top of page
Search

စစ်ဆင်ရေးနဲ့တူသော ဆန္ဒပြပွဲများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 17, 2021
  • 1 min read

ဆန္ဒပြပွဲတွေကိုလေ့လာရာမှာ လာတဲ့ကားတွေဟာ တပ်ထဲကကားတွေနဲ့ ဆင်တူပြီး ဟိုလုံထိန်းတွေစီးတဲ့ကားနဲ့ ဆင်တူပါတယ်။ လာတာက အင်မတန်သေသပ်ပါတယ်။ စစ်ဆင်ရေးအသွင်ဆောင်ပါတယ်။ဒီနေရာမှာ ရဲတွေဟာ သတင်းရယူမှု ဘာမှမရှိဘဲ အားလုံးကို လွှတ်ပေးထားတာ တွေ့ရပါတယ်။

ဒီမိုတွေကို ဘယ်လိုနှိမ်နင်းလဲ? ဥပမာ ကျောင်းသားတွေက စစ်ဆန့်ကျင်ရေး ဆန္ဒပြရင် တပ်ထဲကတာဝန်ခံစရဖက ရဲကိုဖုန်းဆက်၊ ထွေအုပ်ကိုဖုန်းဆက်ပြီး ဖမ်းခိုင်းလေ့ရှိပါတယ်။ တုန့်ပြန်မှုက မြန်ပါတယ်။ ဒီနေရာမှာ လက်ရှိအစိုးရဘက်က တုန့်ပြန်တာ နှေးကွေးတာ တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းရယူနိုင်မှုနဲ့ အရေးယူမှုတွေမှာ ညှိနှိုင်းတဲ့သူက NLD ဘက်က နိုင်ငံရေးသမား မရှိလို့ပါ။ဥပမာ မြင်းခြံမှာ ဆန္ဒပြမယ်ဆိုတာကို သိဖို့လိုပါတယ်။ သူက ၃၀ နဲ့ တင်ပြီး ဝန်းရံသူက ပိုများနေရင်ကိုဗစ်ဥပဒေနဲ့ ဖမ်းရပါမယ်။ ဒီနေရာမှာ ဝန်းရံသူက အနားကနေ လာကြည့်တာဆိုရင်တော့ တမျိုးပါ။ဥပမာ ခွေးကိုက်တာကို ကြည့်လိုလို့ လာကြည့်တဲ့ ခွေးပွဲကြည့်သူတွေလဲ ရှိနိုင်ပါတယ်။ ဒါပေမယ့်တပ်ထောက်ခံပွဲလုပ်သူတွေဟာ သူတို့ရဲ့ ဝန်းရံသူတွေကိုလဲ သူတို့ကားနဲ့ ခေါ်တင်လာလို့ပါ။ သာဝကိုထောက်ခံသူက တပ်ထဲကလူတွေအားလုံးကို အရပ်ဝတ်နဲ့ ဆန္ဒပြခိုင်းရင်တောင် ငါးသိန်းမပြည့်ပါ။NLD ရဲ့ ရွှေဘိုတစ်မြို့လောက်နဲ့ ပြီးပါတယ်။ နောက်ယခုလေးတင် ပြည်သူသန်းချီပြီး NLD ကို မဲပေးထားတာပါ။ သာဝဟာ DASSK ကိုမပြောနဲ့ လိုင်းပေါ်က အကောင့်တုနဲ့တောင် ကွီးကိုမနိုင်ခဲ့သူပါ။

ယခုလို ဆန္ဒပြပွဲတွေ များလာချိန်မှာ NLD အနေနဲ့ ထွေအုပ်နဲ့ရဲကို တိုက်ရိုက်အမိန့်ပေးပြီး အဆိုပါဆန္ဒပြသူများကို သတ်မှတ်အရေအတွက်ထက်ပိုရင်ဖမ်းဖို့ အစီအစဉ်ချထားသင့်ပါတယ်။ အဓိကက ကိုဗစ်ဟာ မပြီးသေးဘဲ သူတို့တွေကနေ ကိုဗစ်ဖြန့်မှာကို ကြောက်ရလို့ပါ။ သူတို့ကိုထောက်ခံသူမရှိလို့တစ်နိုင်ငံလုံးလူစုတာတောင် ဘာမှမဖြစ်ပါ။ ဒါပေမယ့် တရားဥပဒေကို မထီမဲ့မြင်ပြုတာကိုတော့အရေးယူရမှာပါ။

ထရမ့်တောင် ယခု လွှတ်တော်မှာ စွပ်စွဲပြစ်တင်ခံနေရပါပြီ။ သာဝကိုလဲ ပြည်တွင်းမှာ သောင်းကျန်းနေရင် ပြည်ပနည်းနဲ့ ဖမ်းအောင်လုပ်ရမှာပါ။ တရားဥပဒေစိုးမိုးရင် မြန်မာပြည်တိုးတက်လာမှာပါ။

Photo credit: Original uploader

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 comentario


Myint Soe Oo
Myint Soe Oo
17 ene 2021

ဦးမြတ်!!! ပြောခဲ့သော စကားများအရ

~မီးစင် ကြည့်၊ က နေရသော

~မောင်စောလူး ရေ။

Me gusta
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page