top of page
Search

စစ်တို့၏ မာယာ၊ ဇွဲနှင့် မေလ

Writer's picture: Myat Tun OoMyat Tun Oo

ယခုစစ်ဆင်ရေးတွေ စနေတာ အားလုံးသိမှာပါ။ ဘုရင့်နောင်၊ အနော်ရထာ နဲ့ အလောင်းဘုရားတို့ပါ။ မအလနဲ့ သူ့နောက်လိုက်အရူးတွေ အာဏာသိမ်းချိန်က ရည်ရွယ်ချက်က သူတို့တွေ အာဏာရမယ် လုပ်ချင်တာ လုပ်လို့ရမယ် နောက်ပိုက်ဆံရမယ်ပေါ့။ အချို့ဗိုလ်မှူးကြီးများနဲ့ သူတို့ရဲ့ သားသမီးများက ဒါကို ဂွင်လို့မြင်ကြပါတယ်။ သူတို့မှာ ခိုးဖို့ရည်ရွယ်ချက်တွေနဲ့ အာဏာသိမ်းတာကို ထောက်ခံခဲ့ကြတာပါ။

ဒီနေရာမှာ အချို့ဒီမိုများက အောင်ပွဲမြန်မြန် လိုချင်ကြပါတယ်။ စာရေးသူ နားလည်ပါတယ်။ဒါပေမယ့် မိမိဆန္ဒဟာ လက်တွေ့ကျရပါမယ်။ မိမိသားလေး ငါးနှစ်သားကို ၁၀ တန်းချက်ခြင်း အောင်ခိုင်းလို့မရပါ။ သူက ဘဝပေးထူးချွန်သူ ပါရမီရှင်ဆိုရင်တော့ တမျိုးပေါ့။ နောက်ကလေးမွေးတာလဲ ကိုးလလွယ်ပြီးမှ ဆယ်လဖွားပါ။ ထို့အတူဘဲ မအလတို့အဖွဲ့ဘက်မှာလဲမျှော်လင့်ချက်တွေရှိပါတယ်။ သူတို့က အာဏာသိမ်းပြီးတာနဲ့ အာဏာပြမယ် ခိုးမယ်ကြံခဲ့ပေမယ့် ယခုအချိန်အထိ သူတို့မထင်မှတ်တဲ့ ပြည်သူတွေရဲ့ ခံချတာနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်ရေးသဘောနဲ့ ဇွဲ

မအလဟာ တပ်တွေကို ရဟတ်ယဉ်နဲ့ပို့ ခေတ်မှီလက်နက်တွေကို တူမီးနဲ့ ယှဉ်ပစ်၊သံချပ်ကာကားတွေနဲ့တက်တိုက်၊ ဖြတ်လေးဖြတ်လုပ်ရင် နိုင်မယ်လို့ထင်ပါတယ်။ သူ့တပ်တွေ လမ်းမှာ ဖြတ်အတိုက်ခံရလို့ သေနေတာက ပုံပြင်မဟုတ်ပါ။ စစ်ဆေးရုံတွေမှာ ခြေပြတ်လက်ပြတ်တွေနဲ့ ပြည့်နေပါတယ်။ ဆေးရုံရောက်သူဟာ ထောင်ဂဏန်းရှိပါတယ်။ စာဖတ်သူများ သမိုင်းကို ပြန်လေ့လာပါ။ အမေရိကန်စစ်တပ်၊ ဆိုဗီယက်စစ်တပ်လောက် ကောင်းတဲ့တပ်၊ လက်နက်ပြည့်စုံတဲ့တပ် မရှိနိုင်ပါ။ ဆိုဗီယက်/ရုရှားဟာ အာဖဂန်ကို ဝင်သိမ်းတာ မကြာလိုက်ပါ။ ဒါပေမယ့် အသေအပျောက်များပြီး ဆုတ်သွားခဲ့ရပါတယ်။ အမေရိကန်လဲ အာဖဂန်မှာ ထို့အတူပါဘဲ။ အမေရိကန် အီရတ်ကိုဝင်သိမ်းတာ ဘာမှ မကြာလိုက်ပါ။ ဒါပေမယ့်နောက်ပိုင်းမှာ အီရတ်မြို့ပေါ်က အစိမ်းရောင်နယ်မြေ၊ မြန်မာအခေါ် အဖြူရောင်နယ်မြေကနေ အပြင်မထွက်ရဲလောက်အောင်အထိ ဖြစ်သွားခဲ့ရပါတယ်။ အချို့က ဗကပကို တိုက်ခဲ့တဲ့တပ်ဘာညာနဲ့ မြှောက်ပေးကြပါတယ်။ တရုတ်ဖြူကိုတိုက်တဲ့စစ်တပ်နဲ့ ဗကပကို တိုက်တဲ့စစ်တပ်နောက်မှာ ပြည်သူရှိခဲ့ပါတယ်။ ယခုမအလတပ်ရဲ့ အနောက်မှာ မအလသမီးတောင် မသေချာပါ။


ယခုစစ်ဆင်ရေးကနေ ဘာဖြစ်မလဲ?

သူက တပ်တွေကို စစ်ကိုင်းတိုင်းထဲ အပြည့်ထိုးပါလိမ့်မယ်။ PDF ရှိတဲ့နေရာလို့ထင်ရင်ရဟတ်ယဉ်နဲ့ ချပါလိမ့်မယ်။ မိမိတို့က ဆန်၊ဆီ၊ ဆား၊ ဆေးပစ္စည်းတွေကို မြေကြီးထဲ မြုပ်ထားရပါမယ်။ ဒါမှ သူဖျက်လဲ မီးရှို့လဲ ပါမသွားမှာပါ။ အဆိုပါ မိမိရိက္ခာထားတဲ့နေရာမှာမိုင်းထောင်ထားရပါမယ်။ ဒါက ပထမအဆင့်ပါ။ ဒုတိယအဆင့်အနေနဲ့ ရန်သူကို ထိပ်တိုက်ရင်မဆိုင်ဘဲ ပြောက်ကြားနည်းသာ တိုက်ဖို့ပါ။ ချောင်းပစ်တာ ဗုံးထောင်တာလောက်သာလုပ်ပါ။ မိမိက သွားရင်ဆိုင်ရင် သူက လက်နက်ကြီးနဲ့ပစ် ရဟတ်ယဉ်နဲ့ပစ်ရင်အသေအပျောက်များနိုင်ပါတယ်။

ဒီစစ်ဆင်ရေးတွေဟာ ရန်သူ့နယ်ထဲဝင်မွှေရုံနဲ့ မပြီးသွားပါ။ အဆိုပါနယ်မြေတွေမှာ မအလကစခန်းချတပ်စွဲထားရပါမယ်။ အဲ့ဒီအချိန်မှာမှ အမေရိကန်တပ်၊ ရုရှားတပ်တွေလဲအသေအပျောက်များတာပါ။ ဥပမာ ရွာတစ်ရွာမှာ တပ်စွဲထားတယ်ဆိုပါစို့။ အဆိုပါကင်းစခန်းတွေဟာ တိုက်ခိုက်ခံရတတ်ပါတယ်။ အတိုက်ခံရတဲ့နေရာကို သွားကယ်ရင် ကြားမှာ ထပ်ပြီးဖြတ်အတိုက်ခံရတတ်ပါတယ်။ အဆိုပါကင်းစခန်းတွေ တပ်စခန်းတွေကို ထောက်ပံ့ရပါတယ်။ အဆိုပါ ထောက်ပို့လမ်းကလဲ ဖြတ်အတိုက်ခံရနိုင်ပါတယ်။ ဒါ့ကြောင့် ရေတိုမှာ မအလတပ်က စိုးမိုးနိုင်သလိုရှိရင်တောင် ရေရှည်မှာ သူကအသေများလာမှာပါ။

ဇွဲနှင့်စိတ်ဓာတ်

မအလအဖွဲ့တွက်ထားတာက ရေရှည်မှာ PDF တွေ အားပျော့သွားမယ် ဒူးထောက်အညံ့ခံမယ်ပြည်သူက ပြန်ဖိအားပေးမယ်ပေါ့။ ထို့အတူပါဘဲ စာရေးသူတို့ ဒီမိုတွေဘက်ကလဲ ရေရှည်မှာမအလတပ်တွေဟာ စိတ်ဓာတ်ကျလာမယ် အသေအပျောက်များရင် သူ့မိသားစုက ဖိအားပြန်ပေးမယ်ဆိုတာပါ။ စစ်ရေးဟာ နိုင်ငံရေးနဲ့ ဆက်စပ်နေတာမိုလို့ မအလက DASSK မကောင်းကြောင်း ထွက်ပြောလိုက် ပြည်သူတွေကို စော်ကားလိုက် မအလတပ်က ပြည်သူတွေကို ညှင်းပန်းသတ်ဖြတ်တဲ့သတင်း တက်လာလိုက်ဆိုရင် ပြည်သူတွေက သူ့ကို ခံချချင်စိတ်တွေ တက်လာနေမှာပါ။ စိတ်ဓာတ်က ပိုပြင်းပြလာမှာပါ။ ပြည်သူတွေကို လှုံ့ဆော်နေတာကမအလ၊ ဇော်မဲလုံးနဲ့ညသူ့တပ်တွေကိုယ်တိုင်ပါ။ စစ်ကိုင်းမှာ အိမ်တွေ ရွာတွေကို ကြောက်အောင်မီးရှို့ပေမယ့် အမျိုးသမီးတွေ ကလေးတွေပါ မအလကို ခံချဖို့ လက်နက်ကိုင်သွားတာတွေ့နေရပါတယ်။ ဒီအချိန်မှာ မအလတပ်တွင်းမိသားစုကို အပြင်ထွက်မရအောင်အကြာကြီးလုပ်ထားနိုင်ရင် ထိခိုက်အောင် သေအောင် တိုက်ခိုက်လာနိုင်ရင် သူတို့သွေးပျက်လာမှာပါ။မေးခွန်းက ဒီမိုတွေနဲ့ မအလတပ်ဘယ်သူက ဇွဲပိုရှိမလဲ ဘယ်သူကစိတ်ဓာတ်မာမလဲ စမ်းသပ်မယ့်ပွဲပါ။

အချိန်

ယခုဟာက NUG က ယခုမှ ဝင်ငွေရှာပြီး လက်နက်ဝယ်ရ စုရတာပါ။ PDF တွေဟာ မိုင်းခွဲတာပိုကျွမ်းကျင်လာတာ မျက်မြင်ကိုယ်တွေ့ ရှိကြမှာပါ။ တိုက်ရည်ခိုက်ရည်ဟာလဲ အချိန်ကြာလာတာနဲ့ အမျှ ပိုတော်လာကြမှာပါ။ မေလအထိ မအလထိုးစစ်ကို တောင့်ခံထားနိုင်ရင် NUG က လက်နက်နဲ့ မအလက ခေါင်းမာလို့ အင်အားကြီးနိုင်ငံအချို့က တဆင့်ခံတွေကနေလက်နက်ထောက်ပံ့ဖို့ ဆုံးဖြတ်လာနိုင်ပြီး လက်နက်တွေရရှိလာပါမယ်။ ဒါဟာ မြေပြင်မှာတိုက်ပွဲအနေအထားကို ပြောင်းလဲသွားမှာပါ။

စာရေးသူတို့ဟာ ဆူဒန်မှာလို အာဏာသိမ်းအပြီး ဇဝေဇဝါနဲ့ သုံးနှစ်လောက် အချိန်မကုန်သွားပါ။ မအလက အာဏာရှင်ဆိုတာ ပွင့်ပွင့်လင်းလင်းပြထားလို့ အားလုံးက အစပိုင်းလက်နက်ကိုင်ကိစ္စ တွေဝေနေပေမယ့် နောက်ပိုင်းမှာ ခံချနေကြပါပြီ။ အားလုံးရေရှည်ကိုကြည့်ပါ။ စာရေးသူတို့ မနိုင်သေးခင် ကြာနိုင်ပေမယ့် နိုင်သွားရင် ရွှေရည်စိမ် ဒီမိုကရေစီ မဟုတ်ဘဲ ဒီမိုစစ်စစ်ကို ရမှာပါ။ အောက်ဆုံးအဆင့် စာရေးသူတို့ ဒီမိုတွေမှာ တပ်ရှိလာနေပါပြီ။နယ်မြေအပိုင် ရှိလာနေပါပြီ။


အချို့ကိစ္စတွေမှာ အချိန်က ပြောရခက်ပါတယ်။ မအလအောက်မှာဘဲ သူကိုင်တွယ်တာကိုပျော့တယ်ဆိုပြီး အားမရတဲ့ ခွေးသားတွေလဲရှိပါတယ်။ သူတို့ကလဲ မအလကို ရှင်းထုတ်နိုင်ပါသေးတယ်။ ဒီမိုမဟုတ်ဘူးနော်။ သူ့ကို အားမရသူ။ အဲ့ဒီကနေလဲ ပြဿနာဖြစ်လာနိုင်ပါသေးတယ်။

ပြည်သူက လုပ်စရာရှိတာကိုလုပ် တိုက်စရာရှိတာကို တိုက်ပါ။ ထိုင်နေလို့တော့ ဘာမှဖြစ်လာမှာမဟုတ်ပါ။

755 views1 comment

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

1 Comment


Myint Soe Oo
Myint Soe Oo
Oct 28, 2021

ဦးမြတ်!!!တင်ပြထားသော ဆောင်းပါးက

ပြည့်စုံလွန်း လှပါတယ်။ ဗဟုသုတလည်း များစွာရရှိပါသည်။

အဓိက အောင်မြင်မှု သော့ချက်သည်

ဇွဲ နှင့် အချိန် ဖြစ်ကြောင်းထင်ရှားပါသည်။

သိ မီ သမျှ အမြင်ကိုသာ တင်ပြအပ်ပါသည်။ PDF နှင့် GZ ဆိုသည်မှာ ခွဲခြား၍ မရစကောင်းပါ။ လွတ်မြောက်နယ်မြေ နှင့် စစ်ကိုင်းတိုင်း ကွဲပြားမှုတော့ရှိပါသည်။ လက်နက်အရာမှာ ကွဲပြားပါသည်။ လက်သည်း ဆိတ်၊ လက်ထိပ်လည်း နာ တတ်တာ သဘာဝပါ။

စစ်ကိုင်း PDF GZ အရေးသည် လွတ်မြောက်နယ်မြေရှိ PDF GZ တို့ အရေးဟု ခံယူလာပါက

ခရစ္စ ဘာဂနာ မှန်းသလို ဖြစ်လာနိုင်ပါသည်။

GZ generation Z တွင် နာမည်နှင့် လိုက်အောင် အောက်ဖေါ်ပြပါ အရည်အချင်း အပြည့်အဝ ရှိသည်ဟု ယုံကြည်မိပါသည်။

G Z means

Genius with Zealot !!!


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page