top of page
Search

စစ်မတိုက်ခင် သိသင့်သိ တပ်အချက်များ

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 22, 2021
  • 2 min read

မအလဖက်ဆစ်တပ်ဟာ ရန်သူကိုတိုက်ဖို့ စစ်ရေးလေ့ကျင့်ရာမှာ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူကို အားကိုးပြီး တိုက်ခိုက်ဖို့ လေ့ကျင့်လေ့ရှိပါတယ်။ သူ့ရဲ့ ဗျူဟာက ရန်သူကိုဖြတ်လေးဖြတ်လုပ်မယ်ပြည်သူတွေကို မညှာမတာ ပစ်မယ်။ သူ့လူမျိုးက အပစ်မခံနိုင်ရင် သူပုန်ကို ပြန်ဖိအားပေးမယ်ဆိုတဲ့နည်းလမ်းပါ။ ဒီနည်းနဲ့ AA ကို ထိုးစစ်ဆင်ရာမှာ ရခိုင်လူမျိုးတွေက AA ကို ဖိအားမပေးဘဲ ပြန်ခံချလို့မအလ မအောင်မြင်ခဲ့ပါ။ မအလအတွင်းအစီရင်ခံစာက DASSK အစိုးရခံနေလို့ AA ကို မနိုင်တာလို့သုံးသပ်ထားပါတယ်။ ယခုရေးလိုတာက မအလရဲ့ အားသာချက်ကို ဘယ်လို ပြန်ခုခံရမလဲဆိုတာကိုသိအောင်ပါ။



စာရေးသူတို့ ပြန်ချရာမှာ ပြောက်ကြားနည်းက လောလောဆယ် လက်နက်ကောင်းကောင်းမရခင်အကောင်းဆုံးနည်းပါ။ ပြောက်ကြားနည်းက ဘာလဲဆိုတော့ စစ်စခန်းတစ်ခုကို ဝင်တိုက် သူတို့ကားတန်းကို မိုင်းဆွဲတိုက် ကုန်စည်လမ်းကို ဖြတ်တိုက်တာမျိုးပေါ့။ ဒီနည်းက တိုက်အပြီးမှာ ပြည်သူထဲဝင်သွားရင် ပြန်တိုက်ရခက်ပါမယ်။


ဒါပေမယ့် တော်လှန်ရေးနိုင်ဖို့ကတော့ မြို့သိမ်းတိုက်ပွဲ ဆင်နွဲရမှာပါ။ အဆိုပါတိုက်ပွဲအတွက် အောက်ပါအချက်တွေကို သိသင့်ပါတယ်။ စာရေးသူ မင်းတပ်ဥပမာ ပြန်ပေးပါ့မယ်။ မင်းတပ်မှာ တပ်ရင်း၂၇၄ က မြို့အနောက်ဘက်မှာ တပ်စွဲထားပါတယ်။ သူ့အထိုင်တပ်ပါ။ နောက်မြင့်တဲ့ တောင်ကုန်းတွေပေါ်မှာ သူတို့က နေရာယူထားပါတယ်။ သူတို့က ပထမ တပ်ရင်းထဲက ရှိတဲ့အားနဲ့ မနိုင်နိုင်လို့ကုန်းလမ်းက ထောက်ပို့လုပ်ဖို့ ကြိုးစားပါတယ်။ မရချိန်မှာ ရဟတ်ယဉ်နဲ့ဆင်းပြီး စစ်ကူဖြည့် ပြီးမှတိုက်တာပါ။ ရဟတ်ယဉ်ဟာ အဝေးကြီးကနေ ထောက်ပို့လုပ်ရခက်ပါတယ်။ ဒါ့ကြောင့် ကျောက်ထုကိုလေယဉ်နဲ့ လူ လက်နက်ပို့ ပြီးမှ ရဟတ်ယဉ်နဲ့ ပို့တာပါ။ ဒီနေရာမှာ ကျောက်ထုနားက ပြည်သူတွေကလေယဉ်အတက်ဆင်း ရဟတ်ယဉ်တက်ဆင်းကို မြင်နေရပြီး ပစ်ချလို့ရတဲ့ နေရာမှာပါ။ သူတို့စာရေးသူကို ပုံတွေပို့ခဲ့ပါတယ်။ သူတို့မှာမရှိခဲ့တာက လေယဉ်ပစ်လက်နက်ပါ။ ရှိခဲ့ရင် ကျောက်ထုမှာတင် ပစ်ချလို့ရပါတယ်။ သူတို့မှာတင်မဟုတ်ဘဲ KIA KNU မှာလဲ ကြီးကြီးမားမား မရှိပါ။ ဒါ့ကြောင့် မအလကလူပါးဝနေတာပါ။


နောက်ပြီး မအလရဲ့ အားသာချက်က လက်နက်ကြီးပါ။ PDF တပ်က တိုက်မယ်ဆိုရင် မအလရဲ့လက်နက်ကြီးပစ်နိုင်တဲ့နေရာတွေကို ဘယ်လိုဝင်စီးမလဲ အမြဲစဉ်းစားထားရပါမယ်။ ဥပမာ

၈၁ mm အမြောက်က ၆၅၀၀ မီတာ ၄ မိုင်အထိ ပစ်နိုင်ပါတယ်။ ၁၆၀ mm အမြောက်က ၃.၂ မိုင်အထိပစ်နိုင်ပါတယ်။ ၁၂၀mm extended range က ၉၄၀၀ မီတာ (၅.၈ မိုင်) အထိ ထိထိရောက်ရောက် ပစ်နိုင်ပြီး အဝေးဆုံးက ၁၃၅၀၀ မီတာ(၈.၃ မိုင်) အထိ ပစ်နိုင်ပါတယ်။ ယခုနောက်ဆုံးက အဝေးပစ် ဟာဝေဇာအမြောက်ဖြစ်ပြီး M198 ဟာဝေဇာအမြောက်ဟာ ၁၄ မိုင်ကနေ ၂၅ မိုင်အထိ လှမ်းပစ်နိုင်ပါတယ်။အမေရိကန်က နောက်ဆုံးပေါ်က ၄၃ မိုင်အထိရောက်ပေမယ့် မအလမှာ မရှိပါ။

ဒါ့ကြောင့် ဥပမာ မင်းတပ်မြို့ကို သိမ်းမယ် တိုက်မယ်ဆိုရင် ရန်သူကို ၂၅ မိုင် ၃၅ မိုင် အထိ မလာနိုင်အောင် ဘယ်လိုထိန်းချုပ်မလဲ ရန်သူ့ထောက်ပို့ကို ဘယ်လိုဖြတ်မလဲ စစ်ကူတပ်ကို ဘယ်လိုဖြတ်တိုက်မလဲ စဉ်းစားထားရပါမယ်။

ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ ယခင်က ရန်သူမအလရဲ့ အားသာချက်က ပြည်မကနေ ရန်သူ့နယ်မြေအထိ လွတ်လပ်စွာသွားလာပြီး စစ်ကူပေးနေနိုင်တာပါ။ ဥပမာ ကချင်က အာလွမ်ဘွန်ကိုတိုက်ဖို့ မန္တလေးကနေ မြစ်ကြီးနားလောက်အထိက KIA ကို မကြောက်ဘဲ လွတ်လပ်စွာ သွားနေနိုင်သေးတာပါ။ ဖြစ်သင့်တာက ရန်သူ့တပ်တွေ ဥပမာ ပဲခူးတပ်ရင်းတွေထဲကထွက်လာ မကွေးတပ်ရင်းတွေထဲကထွက်လာစဉ်မှာတင် ပြည်မကတပ်တွေက ခြုံခိုတိုက်ရင် နယ်စပ်ဒေသတွေကိုရောက်ဖို့ ခက်သွားမှာပါ။ဒါတွေသိဖို့က တပ်တွင်းသတင်းလိုသလို PDF တွေအနေနဲ့ တပ်ရင်း ဌာနချုပ်တစ်ခုစီရဲ့ရှေ့မှာကင်းထောက်တွေ အသွင်မျိုးစုံနဲ့ စောင့်ပြီး သတင်းယူ လက်ဦးမှု ရယူရပါမယ်။ အမြောက်တွေအတွက်က အမြောက်တပ်စာရင်းနဲ့ အဆိုပါအမြောက်တပ်တွေရှေ့မှာ မိမိတပ်ဖွဲ့တွေ အချိန်တိုအတွင်း ဝင်တိုက်နိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်။ အမြောက်တပ်ဟာ အဝေးသာပစ်လို့ရပြီး အနီးကပ်ဝင်တိုက်တဲ့ရန်သူကို တိုက်ဖို့ရာမှာ အသုံးမဝင်ပါ။ EAO တွေအနေနဲ့လဲ PDF ကို လက်နက်ထောက်ပံ့တာဟာ မိမိကိုရန်သူမလာအောင် ကာကွယ်နည်းဆိုတာ သိသင့်ပါတယ်။

နောက် မအလဖက်ဆစ်တပ်ထဲမှာ SY400 ဒုံးပျံတွေက ၃၀၀ ကီလိုမီတာ ၁၈၆ မိုင်အထိ ပစ်နိုင်ပါတယ်။ဒီဒုံးပျံတွေက အများကြီးမရှိပါ။

M1991 က အများကြီးပစ်လို့ရပြီး ၄၀ ကီလိုမီတာ (၂၄ မိုင်) ကနေ ၆၀ ကီလိုမီတာ (၃၇ မိုင်) အထိ ပစ်နိုင်ပါတယ်။ နောက် BM 21 Grad အမြောက်စနစ်က ၂၀ ကီလိုမီတာ (၁၂ မိုင်) အထိ ပစ်နိုင်ပါတယ်။ ဒီဒုံးပျံတွေက ရွှေ့ပြောင်းနိုင်ပြီး သူတို့နေရာတွေကို ပြည်သူ့တပ်က ဝင်ရောက်စီးနှင်းနိုင်ရင် အကျိုးများပါမယ်။

တကယ်တမ်း အပြောလွယ်သလောက် အလုပ်ခက်တယ်ဆိုတာ သိပါတယ်။ ဒါတွေဟဋ ကောက်ရိုးမီးလို ထလုပ်လို့မရပါ။ ပထမကတော့ ထောက်လှမ်းရမှာဖြစ်ပြီး ဒေါသအလျောက် တိုက်တာမဟုတ်ဘဲကြိုတင်ပြင်ဆင်ပါ။ ဖက်ဆစ်တပ်က သူတို့ရန်ကုန်မြို့ပေါ်မှာပါ အပစ်ခံလာရလို့ သွေးပျက်နေပါပြီ။ပြည်သူတွေက စိတ်ဓာတ်သာပါတယ်။ အရေးတော်ပုံက အောင်နေပါပြီ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page