top of page
Search

စစ်တပ်က စီးပွါးရေးလုပ်ခြင်း၏ အကျိုး အပြစ်များ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 16, 2020
  • 1 min read

ဒီမိုကရေစီစစ်စစိနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ အင်္ဂလန်၊ ကနေဒါ၊ ပြင်သစ်၊ ဩဇီတို့မှာ စစ်တပ်တွေကစီးပွါးရေးလုပ်ငန်း မလုပ်ပါ။

မြန်မာ့အိမ်နီးနားချင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်တို့မှာတော့ လုပ်နေဆဲပါ။ တရုတ်တပ်လဲ လုပ်ခဲ့ပါတယ်။ အင်ဒိုနီးရှားလဲ လုပ်ခဲ့ပြီး ယခုတော့ မလုပ်သလောက်နီးပါးပါ။

အင်ဒိုနီးရှားဟာ ၁၉၉၉ မှာ တပ်က နိုင်ငံရေးနဲ့ စီးပွါးရေးကနေ ၂၀၀၉ မှာ အပြီးဆုတ်ခွါဖို့ရည်မှန်းချက်ထားခဲ့ပါတယ်။ ၂၀၀၄ မှာ နိုင်ငံရေးကနေ ရည်မှန်းတာထက်စောပြီး ဆုတ်ခွါနိုင်ခဲ့ပါတယ်။ ၂၀၀၉ မှာတော့ အင်ဒိုနီးရှားတပ်က သူ့အောက်မှာ ဘာစီးပွါးရေးမှ မရှိတော့ပါဘူးလို့ ကြေညာခဲ့ပါတယ်။ ဒါကို ငြင်းလိုသူတွေရှိပေမယ့် အများစုကတော့ မှန်တယ်လို့ ပြောပါတယ်။

စစ်တပ်တွေ စီးပွါးရေးလုပ်ရင် တပ်ကဝင်ငွေရှိနေလို့ အရပ်သားအစိုးရကို အာခံနိုင်ပြီး အရပ်သားအောက်မရှိတာ ဖြစ်တတ်ပါတယ်။ ဒုတိယအနေနဲ့က သူ့ဝင်ငွေရှိနေလို့ လွှတ်တော်ကမပေးလဲ သူ့ဝင်ငွေနဲ့ အာခံနေနိုင်ပါတယ်။ တတိယအချက်က သူတို့ဟာ စီးပွါးရေးလုပ်ရာမှာ အထူးအခွင့်အရေးရနေလို့အဲဒါကိုထိန်းသိမ်းဖို့ နိုင်ငံရေးမှာ ပါဖို့ကြိုးစားတတ်ကြပြီး ဒီမိုကရေစီနဲ့ ဝေးသွားတတ်ပါတယ်။

ဥပမာအနေနဲ့ ထိုင်းကိုကြည့်ပါ။ ထိုင်းမှာတပ်ကအရာရှိတွေ စီးပွါးရေးလုပ် ကြီးနိုင်ငယ်ညှင်းလုပ်လို့ပေါက်ကွဲရာကနေ အကြမ်းဖက်လူသတ်မှုအထိ ဖြစ်ခဲ့ပါတယ်။ အာဏာတွေ အကြိမ်ကြိမ်သိမ်းခဲ့တာဟာလဲ အဲ့ဒီအခွင့်အရေးကို လိုချင်လို့ပါ။ ယခုလို ပစ်ခတ်မှုဖြစ်အပြီးမှာတော့ ထိုင်းတပ်ချုပ်က ဒီစီးပွါးရေးလုပ်ငန်းတွေကို ဖျက်သိမ်းဖို့အထိ လုပ်လာခဲ့ရပါပြီ။ ဒါက အာဏာသိမ်းရုံမက ဘလိုင်းကြီး လူထသတ်တဲ့အထိ ဖြစ်လာလို့ပါ။

တရုတ်မှာလဲ သမ္မတဇီကျင်းပင့် တာဝန်ယူချိန်ကစလို့ တပ်ကို စီးပွါးရေးက ထွက်ခိုင်းခဲ့ပါတယ်။ ယခုအမေရိကန်က ပိတ်ဆို့ဖို့ကြိုးစားနေတဲ့ ဟွာဝေး(Huawei)ကုမ္ပဏီက ပုဂ္ဂလိကပိုင်ပါ။ ဒါပေမယ့် အဲဒီကုမ္ပဏီရဲ့ ပိုင်ရှင် Ren Zhengfei က တရုတ်စစ်တပ်မှာ အင်ဂျင်နီယာလုပ်ခဲ့ဖူးလို့ဆိုပြီး အမေရိကန်ကHuawei ဖုန်းတွေ၊ ဆက်သွယ်ရေးကိရိယာတွေကို ကန့်သတ်နေတာ အားလုံးသိမှာပါ။

စာရေးသူတို့ တိုင်းပြည်မှာတော့ တပ်ဟာစီးပွါးရေးလုပ်ရင် စစ်မှန်တဲ့ ဒီမိုကရေစီရဖို့ အများကြီး ကြာနေပါလိမ့်မယ်။ ဒါ့အပြင် တပ်နဲ့ပတ်သက်တဲ့ စီးပွါးရေးလုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့ရင် တပ်စီးပွါးရေးဟာ ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။

အကျဉ်းချုပ်ရရင်တော့ စစ်တပ်တွေက စီးပွါးရေးလုပ်တာဟာ ထိုင်းမှာလိုပြဿနာဖြစ်နိုင်ပြီးအာဏာသိမ်းမှုကို အားပေးနိုင်သလို တပ်ကမဟုတ်ဘဲ တပ်ထွက်လုပ်လို့ အောင်မြင်ခဲ့ရင်တောင်တရုတ်မှာလို ကြံဖန်ကျပ်တာ ခံရတတ်ပါတယ်။ ဒီမိုကရေစီလဲမရဖြစ်တတ်ပါတယ်။

တပ်ကစီးပွါးရေးလုပ်လို့ ကောင်းသွားတဲ့တိုင်းပြည် ဒီမိုကရေစီရသွားတဲ့တိုင်းပြည် မရှိသေးပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page