top of page
Search

စစ်မှုထမ်းခိုင်းရင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 3, 2022
  • 1 min read

ယခုအချိန်မှာ မအလတပ်ထဲမှာ ဗိုလ်များပြီး တပ်သားနည်းနေတာ အားလုံးသိမှာပါ။ မဘသကလဲအစားချောင်လို့သာ အော်နေပေမယ့် သူသေမယ်ဆိုရင်တော့ စစ်ထဲမဝင်ပါ။ ဥပမာ မိုက်ကယ်ကျော်မြင့်လိုကောင်က စစ်ထွက်မိုလို့ ပြုတ်သော်လဲ တပ်သားအနေနဲ့ ဝင်နိုင်ပါတယ်။ သူက မဝင်ပါ။ သူသေမှာသူသိပါတယ်။ အရူးပါးပေါ့။

ဒါ့ကြောင့် မအလဟာ စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းရင်ကောင်းမလားဆိုပြီး စကားစလာပါတယ်။ သူ့ကိုအကြံပေးသူက နှစ်မျိုးပါ။ အချို့က လူငယ်လေးတွေက စိတ်ဓာတ်ပျက်နေတယ်(ဒါကဖွတ်အတွေး) ဒါကြောင့်တပ်ထဲသွင်းပြီး မြောက်ကိုရီးယားလို ဦးနှောက်ဆေးရမယ် ဘာညာဆိုပြီးမြှောက်ပေးသူကလဲ ရှိပါတယ်။ ဒါက ပုံပြင်မဟုတ်ပါ။ အချို့က ဒီလူတွေက စိတ်ချရပါ့မလားစစ်ပညာသင်ပေးလိုက်ပြီး လက်နက်တပ်ပေးလိုက်ရင် သူတို့က တပ်ထဲမှာ လူကြီးကိုပြန်ပစ်ရင် PDF က လာစရာမလိုဘဲ တပ်ထဲရောက်လာမှာပေါ့ဆိုပြီး ပြောသူများလဲရှိပါတယ်။ ဒါက အောက်ခြေအဆင့်တွေးခေါ်မှုပါ။ မအလထံ ဘယ်စကားပေါက်မလဲတော့ မသိပါ။ ပုံမှန်စဉ်းစားရင် မဲရှုံးတာ၊ ဆန္ဒပြလူအုပ်ကြီးတာ၊ အသံတိတ်သပိတ်ပါဝင်မှုတွေကြည့်ရင် မအလကို ထောက်ခံသူဟာ သူခိုးသာရှိတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့်လဲ မအလက ဒါတွေကို ပြောင်းပြန်ထင်နေတော့လဲ ပြောမရပါ။

ဖေဖော်ဝါရီ (၂) ရက်က ဒုချုပ်စိုးဝင်း ဘောလခဲက ခမရ ၃၃၇ မှာ တွေ့ဆုံပွဲကိုကြည့်ရင် တပ်သားအလုံအလောက်မရှိလို့ အောက်ခြေစစ်သားမိန်းမတွေကို ရဲမေဝတ်စုံဝတ်ခိုင်းပြီး သူနဲ့တွေ့ဆုံပွဲကို တက်ခိုင်းတာ အားလုံးတွေ့မှာပါ။ ဒါကအောက်မှာဖြစ်နေတဲ့ အခြေအနေပါ။

အကျဉ်းချုပ်ရရင် စစ်မှုမထမ်းမနေရလုပ်တဲ့နေ့ဟာ တော်လှန်ရေးအောင်မြင်ဖို့ အင်မတန်သေချာသွားမယ့်နေ့ပါ။ လူငယ်တွေအများစုကို သူတို့အလိုမပါဘဲ စစ်ထဲသွင်းရင် သူတို့ဟာ ရတဲ့လက်နက်နဲ့ ပြန်ပစ်မှာပါ။ လောလောဆယ်တောင် မအလအနေနဲ့ ဗိုလ်ရှုခံမှာ မုန့်ဟင်းခါးအကျွေးမခံရအောင် လုံခြုံရေးလုပ်နေရတာပါ။ အဓမ္မသာ စစ်မှုထမ်းခိုင်းရင် မအလနိဂုံးဟာ ပိုနီးသွားမှာပါ။ ဘယ်လမ်းရွေးရွေး မအလအတွက်တော့ မကောင်းပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Feb 04, 2022

ဦးမြတ်!!! စစ်မှုထမ်းခိုင်းရင်

တသွေး တသံ တမိန့်အရ တပြေးညီထမ်းရပြီ ဆိုခဲ့ပါက~

Like

Myint Soe Oo
Myint Soe Oo
Feb 04, 2022

အမှတ်စဉ် တစ် ၊ တပ်သားသစ် အောင်ပြည့်စုံ (ဘ - ဦးမင်းအောင်လှိုင် )

တပ်သားသစ် တပ်သားအစစ်ဖြစ်ခဲ့လျှင်တော့!!!!!? အလားတူ တပ်သား အသစ်အသစ်များ များများစားစား ရနိုင်ပါလိမ့်မည်ဟု ထင်မြင်မိပါသည်။

မင်္ဂလာတရားတော်နှင့်အညီလည်းဖြစ်ပါသည်။** မွေခံ ထိုက်စေ**။ မိဘရဲ့ အမွေအနှစ်ဆိုသည်မှာ သားသမီးစံရမြဲပါ။ ဒါမှ သားလိမ္မာ သမီးလိမ္မာဖြစ်ပါသည်။

အရပ်သားများကို စစ်မှုထမ်းခိုင်းရင်တော့??? လမ်းဘေးတလျောက် ပလတ်စတစ်နှင့် ပုလင်းဗူးကောက် လူငယ်လေးများကို ဦးစွာပထမ စည်းရုံးကြည့်ရန်လိုပါသည်။ စစ်သားကြီးလုပ်မလား?

ပုလင်း ပလတ်စတစ်ပဲ ကောက်မလား?

အဖြေတွေ့ရပါမည်။လမ်းဘေးမှာ ဝမ်းရေးဖြေရှင်းရပေမယ့် အခါသင့်လျှင် လက်သုံးချောင်း ထောင် တတ်သောအကျင့် လုပ်တတ်နေပါသည်။

{{{ မြေလတ်မြို့တမြို့ရဲ့ စစ်ဆေးရေးဂိတ်မှာ ၁၇ ၁၈ ပတ်လည် လူငယ်စစ်သားလေးတွေတွေ့နေရပါသည်။ တလောက သတင်းထွက်ခဲ့သော လူကယ်ပြန်လား?လူပြန်ကယ်လား?ဒေါ်သက်သက်ခိုင်၏ တပည့်များဖြစ်နိုင်ပါသည်။ ငှက်အော်စမ်း နှင့် ကမ္ဘာအေး ။ }}}

သူတို့မှအပ ပြည်တွင်းပြည်မရှိ ကျန်လူငယ်များကိုမဖြစ်မနေစစ်မှုထမ်းခိုင်းပါက

~KIA / KIO

~ KNU(တပ်မဟာ ၁ မှသည် ၅-၆-၇ထိ)

~KA (ကရင်နီ တပ်)

တို့ထံတွင် အမှုထမ်းမည့် တော်လှန်လိုသည့် အင်အားစုများအဖြစ်နှင့်သာ စစ်မှုထမ်းပါလိမ့်မည်ဟု တွေးမြင်မိပါသည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page