top of page
Search
  • Writer's pictureMyat Tun Oo

စစ်တိုက်ရာဝယ်


စာရေးသူတို့ စစ်တိုက်ရာမှာ မအလတပ်ဘက်က PDF တွေကို ထင်ထားချက်လေးတွေကို သိထားအောင် ရေးတင်လိုက်ပါတယ်။ ဆောင်ရန် ရှောင်ရန်ပေါ့။ မအလတပ်ဟာ ရှိသမျှစစ်စည်းကမ်းကိုချိုးဖောက်၊ လူသတ်၊ မုဒိမ်းကျင့်၊ ဓားမြတိုက်၊ ဘုန်းကြီးတွေဖမ်း၊ဘုန်းကြီးကျောင်းတွေ မီးရှို့၊ ဘုရားကုန်းတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေမှာ တပ်စွဲပြီး သူ့ကိုပစ်မရအောင် အကာအကွယ်ယူနေတာ အားလုံးသိမှာပါ။ ဒါဟာဘာ့ကြောင့်လဲဆိုတော့ PDF တွေက သူတို့ကို ဘုရားကုန်းမှာဆိုမပစ်ဘူး ကျောင်းဆိုရင်ရှောင်မယ်ဆိုတဲ့ အယူအဆအပေါ်အခြေခံပါတယ်။ ဥပမာလေးတွေနဲ့ ပြန်ကြားသိတာလေးတွေ ပြောပြပါ့မယ်။

ရန်ကုန်က မအလဘောမဆီဆိုင်ပိုင်ရှင်ရဲ့ ဓာတ်ဆီဆိုင်ကို PDF က ဆီထည့်ထဲ့နေရာသာဖျက်သွားခဲ့ပြီး လူတွေကို ရှောင်ခိုင်းခဲ့ပါတယ်။ မအလတပ်က ဒီကောင်တွေ ဆိုင်ကြီးကို ဘာမှမဖောက်ခွဲသွားဘူး ငါတို့မပြောဘူးလား ဒီကောင်တွေမလုပ်ပါဘူးဆိုပြီး ထလုပ်ပါတယ်။ဟိိုသူဌေးကလဲ မာန်တထောင်ထောင်နဲ့ပေါ့။

နောက်မြောင်မှာ ဆီသယ်ယဉ်ထဲက ဆီသာယူပြီး သင်္ဘောကို PDF က ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီနေရာမှာ မအလတပ်က သင်္ဘောမပါသွားတာ တော်သေးတယ် သူတို့ဖောက်ခွဲလိုက်ရင် ငါတို့သင်္ဘောအသစ်ဝယ်ရမှာ နောက်ဆို အစောင့်ထည့်လိုက်ဆိုပြီး လုပ်ပါတယ်။ နောက်သင်္ဘောသားတွေကိုမိခဲ့ရင် အရပ်သားတွေပါ ကျွန်တော်တို့က သာမန်ကုန်သည်တွေပါဆိုပြီးလဲ လိမ်ခိုင်းထားပါတယ်။

နောက် မအလတပ်တွေ ပိတ်မိတဲ့ကိစ္စ၊ အဝိုင်းခံရတဲ့ ကိစ္စတွေပါ။ သူတို့ဟာ ပိတ်မိနေရင် ရူးချင်ယောင်ဆောင် ထွက်ခွင့်တောင်းတာ အလံဖြူထောင် လက်နက်ချတာတွေ လုပ်မှာဖြစ်သလို တတ်နိုင်သမျှ အချိန်ဆွဲထားမှာပါ။ ဒါက စစ်ကူလာနိုင်အောင်ပါ။ မြေပြင်ကလာတဲ့စစ်ကူကို တားလို့ရနိုင်ပေမယ့် ဝေဟင်ကလာတဲ့စစ်ကူကို လက်ရှိမှာ ဘယ်အဖွဲ့မဆို UWSA ဝကလွဲ တားလို့ခက်နေမှာပါ။ ဒါ့ကြောင့် သူတို့ရဲ့ ဗျူဟာကုန်းကို ဝိုင်းတာလုပ်မလုပ်ဘဲ မြန်မြန်ဝုန်းပြီး မုန့်ဟင်းခါးကျွေးနိုင်မှ စစ်ရေးအရ အဆင်ပြေမှာပါ။ ဘာလို့လဲဆိုတော့ မြေပြင်မှာဝိုင်းထားရင် သတင်းက Facebook ပေါ်တက်လာလို့ အောက်ကသတင်းမပို့တောင် စစ်ရုံးချုပ်ကသိပါတယ်။ ဒါဆိုစစ်ကူကလာမှာပါ။

နောက်စစ်တိုက်လို့ ရဲကင်းစခန်းတွေကျရင် မိသားစုကိုထားပြီး ပြေးတာပါ။ သူတို့က PDF ကသူတို့လို မယုတ်မာဘူးဆိုတာသိလို့ပါ။ ဒီနေရာမှာ စစ်စခန်းတွေကျရင် ဘာလုပ်မလဲဆိုတဲ့ပေါ်လစီလဲ ထားရှိရပါမယ်။

စာရေးသူအမြင်ကတော့ ရှင်းပါတယ်။ တိုက်လို့ လက်နက်ချရင်တော့ စစ်စည်းကမ်းအရဖမ်းထားပါ။ ပြီးရင် မိမိလူနဲ့ လဲပါ။ လက်နက်သိမ်းပါ။ လက်နက်မသိမ်းဘဲ ပြန်လွှတ်ပေးရင်စကထဲက စစ်တိုက်မနေပါနဲ့။ ကျွေးလဲ ပုန်မှန်အင်းစိန်ထောင်ထဲကျွေးသလောက်သာကျွေးပါ။ ခွေးဆိုတာ ချီးကျွေးလဲ စားပါတယ်။

ဗျူဟာကုန်းတွေကို ဝိုင်းထားရုံလောက် မလုပ်ပါနဲ့။ ဟိုက လေယဉ်နဲ့လာပစ်ရင် သေကုန်ပါမယ်။ တိုက်ရင်တိုက် မတိုက်ရင် မိမိရှိတဲ့ လက်နက်ကြီးနဲ့ထုပြီး မုန့်ဟင်းခါးကျွေးပါ။ နောက်မအလရဲနဲ့ တပ်ထဲကို ဝင်တိုက်လို့ သူတို့မိသားစုတွေထားခဲ့ရင် သူတို့ဟာ ရာဇဝတ်သားတွေမိုလို့ ဖမ်းပါ။ သူတို့စခန်း လူနေအိမ်တွေကို စခန်းချမရအောင် အပြီးဖျက်ပစ်ပါ။ သူတို့မိသားစုကို မိမိလူနဲ့ ပြန်လဲပါ။ စစ်ကိုင်းမှာ အချို့ PDF တွေက စလုပ်နေလို့ ဝမ်းသာပါတယ်။ သူတို့မိသားစုကို မိမိစခန်းမှာ ဖမ်းထိန်းထားနိုင်ရင် လေကြောင်းရန်ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။

ဒီနေရာမှာ စစ်တိုက်တော့မယ်ဆိုရင် ပြတ်သားပါ။ ဖမ်းဆီးရမိတဲ့ ရဲ၊ စစ်သား မိန်းမတွေကိုမုဒိမ်းကျင့်တာမျိုးတွေ မလုပ်မိပါစေနဲ့။ မသတ်ပါနဲ့။ ဒါပေမယ့် ဖမ်းစရာရှိတာတော့ ဖမ်းပါ။ဘာလို့လဲဆိုတော့ ရန်သူဟာ ထိမှ နာပါတယ်။ သူတို့တွေရှိရင် ရန်သူ့လက်နက်ကြီးနဲ့လေကြောင်းရန်က ကာကွယ်ပြီးသားဖြစ်ပါတယ်။ သူတို့အချင်းချင်း ပစ်လို့သေရင်တော့မတတ်နိုင်ဘူးပေါ့။

အချို့ကိစ္စတွေမှာ စစ်ကိုစစ်နဲ့တူအောင်သာတိုက်ပါ။ တာလီဘန်ဟာ လူ့အခွင့်အရေးကိုဂရုစိုက်ပြီး BBC News၊ CNN News နဲ့ လူ့အခွင့်အရေးအဖွဲ့တွေ ပြောသမျှကို လိုက်နားထောင်နေရင် ကာဘူးမြို့ကို တက်သိမ်းနိုင်မှာမဟုတ်ပါ။ ဒီနေရာမှာ လူ့အခွင့်အရေးချိုးဖောက်ပါလို့လဲ စာရေးသူမပြောပါ။ မြတ်စွာဘုရားဟောတဲ့ အလယ်အလတ်လမ်းစဉ်ကိုသာလိုက်ရမှာပါ။ စစ်မှာ လက်ဦးမှုရအောင်သာ တိုက်ပါ။ အလစ်အငိုက်တိုက်ပါ။ ဒီလိုမဟုတ်ဘဲသတိပေးပြီး ရန်သူကိုသွားတိုက်ရင် မိမိခံရမှာပါ။ စစ်ကိုင်းကို ထောက်ပံ့နိုင်အောင် ဝိုင်းကြိုးစားပေးကြပါ။ လက်နက်ကြီးမပြောနဲ့ လက်နက်ငယ်တောင် အစုံမရှိသေးလို့ပါ။ ဒါပေမယ့် သူတို့လုပ်တဲ့ဗျူဟာက မှန်နေပါတယ်။ နောက်ဆိုရင် နှင်းခါးရွာလိုမျိုး သတင်းအတုပေးပြီး ရဟတ်ယဉ်လာအောင်လုပ်ပြီး လှပတဲ့ တိုက်ပွဲတစ်ခုကို PDF တွေက ဖော်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ PDF ခေါင်းဆောင်တွေ မြေပြင်မှာ ဘာအကြောင်းနဲ့မှ မစုဝေးပါနဲ့။အင်တာနက်ဖြတ်လဲ အခြားနည်းနဲ့သာ လိုင်းပေါ်ကနေ ဆက်သွယ်ကြပါ။

963 views1 comment

1 Comment


Myint Soe Oo
Myint Soe Oo
Dec 20, 2021

ဦးမြတ်!!!စစ် ဘာကြောင့် ဖြစ် ? သူတပါးပိုင်ပစ္စည်းကို မတရားသောနည်းဖြင့် လိုချင်သိမ်းပိုက်မှု(ဝိသမလောဘ)ကြောင့် ဖြစ်ရပါသည်။

တရားသော စစ် ဆိုတာဘာလဲ??????

မိမိတို့၏ အသက်အိုးအိမ်ပျက်ဆီးအောင်

ဖျက်ဆီးလာသူမှန်သမျှကို မိမိစည်းစိမ်အိုးအိမ် မပျက်ဆီးရလေအောင် စွမ်းသမျှဖြင့် ပြန်လည်ခုံခံတိုက်ဖျက်ခြင်း။

အရွယ်ရောက်စ လူငယ်တစ်ဦး၏ အမေးကို ပြီးခဲ့သော ရက်ပိုင်းအတွင်းက ဖြေဆိုခဲ့ရပါသည်။

ယခုအခါ ဂျီဇက်အပါဝင် သိတတ်စအရွယ်များသည် စူးစမ်းဆင်ခြင်မှုကို အလေးပေးသောကာလဖြစ်ပါသည်။

မနေ့ကပဲ ၂၀~၂၅ အရွယ်ကြား လူငယ်တစ်ဦး၏ မေးစကား။

ထီးတင်ပွဲကိစ္စ။ သွေးစိုရွဲနေသည့် လူသတ်လက်ဖြင့် ဘုရားစေတီ၏ အထွတ်အမြတ် ထီးတော်ကို ဆက်ကပ်လှူလျှင် (သက်တော်ထင်ရှား ဘုရား ရှိခဲ့လျှင်)ဘုရားကိုယ်တော်တိုင်လက်ခံပါမည်လား??? သိမီအမြင်ဖြင့် အဖြေပေးမိပါသည်။

ရဟန်းတစ်ပါးအနေဖြင့် မိမိကိုရည်ရွယ်၍ ဆက်ကပ်လာသော ဆွမ်း အာဟာရ(အသားဟင်း)သည် ရဟန်းကို ရည်ရွယ်၍သတ်ဖြတ်ပြီးမှ လှူကြောင်း သိ လျှင် ဘုဉ်းပေးသုံးဆောင်ခြင်း မပြုရဟု ပညတ်ထားကြောင်း။ ကြားသား မြင်သား သံသယရှိသော အသား မဘုဉ်းပေးအပ်ဟုသာ ပြန်လည်ဖြေကြားခဲ့ပါသည်။

ကံငါးပါး မလုံသူကို အတူပေါင်းသင်း ချီးမြောက်ခြင်းသည် အလိုတူ အလိုပါမို့ လူမိုက်ကို မပေါင်းအပ်ဟူသော အဆုံးအမနှင့် ဆန့်ကျင်မနေဘူးလား?

သည်မျှထိ ဝိဘဇ္ဇ အမြင်ဖြင့်ပင် ထိုးထွင်းမေးနိုင်စွမ်းကြပါသည်။

ကထိန်သင်္ကန်းကပ်စဉ်က သင်္ကန်းကို ရဟန်းတော်ထံကပ်လှူ၍ ဝတ္ထု ငွေကြေးကို ဒုက္ခရောက်နေသော စစ်ရှောင်ပြည်သူများကို ထောက်ပံ့ခြင်းသည် **သတ္တဝါများအပေါ် သနားကြင်နာ၍ ကယ်တင်တော်မူသော ဘုရားရှင်

အလိုဆန္ဒနှင့် ကိုက်ညီနိုင်ပါပေမည်**။

ဤသို့ မိရိုးဖလာမှ ကွဲထွက်လာသော အမြင်များ ဂျီဇက်တို့ထံ သက်ရောက်လာပါသည်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~


အမြင် ဆန်းစစ်၍ ဆန်းသစ်လာသော်လည်း

~ချင်းမှာ ဒလံကို မိသော်လည်း ရင်ခွင်ပိုက်ကလေးငယ်နှင့်မို့ လွှတ်းပေးခဲ့ပါသည်။

~မန်းမှာ ဆိုင်ကယ်နှင့် ငွေလုယူသူ လူဆိးနှစ်ဦးကို မှတ်သားလောက်အောင်သာ ဆုံးမ၍ ပြန်လွှတ်ပေးသော ပီဒီအက်ဖ်နှင့် ဂျီဇက်။

~ဂန့်ဂေါ ၊ မူးယစ်ဆေးများ…


Like
bottom of page