top of page
Search

စစ်ဆင်ရေးသတင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 16, 2022
  • 1 min read

မအလကို အောက်ကဘောမစစ်ဆင်ရေးအထူးအဖွဲ့မှူးတွေက KIA နဲ့ KNU ကို ဆုံးမဖို့ဆိုပြီးအစီရင်ခံစာတင်ပါတယ်။ ရည်ရွယ်ချက်က KNU နဲ့ KIA ထိန်းချုပ်ရာနယ်မြေတွေကို တာဝေးပစ်အမြောက်တွေနဲ့ပစ်တာ၊ ဗုံးကြဲတာတွေလုပ်ဖို့ပါ။ ရည်ရွယ်ချက်က ယခုလိုလုပ်နိုင်ရင် NUG၊ PDF နဲ့ AA ကိုပါ ဖိအားပေးပြီးသားဖြစ်မယ်လို့ တွက်ထားပါတယ်။ မြေပြင်တပ်ထိုးတာတော့ မပါပါ။ထိုးစရာတပ်လဲမရှိပါ။

အဆိုပါဗျူဟာအရ မြေပြင်ကရောနေတဲ့တပ်ကို ပြန်ဆုတ်ခိုင်းထားတာပါ။ ဒါပေမယ့် အဆိုပါစီမံချက်မှာ ဟာကွက်တွေရှိနေပါတယ်။ ယခုတော်လှန်ရေး ဒီလောက်အထိ ဖြစ်လာတာဟာ မအလတွန်းပို့နေတာလဲ ပါပါတယ်။ မအလက သူပစ်လိုက်ရင် KNU နဲ့ KIA က သူ့ကို လာခယပြီး သူ့အစည်းအဝေးလာတက်မယ် ထင်နေပုံပါ။ ယခုဟာက မိုးရာသီစတော့မှာပါ။

စာရေးသူကတော့ မအလဟာ ဆုတ်စူး စားရူးပါ။ သွားပြီး မထိတထိသွားလုပ်ရင် KNU နဲ့ KIA ကယခုထက် NUG နဲ့ ပိုနီးသွားပြီး အင်တင်တင် AA ပါ နီးသွားမှာပါ။ AA နဲ့ကလဲ ဒီတော်လှန်ရေးနဲ့မဆိုင်ဘဲ သူ့ပြည်နယ်လွတ်မြောက်ရေးက မအလနဲ့ တပ်ဆိုင်ထားတာပါ။ မအလတပ်က လိုက်ကျပ်ရင်း AA နဲ့ ငြိမှာပါ။ မကျပ်ရင်လဲ AA က သူ့ကို ကျပ်မှာပါ။ မအလအနေနဲ့က တိုက်လဲရှုံး မတိုက်လဲရှုံးပါ။

ဒီနေရာမှာ အချို့က ကာလုံခေါ်တယ် ဘာညာဆိုပြီးပြောတာ ရေးတာတွေ့ပါတယ်။ မအလဟာ သူတိုက်ဖို့ ဘယ်ကာလုံမှမလိုပါ။ မြင့်ဆွေကို တိုက်မယ်ပြောရင် ရပါတယ်။ ၂၀၀၈ ခြေဥကို ဂရုမစိုက်လို့ ဥပဒေချိုးဖောက်ပြီး အာဏာသိမ်းထားတာပါ။ ဒါပေမယ့် အာဆီယံက လာမှာမိုလို့ တိုက်မရပါ။ ပြီးရင် မိုးရာသီရောက်ပါပြီ။ စာရေးသူက ဘာထင်လဲဆိုတော့ အောက်ကငပေါတွေကရာထူးတက်ချင်လို့ ဖားပြီးတင်တာက တင်တာပါ။ ဒါပေမယ့် မအလကလဲ ထကြောင်ပြီး တိုက်မိန့်ပေးရင်တော့ မပြောတတ်ပါ။ မလုပ်ရဲတာ ဘာမှမရှိလို့ သူ့သေတွင်းလဲ တူးရဲနိုင်ပါတယ်။ ဒီမိုတွေကတော့ လိုရမယ်ရ ဗုံးခိုကျင်းတူးထားပါ။ သူ့ရဲ့ ဘယ်နေရာတွေကို ဝိုင်းတိုက်မလဲ မိမိအချင်းချင်း ညှိထားပါ။

ပုံမှန်မှာတော့ ဘယ်လိုမှ လုပ်မရပါ။ မအလသေချင်ရင်တော့ အောက်ကမြှောက်ပေးတိုင်း လုပ်ပါလိမ့်မယ်။ အချို့ကိစ္စတွေက အာဏာပြန်မသိမ်းဘဲ ဖားပြီးတွန်းတဲ့ ဖရဲသီးတွေလဲ ရှိနိုင်ပါတယ်လို့ပြောပါရစေ။

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page