top of page
Search

စစ်မတိုက်ခင် ပြင်ထားရန်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 29, 2022
  • 1 min read

စာရေးသူတို့ စစ်မတိုက်ခင် သာမန်ပြည်သူတွေအနေနဲ့ ပြင်ထားသင့်တာလေးတွေရှိပါတယ်။ ဒါကဆရာဇော်ဝေစိုးလဲ ပြောလေ့ရှိပါတယ်။ အချို့က ပြောချိန်မှာ မနားထောင်ဖြစ်ဘဲ တစ်ခုခုဖြစ်ရင် NUG ဘယ်မှာလဲ ထအော်တတ်လို့ပါ။ အချို့က NUG အောက်ကမဟုတ်ဘဲ တိုက်အပြီးမှ NUG ကိုအကူအညီတောင်းတာလဲ ရှိတတ်ပါတယ်။

စစ်ဖြစ်တဲ့နေရာမှာ မအလတပ်က ဖြတ်လေးဖြတ်လုပ်မှာပါ။ ရွာတွေအစုလိုက်အပြုံလိုက်ထွက်ပြေးရတာ စားစရာမရှိတာ နေစရာမရှိတာတွေ ကြုံရပါမယ်။ နောက်ကျန်ခဲ့တဲ့အိမ်တွေကိုလဲ မအလတပ်ကမီးရှို့ရင် အကုန်မီးထဲ ပါသွားလို့ စားစရာမရှိ ဖြစ်တတ်ပါတယ်။ ဒါတွေကို ဆုံးရှုံးမှုနည်းအောင်ဘယ်လိုလုပ်မလဲ?

အချို့နယ်တွေက စပါးထွက်ပါတယ်။ စားစရာရှိပါတယ်။ တောင်တန်းဒေသကတော့ ပစ္စည်းရှားပါတယ်။ ဥပမာ စစ်ကိုင်းဆိုပါစို့။ တီဗီလိုမျိုးကတော့ စစ်ဘေးရှောင်ချိန်ဘာမှ လုပ်မရပါ။ ရွှေ၊ ငွေတွေက မိမိသယ်လို့ရပါတယ်။ ဒါပေမယ့် အချို့ပစ္စည်းက သယ်သွားလဲ မအလတပ်က ဖမ်းတာ လုတာဖြစ်နိုင်ပါသေးတယ်။ ရွှေလိုမျိုးပေါ့။ အိမ်ထဲမှာထားခဲ့ရင်လဲ မအလတပ်ရဲ့ မီးရှို့ခံရ၊ အလုခံရနိုင်ပါတယ်။ အကောင်းဆုံးက မိမိအိမ်မှာ မြေကျင်းတူးပြီး မြုပ်နှံထားတာမျိုး၊ မိမိလုပ်တဲ့ လယ်တောထဲကတစ်နေရာမှာ အမှတ်အသားနဲ့ မြုပ်နှံထားတာက မအလတပ်လက်က လွတ်နိုင်ပါတယ်။ နောက်အစားအသောက်မှာ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်လို၊ စည်သွတ်ဘူးလို၊ အသားခြောက်လိုဟာမျိုးတွေကိုမြေကြီးထဲမှာ မြုပ်ထားရင် မအလတပ်လက်က လွတ်နိုင်ပါတယ်။ မီးရှို့လဲ ကျန်ခဲ့ပါမယ်။ ဒါက လူတစ်ဦးချင်းစီအတွက်ပါ။

နောက်အဖွဲ့အစည်းတွေအနေနဲ့လဲ မိမိရိက္ခာတွေ၊ ငွေတွေ၊ အခြားအရေးကြီး ပစ္စည်းတွေကို မြေကြီးထဲစနစ်တကျ မြုပ်ထားပါ။ ဆီက တောထဲမှာအိုးနဲ့မြုပ်ရလွယ်ပေမယ့် ဆန်က လေမဝင်တဲ့အိပ်နဲ့ထည့်မြုပ်ရမှာပါ။ အညာသားတွေက ကျွမ်းကျင်ပါတယ်။ နောက်ခေါက်ဆွဲခြောက်တို့ ဆေးဝါးတွေလဲထို့အတူပါဘဲ။ မိမိတို့စခန်းနားနဲ့ မိမိတို့ အရေးကြုံလို့ ပြေးရရင် မိမိတို့သွားမယ့်နေရာနားတွေမှာ စစ်မစခင် ဝယ်စုပြီး သိမ်းထားရမှာပါ။ ဘာလို့လဲဆိုတော့ လာမယ့်နွေရာသီဟာ စာရေးသူတို့ကိုအဆုံးအဖြတ်ပေးမယ့် ရာသီဖြစ်လာနိုင်လို့ပါ။

ဥပမာ ပုလဲမှာ အပီစွဲမယ်ဆိုပါစို့။ ပုလဲအပြင်က ရွာတွေကလဲ တကယ်ဖြစ်ရင် ဖြတ်လေးဖြတ်ထဲပါလာနိုင်ပါတယ်။ ဒါကြောင့် အဆိုပါရွာကလူတွေက မိမိအိမ်အောက်မှာ ကျင်းတူးပြီး မြုပ်ထားရင် မီးရှို့ဖျက်ဆီးရင်လဲ ကျန်ခဲ့နိုင်ပါတယ်။ နောက်ရွာအပြင်က လယ်တောထဲမှာလဲ ကျင်းတူးပြီး မိမိတစ်ဦး/မိမိမိသားစုထဲကသာ သိတဲ့နေရာမှာ စားစရာတွေ အရေးကြီးတာတွေ မြုပ်နှံထားရင်လဲ ဖြတ်လေးဖြတ်ဒဏ်ကိုခံနိုင်ပြီး ပြည်သူတွေ အသက်ဆက်နိုင်မှာပါ။

မိမိတို့ မြုပ်နှံသိမ်းထားတာက နေရာအနှံ့ဆိုရင် မအလတပ်က လိုက်ရခက်မှာပါ။ PDF တွေကတော့မိမိတို့စခန်း ပစ္စည်းထားရာနေရာကို ပစ္စည်းများရင်တော့ မိုင်းလိုအရာမျိုးနဲ့ မြေခွေးတွေအလွယ်တကူဝင်လို့မရအောင် တားထားရမှာပါ။

စာရေးသူတို့ဟာ ရန်သူ့အားသာချက်ကို လေ့လာပြီး ဘယ်လိုခုခံမလဲ အမြဲစဉ်းစားနေရမှာပါ။ ရန်သူ့စခန်းကို မတိုက်ခင်မှာလဲ မိမိကိုဖြတ်ရင် လူသူ လက်နက်ရိက္ခာဘယ်လိုတောင့်ခံမလဲဆိုတာကိုလဲစဉ်းစားထားကြရပါမယ်။ ဒါတွေက သိနိုင်အောင် စဉ်းစားနိုင်အောင် ရေးပြတာပါ။ ကရင်၊ ကယားနဲ့ချင်းက နယ်စပ်တွေရှိလို့ စစ်ဘေးရှောင်ကူရတာ ပြည်မထက် လွယ်နိုင်ပါတယ်။ မြေပြန့်မှာ ဘယ်လိုကူမလဲ ဘယ်လိုထောက်ပို့လုပ်မလဲ ယခုထဲက ပြင်ဆင်တွေးထားကြပါ။ တိုက်ပွဲက လာမှာပါ။ အချိန်သာပါ။ ကြိုတင်ပြင်ဆင် အောင်ပွဲဝင်နိုင်ကြပါစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page