top of page
Search

စစ်ဖြစ်တာလွယ်လား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 20, 2021
  • 1 min read


ဒီဆောင်းပါးကိုရေးတာက Gen Lee များနဲ့ အချောင်သမားစိတ်ရှိသူများ စိတ်မခိုင်သူများအတွက်ပါ။


DASSK ဟာ တိုင်းပြည်ကို စစ်မဖြစ်စေလိုခဲ့ပါ။ ဒါ့ကြောင့် ငြိမ်းချမ်းတဲ့လမ်းကို ၁၉၈၈ ထဲက စွဲကိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဖက်ဆစ်အုပ်စုအမြင်က ဒီမိုကရေစီက ငါတို့ပေးမှ ရမယ်ဆိုပြီး ပြည်သူကို ကျွန်လိုမြင်လာခဲ့ပါတယ်။ ထိုအချိန်က ယခု Gen Lee များရော အချောင်သမားများပါ DASSK ရဲ့ မူဝါဒကိုတိုက်ခိုက်ပြီး သူမလမ်းစဉ်ကို မအောင်မြင်အောင် လုပ်ခဲ့ကြပါတယ်။


ကမ္ဘာ့အရေးကို လေ့လာကြည့်ရအောင်။ ယခုကမ္ဘာကြီးဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ ကမ္ဘာစစ်ထပ်မဖြစ်တော့ပါ။ ဒုတိယကမ္ဘာစစ်မတိုင်ခင်က စစ်မဖြစ်အောင် ထိုအချိန်က အင်္ဂလိပ်ဝန်ကြီးချုပ်က နာဇီဂျာမနီကို လိုက်လျောခဲ့ပါတယ်။ ဒါပေမယ့် ဖက်ဆစ်တို့ နာဇီတို့ဟာ ရလေလိုလေ ပိုတောင်းဆိုလေပါ။မအလဂျပုလိုပေါ့။ နောက်ဆုံးပြင်သစ်ကိုဝင်တိုက်လို့ အင်္ဂလိပ်က စစ်ကြေညာခဲ့ရပြီး ဒုတိယကမ္ဘာစစ်ဖြစ်သွားခဲ့တာပါ။ မြန်မာပြည်မှာလဲ DASSK လိုက်လျောတဲ့ကြားက အာဏာသိမ်းလို့ စစ်ဖြစ်တာပါ။ဒုတိယကမ္ဘာစစ်မှာ လူပေါင်း ၇၅ သန်းသေခဲ့ပါတယ်။ စစ်သား သန်း၂၀ နဲ့ အရပ်သား ၅၅ သန်းပါ။မြန်မာပြည်မှာတောင် လူနှစ်သိန်းခွဲသေခဲ့ပါတယ်။ လူတွေဒုက္ခရောက်ခဲ့ပါတယ်။ ဖက်ဆစ်ဂျပန်က လူတွေကိုဖမ်းတာ သတ်တာ နှိပ်စက်တာဟာ ယခုဖြစ်နေတဲ့ ပုံစံအတိုင်းပါ။ ဥရောပမှာလဲ နာဇီတွေက သူတို့သိမ်းတဲ့မြို့တွေမှာ လူသတ်တာ၊ နှိပ်စက်တာ၊ အဓမ္မလုပ်အားပေးခိုင်းတာ မျိုးစုံလုပ်ခဲ့ပါတယ်။အင်္ဂလိပ်ဆိုလဲ နေ့စဉ်ဂျာမနီရဲ့ ဗုံးကြဲတာကို ခံခဲ့ရပါတယ်။ ထိုအချိန်မှာ ဥရောပက ပြည်သူတွေ၊ မြန်မာပြည်သူတွေက ခံချခဲ့ကြပါတယ်။ စစ်ပွဲဟာ ၁၉၃၉ ကနေ ၁၉၄၅ အထိ ခြောက်နှစ်ကြာခဲ့ပါတယ်။ သူတို့ခံချခဲ့လို့ ယခုအချိန်မှာ အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှားနဲ့ တရုတ်တို့ဟာ လွတ်လပ်နေတာပါ။ သူတို့လဲ ငါတို့အသေများပြီဆိုပြီး လက်လျှော့လိုက်ရင် ယခုအချိန် မြောက်ကိုရီးယားဖြစ်သွားမှာပါ။

ထို့အတူဘဲ အမေရိကန်ဟာ ၁၇၇၆ လွတ်လပ်ရေးရအပြီးမှာ လူမဲတွေ မဲပေးခွင့်ရဖို့အတွက် ၁၈၆၁ကနေ ၁၈၆၅ အထိ ပြည်တွင်းစစ်ဖြစ်ခဲ့ပါတယ်။ ဒါကလဲ သမ္မတလင်ကွန်းရွေးကောက်ခံအပြီးမှာပါ။လူပေါင်း ခုနှစ်သိန်းခွဲသေခဲ့ပါတယ်။ သူတို့အခွင့်အရေးအတွက် အမေရိကန်တွေ တိုက်ခဲ့တာပါ။ ကုလက လာတိုက်ပေးတာမဟုတ်ပါ။ ဒါမဲပေးခွင့်အတွက်ပါ။ မြန်မာပြည်မှာလိုပါဘဲ။


အကျဉ်းချုပ်ပြောလိုတာက ဘယ်အရာမှ အချောင်မရပါ။ တန်ဖိုးကြီးတာလိုချင်ရင် ပေးဆပ်ရတာကကြီးမားပါတယ်။ ဒါ့ကြောင့် စာရေးသူက စစ်ကိုမုန်း၍တိုက်ခဲ့သည်ဆိုပြီး ဆောင်းပါးရေးခဲ့ပါတယ်။“https://www.myattunoo.com/post/ပ-ည-သ-တ-က-စစ-က-မ-န-တ-က-ခ-သည”

စစ်တိုက်ရာမှာ ဘယ်နေရာတွေ ပစ်မှတ်ထားသင့်လဲဆိုတာ စာရေးသူ ဖေဖော်ဝါရီ ၁၇ က ရေးထားတာလဲရှိပါတယ်။ “https://www.myattunoo.com/post/cdm-က-သ-ထ-ရ-က-သ-က-န-သ-ယ-ရ-လမ-က-င-ပ-တ-ဆ-မ” ယခုအချိန်မှာ Mytel တာဝါတိုင် စထိလာနေပါပြီ။

နောက်ပြီး ဘယ်အချိန်လောက် စတိုက်နိုင်မလဲဆိုတာကို စာရေးသူ မေလ အလယ်က ရေးထားတာပါ။“https://www.myattunoo.com/post/တ-လ-န-ရ-အတ-က-သင-ဘ-ပ-င-ထ-ရမလ” စက်တင်ဘာလအပြီးမှမ သဲကွဲလာပြီး နိုဝင်ဘာမှာမ လက်နက်ပိုထောက်ပံ့လာမှာပါ။ ထိုအချိန်က စက်တင်ဘာဆိုလို့စာရေးသူကို အားမရသူတွေရှိပါတယ်။ စစ်ဆိုတာ မုန့်ဝယိစားတာမဟုတ်ပါ။ ပြင်ဆင်ရပါသေးတယ်။အားမသန်လို့ မတိုက်လိုရင် မြောက်ကိုရီးယားလို ငတ်ပြတ်ပြီး သေသွားရမှာပါ။ မေးခွန်းက မိမိလွတ်လပ်ရေးအတွက် အသေခံတိုက်ပြီး မျိုးဆက်သစ်တွေကို လွတ်လပ်ရေးပေးမလား နာဇီ ဖက်ဆစ်လက်အောက် အညံ့ခံမလားဆိုတာပါ။ ဒါကိုလဲ ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။ ပြည်သူသာ အဓိကပါ။


Credit : World War II casualties data Wikipedia

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page