တာ ရင်နာစွာနဲ့ သင်တို့ကြားမှာပါ။ KIA သေရင် ပြည်သူများကဝမ်းနည်းကြောင်းတက်ရေးပြီး တပ်ကသေရင် စစ်ခွေးသေပြီ နည်းလိုက်တာဖြစ်နေပါပြီ။ ဒီလိုဖြစ်အောင်လဲ အာဏာရူး မအလဂျပုက လုပ်လိုက်တာပါ။ ယခုတိုက်ပွဲဟာ ဓမ္မနဲ့ အဓမ္မတိုက်ပွဲပါ။ မအလဘက်ကရပ်တည်ရင် သင်ဟာခွေးထက်မိုက်တဲ့သူ ဖြစ်သွားမှာပါ။ သင်တို့ထဲက အချို့ဟာ အသက်ပြည့်လို့ အချို့က ပင်စင်ယူလိုလို့ လာဘ်ပေးပြီး လုပ်ခဲ့ရတာပါ။

ယခုအချိန်မှာ တပ်ထဲက လက်ရှိတာဝန်ထမ်းဆောင်နေသူများတောင် ကျီးလန့်စာစား ဖြစ်နေပါပြီ။ ဘာ့ကြောင့်လဲဆိုတော့ မအလက ဒီမိုတွေကို ဖမ်းလို့ သူဖမ်းလိုသူမတွေ့ရင် မိန်းမဖမ်း သားသမီးဖမ်းနဲ့ လူမဆန်စွာလုပ်လာလို့ စစ်သားတွေရဲ့ မိဘတွေကိုပါ ရန်သူက တိုက်ခိုက်လာမလား သူတို့စစိုးရိမ်လာနေပါပြီ။ ယခုကျောင်းပြန်ဖွင့်ရင်လဲ တပ်ထဲက မိသားစုကလေးတွေ တက်တဲ့ကျောင်းတွေဟာ ရန်သူရဲ့ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။ ဒါကလဲ မအလအောက်က ဖက်ဆစ်တပ်က ကျောင်းသားတွေကိုပစ်ကလေးတွေကို သတ်လို့ ပြည်သူတွေကလဲ ဖက်ဆစ်တပ်ရဲ့ ရင်သွေးတွေကို ပြန်သတ်နိုင်လို့ မိမိတို့လုပ်ထားတာကို ပြန်တွေးပြီး အရိပ်လို ကြောက်နေကြတာပါ။ မအလရဲ့ စရဖကလဲ ကလေးတွေကိုသတ်ဖို့ရဲဝင်းဦးကိုယ်တိုင် စီစဉ်နေပါတယ်။ အချို့ မအလကို မကြိုက်သူများ ပြည်သူ့ဘက်တော်သား စစ်စစ်တွေကလဲ သတင်းပေးသူ လက်နက်ရောင်းသူများ ဖြစ်နေကြပါပြီ။

ဒီနေရာမှာ သင်တို့စစ်မှုထမ်းဟောင်းဘဝဟာ လက်ရှိတပ်ထဲကလို အမိန့်နာခံရတာဘာညာဆိုပြီးဆင်ခြေပေးလို့မရပါ။ သင်တို့အနေနဲ့ လက်နက်ကိုင်ပြီး ပြည်သူကို လက်နက်ပေးရင်ပေး မပေးဘဲနဲ့ မအလရဲ့ ပျူစောထီးမှာ ပါခဲ့ရင်တော့ သင်တို့အိမ် သင်တို့ရဲ့မိသားစုဟာ တရားဝင်ပစ်မှတ် ဖြစ်သွားမှာပါလို့ ပြောထားပါရစေ။ သင်တို့ကို တပ်ထဲမှာ နေစရာပေးထားတာမဟုတ်ပါ။ ဒါ့ကြောင့် သင်တို့ကိုပစ်မှတ်ထားဖို့က တပ်ထဲက စစ်သားတွေထက် ပိုလွယ်ပါတယ်။


စာရေးသူ အကြံပေးလိုတာက ဓမ္မဘက်မရပ်နိုင်ရင်တောင် မအလနောက် လိုက်မရောင်မပါနဲ့။ သေချင်ရင်တော့ အငြိမ်းစားယူ အေးဆေးမနေဘဲ ပျူစောထီးနဲ့ မအလဖက်ဆစ်တပ် ခိုင်းတာလုပ်ပါ။ မိမိရဲ့မိသားစုဝင်အသတ်ခံရမှ မငိုပါနဲ့။ သင့်မှာ အေးဆေးနေလို့ရပါလျက်နဲ့ ဖင်မယားပါနဲ့လို့ ကြိုပြောထားပါရစေ။ ယခုအချိန်မှာ တပ်ထဲကလူတွေတောင် နည်းမျိုးစုံနဲ့ ထွက်ပြေးဖို့ ကြိုးစားနေတာပါ။ ဒါကိုသင်က လက်နက်ကိုင်ပြီး မအလခိုင်းတာ လုပ်မယ်ဆိုရင်တော့ သင့်သက်တမ်းဟာ ကျွန်သက်တမ်းတိုပြီးအမြန်သေသွားရနိုင်ပါတယ်လို့ ရိုးသားစွာ သတိပေးလိုပါတယ်။ ယခင်ကလို မဘသဆန္ဒပြပြီး ပိုက်ဆံသိမ်းအိမ်ပြန်လို့ မရတော့ပါ။ ပြည်သူတွေက သင်တို့အနိုင်ကျင့်တာကို သီးခံမှာ မဟုတ်တော့ပါလို့ပြောထားပါရစေ။ အကျဉ်းချုပ်ကတော့ သင့်ကြောင့် သင့်မိသားစု အသတ်မခံရပါစေနဲ့။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page