top of page
Search

စစ်တပ်က ကိုနေမျိုးဇင်ကို ဘာလို့အငြိုးထားတာလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 1, 2019
  • 1 min read

စစ်တပ်က ကိုနေမျိုးဇင်ကို ဘာလို့အငြိုးထားတာလဲ

တပ်မှာက အားလုံးသိတဲ့အတိုင်း တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်းပါ။ ဗိုလ်ခင်ညွန့်ဩဇာတက်ချိန်က သူ့သားနဲ့ အပေါင်းအပါတွေဟာ အင်တာနက်မူပိုင်လုပ်ခွင့်နဲ့ အခြားလုပ်ပိုင်ခွင့်တွေနဲ့ ကြီးပွါးခဲ့ပါတယ်။

သူ့ကိုဖယ်ရှားချိန်မှာ ဘရွှေမန်းပြောတဲ့ ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးဆိုတဲ့စကားက မှတ်သားစရာပါ။ ယခုဘရွှေမန်းသားစီဆိုင်ကို တပ်မြို့စည်ပင်ကိုသုံးပြီး မအလကလုပ်တာဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကဆို သူ့အတွက် မတွေးဝံ့စရာပါ။

ဒါပေမယ့် ခင်ညွန့်ရော၊ ဘရွှေမန်းရော အိမ်မှာ ရေကူးကန်မဆောက်နိုင်ခဲ့ပါ။ ယခုလက်ရှိတပ်ချုပ်အိမ်က ရေကူးကန်တွေနဲ့ ကြီးမားကျယ်ပြန့်သလို သူ့သားစီးပွါးရေးလုပ်ငန်းဟာလဲ စားသောက်ဆိုင်၊ဟိုတယ်၊ ဆေးရုံနဲ့အသက်အာမခံလုပ်ငန်းတွေ စုံလှတာတွေ့ရပါတယ်။ သူ့သမီးက ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ပါတယ်။ အားလုံးသိပြီးသားပါ။ ပြည်သူတွေရော တပ်ထဲကတပ်သားတွေသိလိုတာက ပိုက်ဆံဘယ်ကရလဲပေါ့။

တပ်ထဲမှာ မရေးဘဲထားတဲ့စည်းကမ်းက မိမိမှာပိုက်ဆံရှိလဲ မိမိအထက်ကလူထက် ပိုရှိကြောင်းမပြရတာပါ။ ယခုသူ့သားရဲ့ စီးပွါးရေးတွေကို သတင်းစာနဲ့ Facebook ပေါ်ကရေးလို့ တပ်တွင်းသိသူများလာပါတယ်။ ဘရွှေလဲသိမှာပါ။

ကိုနေမျိုးဇင်က တပ်သားတွေခံစားရတာကိုပြောချိန်မှာ တပ်ထဲကခံစားချက်နဲ့ တူနေတာတွေရှိပါတယ်။ ဒါကြောင့်တပ်ထဲကလူတွေ မပုန်ကန်ရဲအောင် စံပြအနေနဲ့ လုပ်ပြတာပါ။ ဒါပေမယ့် တပ်ထဲမှာလဲ ယခင် ၁၉၈၈ ကလို လက်နက်မပါဘဲ ပြည်သူနဲ့ ပူးပေါင်းတာမဟုတ်ဘဲ ပြည်သူတွေဆန္ဒပြရင်လက်နက်နဲ့ ပူးပေါင်းမယ့်တပ်သားတွေ အရာရှိတွေရှိလာပါမယ်။ သူက ဒါမျိုးကိုတားချင်လို့ လုပ်ပြတာပါ။ ယခုတရားရုံးတွေက စီရင်နေပုံက အဘခိုင်းသလို လုပ်နေတာပါ။ အမှုတွေ အမြန်ပြီးအောင်သာ အစစ်ခံလိုက်ပါကိုနေမျိုးဇင်။ အယူခံဝင်မနေပါနဲ့။ အချိန်တန်ရင် ပြန်လွှတ်လို့ရပါတယ်။

ဒါပေမယ့် တပ်ချုပ်သိသင့်တာက သူ့သားရဲ့ စီးပွါးရေးဟာ တပ်နဲ့နွယ်နေပြီး သူဆင်းပြီး မကြာခင်မှာနောက်လူက သူဘရွှေမန်းကိုလုပ်သလို လုပ်နိုင်တယ်ဆိုတာပါ။ မြန်မာ့တပ်မတော်ဟာ ပဒေသရစ် စနစ်ကနေ မတက်သေးတာဟာ ဝမ်းနည်းဖွယ်ရာပါ။ ကိုနေမျိုးဇင်လို ဗိုလ်ကြီးအယောက် ၅၀ လောက် ရန်ကုန်မှာ ဒီမိုဖက်ပြောင်းရင် ဒီမိုကရေစီရပါပြီ။ပြည်သုတွေအနေနဲ့လဲ ဒီလိုအမိန့်ချတဲ့ တရားသူကြီးတွေကို စာရင်းပြုစုထားသင့်ပါတယ်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page